• Follow Us on

Home ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ မဲဆြယ္ခြင့္ေပးလိုက္ပါက ဥပေဒႏွင့္မညီသ ကဲ့သို႔ လူအမ်ားရယ္စရာလည္းျဖစ္သြားမည္ဟု NDF ပါတီဥကၠ႒ သတိ ေပး

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ မဲဆြယ္ခြင့္ေပးလိုက္ပါက ဥပေဒႏွင့္မညီသ ကဲ့သို႔ လူအမ်ားရယ္စရာလည္းျဖစ္သြားမည္ဟု NDF ပါတီဥကၠ႒ သတိ ေပး

Share this post

ရန္ကုန္၊ ဇြန္ – ၂

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ မဲဆြယ္ခြင့္ ပါတီအားလုံးေပးလိုက္ပါက ဥပေဒႏွင့္မညီသကဲ့သို႔ လူအမ်ားရယ္စရာလည္းျဖစ္သြား မည္ဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက သတိေပးေျပာၾကားလိုက္သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ ေရြးေကာက္ပြဲတြင္ မဲဆြယ္အသုံးျပဳမည္ဟုသတင္းထြက္ေပၚေနမႈကို ဇူလိုင္၂ ရက္ people Media သတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ ဦးခင္ေမာင္ေဆြကေျပာၾကားခဲ့ျခင္းျဖစ္ သည္။

“ႏိုင္ငံေတာ္အထိမ္းအမွတ္မ်ား ဆင္ယင္က်င္းပခြင့္ ကန္႔သတ္ေရးဥပေဒအရ ၁၉၅၄ ခုႏွစ္က ထုတ္ထားပါတယ္။ ဖဆပလအစိုး ရက။ အဲဒီတုန္းကလည္းပဲ ဖဆပလႏွစ္ျခမ္းကြဲေတာ့ သန္႔ရွင္းနဲ႔ တည္ၿမဲက ဗိုလ္ခ်ဳပ္ပုံေတြယူသုံးတဲ့အခါၾကေတာ့ မသုံးရေအာင္ ဖဆပလအစိုးရက ထုတ္ျပန္ထားတဲ့ဥပေဒျဖစ္တယ္။ အဲဒါကို သမၼတဦးသိန္းစိန္လက္ထက္မွာ ျပစ္ဒဏ္ေတြထပ္တိုးထားတယ္။ ေထာင္ ၃ ႏွစ္တို႔ ေငြဒဏ္တစ္သိန္းတို႔ ဒီဥပေဒကိုပဲ ျပင္ဆင္တိုးခ်ဲ႕ထားတာရွိပါတယ္။ တည္ဆဲဥပေဒျဖစ္ေနတယ္။ အခုက ဗိုလ္ ခ်ဳပ္ပုံကို ေရြးေကာက္ပြဲမွာ အားလုံးသုံးစြဲခြင့္ေပးမယ္ဆိုရင္လည္း ဒါလူရယ္စရာႀကီးပဲေလ။ ဒါမလုပ္ရဘူး။ အားလုံးက ကိုယ့္ပါတီ ဆိုင္းဘုတ္နဲ႔ ကိုယ့္ပါတီအမည္နဲ႔ပဲ မဲဆြယ္တဲ့အလုပ္ကိုလုပ္ရမွာေလ”ဟု ၎ကေျပာသည္။

တပ္မေတာ္ခန္းမမ်ားတြင္ လက္ရွိဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံကို တပ္မေတာ္အႀကီးအကဲ ဓါတ္ပုံမ်ားေနရာတြင္ခ်ိတ္ဆြဲအသုံးျပဳ လ်က္ရွိသည္။ “ဗိုလ္ခ်ဳပ္ေအာင္ဆန္းက အမ်ိဳးသားေခါင္းေဆာင္ေလ။ ဒါကိုပါတီႀကီးတစ္ခုက ယူသုံးမွာေတာ့ အဆင္မေျပဘူး။ အခုက အမ်ိဳးသားေခါင္းေဆာင္ကို ပါတီတစ္ခုကသုံးမွာေတာ့မွားတာေပါ့။ ပါတီႀကီးက ဗိုလ္ခ်ဳပ္ပုံကိုယူသုံးလို႔ ေရြးေကာက္ပြဲ မွ်တတာ၊ မမွ်တာက ပုံနဲ႔မဆိုင္ေတာ့ဘူးေလ။ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕အလုပ္လုပ္တဲ့အေပၚမွာ မူတည္တာ။ ေကာ္မရွင္က တကယ္လုပ္ထုံးလုပ္နည္းနဲ႔ မွ်မွ်တတလုပ္သလား။ ေနာက္ၿပီး လူထုအမ်ားက မဲေပးႏိုင္ေအာင္ ကိုဗစ္ကာလမွာ စီစဥ္ႏိုင္သလား အဲဒီအေပၚမွာမူတည္တယ္။ တစ္ခုက တစ္ပါတီထဲကို ေကာ္မရွင္က အပိုင္စီးအသုံးျပဳခြင့္ေပးတယ္ဆိုတဲ့အေပၚမွာေတာ့ မမွ်တ ဘူး” ဟု ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးငိုင္ဆာ့ခ္ကသုံးသပ္ေျပာသည္။

#PeopleMedia #2020Election #NDF

(unicode)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲဆွယ်ခွင့်ပေးလိုက်ပါက ဥပဒေနှင့်မညီသ ကဲ့သို့ လူအများရယ်စရာလည်းဖြစ်သွားမည်ဟု NDF ပါတီဥက္ကဋ္ဌ သတိ ပေး
…………………………………………………

ရန်ကုန်၊ ဇွန် – ၂

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲဆွယ်ခွင့် ပါတီအားလုံးပေးလိုက်ပါက ဥပဒေနှင့်မညီသကဲ့သို့ လူအများရယ်စရာလည်းဖြစ်သွား မည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သတိပေးပြောကြားလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရွေးကောက်ပွဲတွင် မဲဆွယ်အသုံးပြုမည်ဟုသတင်းထွက်ပေါ်နေမှုကို ဇူလိုင်၂ ရက် people Media သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောကြားခဲ့ခြင်းဖြစ် သည်။

“နိုင်ငံတော်အထိမ်းအမှတ်များ ဆင်ယင်ကျင်းပခွင့် ကန့်သတ်ရေးဥပဒေအရ ၁၉၅၄ ခုနှစ်က ထုတ်ထားပါတယ်။ ဖဆပလအစိုး ရက။ အဲဒီတုန်းကလည်းပဲ ဖဆပလနှစ်ခြမ်းကွဲတော့ သန့်ရှင်းနဲ့ တည်မြဲက ဗိုလ်ချုပ်ပုံတွေယူသုံးတဲ့အခါကြတော့ မသုံးရအောင် ဖဆပလအစိုးရက ထုတ်ပြန်ထားတဲ့ဥပဒေဖြစ်တယ်။ အဲဒါကို သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြစ်ဒဏ်တွေထပ်တိုးထားတယ်။ ထောင် ၃ နှစ်တို့ ငွေဒဏ်တစ်သိန်းတို့ ဒီဥပဒေကိုပဲ ပြင်ဆင်တိုးချဲ့ထားတာရှိပါတယ်။ တည်ဆဲဥပဒေဖြစ်နေတယ်။ အခုက ဗိုလ် ချုပ်ပုံကို ရွေးကောက်ပွဲမှာ အားလုံးသုံးစွဲခွင့်ပေးမယ်ဆိုရင်လည်း ဒါလူရယ်စရာကြီးပဲလေ။ ဒါမလုပ်ရဘူး။ အားလုံးက ကိုယ့်ပါတီ ဆိုင်းဘုတ်နဲ့ ကိုယ့်ပါတီအမည်နဲ့ပဲ မဲဆွယ်တဲ့အလုပ်ကိုလုပ်ရမှာလေ”ဟု ၎င်းကပြောသည်။

တပ်မတော်ခန်းမများတွင် လက်ရှိဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို တပ်မတော်အကြီးအကဲ ဓါတ်ပုံများနေရာတွင်ချိတ်ဆွဲအသုံးပြု လျက်ရှိသည်။ “ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားခေါင်းဆောင်လေ။ ဒါကိုပါတီကြီးတစ်ခုက ယူသုံးမှာတော့ အဆင်မပြေဘူး။ အခုက အမျိုးသားခေါင်းဆောင်ကို ပါတီတစ်ခုကသုံးမှာတော့မှားတာပေါ့။ ပါတီကြီးက ဗိုလ်ချုပ်ပုံကိုယူသုံးလို့ ရွေးကောက်ပွဲ မျှတတာ၊ မမျှတာက ပုံနဲ့မဆိုင်တော့ဘူးလေ။ ရွေးကောက်ပွဲကော်မရှင်ရဲ့အလုပ်လုပ်တဲ့အပေါ်မှာ မူတည်တာ။ ကော်မရှင်က တကယ်လုပ်ထုံးလုပ်နည်းနဲ့ မျှမျှတတလုပ်သလား။ နောက်ပြီး လူထုအများက မဲပေးနိုင်အောင် ကိုဗစ်ကာလမှာ စီစဉ်နိုင်သလား အဲဒီအပေါ်မှာမူတည်တယ်။ တစ်ခုက တစ်ပါတီထဲကို ကော်မရှင်က အပိုင်စီးအသုံးပြုခွင့်ပေးတယ်ဆိုတဲ့အပေါ်မှာတော့ မမျှတ ဘူး” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ကသုံးသပ်ပြောသည်။

#PeopleMedia #2020Election #NDF


Share this post