• Follow Us on
Latest News

Home ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံအား သုံးစြဲမႈမရွိရန္ႏွင့္ မဲခြဲမႈအႏိုင္ရရွိေသာ္လည္း ေထာက္ခံမဲအနည္းစုရရွိသည့္ NLD ပါတီကို ဆက္ လက္အႏိုင္ေပးဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ ဦးခင္ေမာင္ေဆြေျပာ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံအား သုံးစြဲမႈမရွိရန္ႏွင့္ မဲခြဲမႈအႏိုင္ရရွိေသာ္လည္း ေထာက္ခံမဲအနည္းစုရရွိသည့္ NLD ပါတီကို ဆက္ လက္အႏိုင္ေပးဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ ဦးခင္ေမာင္ေဆြေျပာ

Share this post

ရန္ကုန္၊ ဇြန္၊ ၂၅

ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား က်င့္၀တ္ (COC) ေရးဆြဲရာ၌ ႏိုင္ငံေတာ္ အထိမ္းအမွတ္အက္ဥပေဒအရ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံအား သုံးစြဲမႈမရွိေစေရးႏွင့္ ႏိုင္ငံေတာ္အရင္းအျမစ္မ်ားကို ထုတ္ယူသုံးစြဲ၍ မဲဆြယ္မႈမျပဳလုပ္ရန္အတြက္ မဲခြဲမႈျပဳလုပ္ရာတြင္ ေထာက္ခံမႈအမ်ားစု ရွိခဲ့ေသာ္လည္း မဲအနည္းစုသာရွိခဲ့သည့္ NLD ကိုသာ ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္ စားလွယ္ေလာင္းက်င့္၀တ္ေရးဆြဲေရး (COC)အဖြဲ႔ မွ အႏိုင္ေပးခဲ့ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ ျဖစ္သူ ဦးခင္ေမာင္ေဆြက ေျပာသည္။

ႏိုင္ငံေတာ္ အထိမ္းအမွတ္ဥပေဒျပ႒ာန္းခ်က္အရ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံအား သုံးစြဲမႈမရွိေစေရးႏွင့္ ႏိုင္ငံေတာ္အရင္းအျမစ္မ်ား ကို ထုတ္ယူသုံးစြဲ၍ မဲဆြယ္မႈမျပဳလုပ္ရန္အတြက္ မဲခြဲမႈျပဳလုပ္ရာတြင္ ဆက္လက္သုံးစြဲရန္လက္ခံသည့္ ၂ မဲႏွင့္ ၾကားေန ၄ မဲ ႏွင့္ ဆက္လက္သုံးစြဲရန္ လက္မခံသည့္ မဲ ၁၂ မဲ အထိ ရွိခဲ့ေၾကာင္း ၎ကဆိုသည္။

“ NLD ဘက္ကို COC ေရးဆြဲေရးဖက္က ဘက္လိုက္တယ္လို႔ အန္ကယ္တို႔ကေတာ့ သတ္မွတ္တယ္။ ဒါျဖစ္ရင္ ဘာလို႔မဲခြဲေန တာလဲ၊ ဒီမိုကေရစီအရ မဲခြဲၿပီးေတာ့မွ သေဘာတူတယ္မတူတယ္ဆိုတာကို ေကာ္မရွင္ကို ပို႔ရမယ့္အစား မပို႔ဘူး။ ဒါကို ေကာ္ မရွင္ကလည္း လက္ခံတယ္ သူတို႔လည္းပါတဲ့အခါက်ေတာ့ ဒါဟာ ေရြးေကာက္ပြဲမတိုင္မီထဲက NLD ဘက္ကို လိုက္ေနတယ္ ဆိုတာ ေပၚလြင္သြားၿပီ” ဟု ဦးခင္ေမာင္ေဆြက ေျပာသည္။

ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္း က်င့္၀တ္ေရးဆြဲေရးအဖြဲ႔ (COC) မွ အဆိုပါကဲ့သို႔ ဆုံးျဖတ္ခဲ့ျခင္းေၾကာင့္ လာမည့္ ရက္ပိုင္းအတြင္းက်င္းပမည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္း က်င့္၀တ္ လက္မွတ္ေရးထိုးပြဲအား ကန္ကြက္သည့္ အေနျဖင့္ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီအေနျဖင့္ တက္ေရာက္သြားမည့္မဟုတ္ေၾကာင္း ၎က ဆိုသည္။

“ COC ဆုံးျဖတ္ခ်က္ေတြကို လက္မွတ္ထိုးဖို႔ ပါတီေတြကိုဖိတ္တဲ့ပြဲမွာ အန္ကယ္တို႔အေနနဲ႔ မတက္ဘူး၊ ဒီလိုသာ COC အေနနဲ႔ NLD ဘက္ကို လိုက္ေနတဲ့ပုံစံမ်ိဳးျဖစ္ေနရင္ေတာ့ COC အဖြဲ႕ဟာ ဂုဏ္သိကၡာရွိတဲ့ COC မျဖစ္ႏိုင္ေတာ့ဘူး”ဟု ဦးခင္ေမာင္ ေဆြက ေျပာသည္။

လက္ရွိ အာဏာရပါတီမွ ဖြဲ႕စည္းထားေသာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) အား ႏိုင္ငံေရးပါတီအမ်ားစုက ယုံ ၾကည္မႈအားနည္းေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားၾကၿပီး လာမည့္ ၂၀၂၀ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲသည္ တရားမွ်တမႈ ရွိမရွိအေပၚတြင္လည္း ႏိုင္ငံေရးပါတီမ်ားက ေမးခြန္းထုတ္လ်က္ရွိသည္။

#PeopleMedia

(unicode)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံအား သုံးစွဲမှုမရှိရန်နှင့် မဲခွဲမှုအနိုင်ရရှိသော်လည်း ထောက်ခံမဲအနည်းစုရရှိသည့် NLD ပါတီကို ဆက် လက်အနိုင်ပေးဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေပြော
…………………………………………………

ရန်ကုန်၊ ဇွန်၊ ၂၅

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ကျင့်ဝတ် (COC) ရေးဆွဲရာ၌ နိုင်ငံတော် အထိမ်းအမှတ်အက်ဥပဒေအရ ဗိုလ်ချုပ်အောင်ဆန်းပုံအား သုံးစွဲမှုမရှိစေရေးနှင့် နိုင်ငံတော်အရင်းအမြစ်များကို ထုတ်ယူသုံးစွဲ၍ မဲဆွယ်မှုမပြုလုပ်ရန်အတွက် မဲခွဲမှုပြုလုပ်ရာတွင် ထောက်ခံမှုအများစု ရှိခဲ့သော်လည်း မဲအနည်းစုသာရှိခဲ့သည့် NLD ကိုသာ နိုင်ငံရေးပါတီများနှင့် ကိုယ် စားလှယ်လောင်းကျင့်ဝတ်ရေးဆွဲရေး (COC)အဖွဲ့ မှ အနိုင်ပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

နိုင်ငံတော် အထိမ်းအမှတ်ဥပဒေပြဋ္ဌာန်းချက်အရ ဗိုလ်ချုပ်အောင်ဆန်းပုံအား သုံးစွဲမှုမရှိစေရေးနှင့် နိုင်ငံတော်အရင်းအမြစ်များ ကို ထုတ်ယူသုံးစွဲ၍ မဲဆွယ်မှုမပြုလုပ်ရန်အတွက် မဲခွဲမှုပြုလုပ်ရာတွင် ဆက်လက်သုံးစွဲရန်လက်ခံသည့် ၂ မဲနှင့် ကြားနေ ၄ မဲ နှင့် ဆက်လက်သုံးစွဲရန် လက်မခံသည့် မဲ ၁၂ မဲ အထိ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ NLD ဘက်ကို COC ရေးဆွဲရေးဖက်က ဘက်လိုက်တယ်လို့ အန်ကယ်တို့ကတော့ သတ်မှတ်တယ်။ ဒါဖြစ်ရင် ဘာလို့မဲခွဲနေ တာလဲ၊ ဒီမိုကရေစီအရ မဲခွဲပြီးတော့မှ သဘောတူတယ်မတူတယ်ဆိုတာကို ကော်မရှင်ကို ပို့ရမယ့်အစား မပို့ဘူး။ ဒါကို ကော် မရှင်ကလည်း လက်ခံတယ် သူတို့လည်းပါတဲ့အခါကျတော့ ဒါဟာ ရွေးကောက်ပွဲမတိုင်မီထဲက NLD ဘက်ကို လိုက်နေတယ် ဆိုတာ ပေါ်လွင်သွားပြီ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း ကျင့်ဝတ်ရေးဆွဲရေးအဖွဲ့ (COC) မှ အဆိုပါကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းကြောင့် လာမည့် ရက်ပိုင်းအတွင်းကျင်းပမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲအား ကန်ကွက်သည့် အနေဖြင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် တက်ရောက်သွားမည့်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ COC ဆုံးဖြတ်ချက်တွေကို လက်မှတ်ထိုးဖို့ ပါတီတွေကိုဖိတ်တဲ့ပွဲမှာ အန်ကယ်တို့အနေနဲ့ မတက်ဘူး၊ ဒီလိုသာ COC အနေနဲ့ NLD ဘက်ကို လိုက်နေတဲ့ပုံစံမျိုးဖြစ်နေရင်တော့ COC အဖွဲ့ဟာ ဂုဏ်သိက္ခာရှိတဲ့ COC မဖြစ်နိုင်တော့ဘူး”ဟု ဦးခင်မောင် ဆွေက ပြောသည်။

လက်ရှိ အာဏာရပါတီမှ ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အား နိုင်ငံရေးပါတီအများစုက ယုံ ကြည်မှုအားနည်းကြောင်း ထုတ်ဖော်ပြောဆိုထားကြပြီး လာမည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမရှိအပေါ်တွင်လည်း နိုင်ငံရေးပါတီများက မေးခွန်းထုတ်လျက်ရှိသည်။

#PeopleMedia


Share this post