• Follow Us on

Home ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းရှိ အစိုးရအဖွဲ့ဝင်များသည် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ ဝင်များနှင့် တွေ့ဆုံ

ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းရှိ အစိုးရအဖွဲ့ဝင်များသည် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ ဝင်များနှင့် တွေ့ဆုံ

Share this post

နေပြည်တော်၊ မတ် ၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြ ထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့ရှိ စုပေါင်းရုံးခန်းမ၌ ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပြီး၊ အမှာစကားပြောကြားသည်။

 

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကလေးမြို့ရှိ နယ်မြေခံ တပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာလိုအပ်သည် များကိုမှာကြားခဲ့ပြီး အားကစားပစ္စည်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ နှင့် တွေ့ဆုံကြောင်း သိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မွေးမြူရေး ကဏ္ဍဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအ နေများ၊ ပန်းခင်းစီမံချက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများအခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကြောင်း၊ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ဌာနဆိုင်ရာများကိုယ်စား တာဝန်ရှိသူများကို လက် ဆောင်ပစ္စည်များ ပေးအပ်ခဲ့ပြီး ချင်းတွင်းရိပ်သာ(၁)၌ မုံရွာမြို့၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနှုတ်ဆက်ကာ အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post