• Follow Us on

Home ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ၅၀၀ က်ပ္တန္ ေငြစကၠဴႏွင့္ ၁၀၀၀ က်ပ္တန္ ေငြစကၠဴ မ်ားကို လိုခ်င္သူမ်ားက တစ္ရြက္လွ်င္ က်ပ္ ၁၀၀ အလိုက္ေပးလဲလွယ္

ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ၅၀၀ က်ပ္တန္ ေငြစကၠဴႏွင့္ ၁၀၀၀ က်ပ္တန္ ေငြစကၠဴ မ်ားကို လိုခ်င္သူမ်ားက တစ္ရြက္လွ်င္ က်ပ္ ၁၀၀ အလိုက္ေပးလဲလွယ္

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၃

ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ၅၀၀ က်ပ္တန္ေငြစကၠဴႏွင့္ ၁၀၀၀ က်ပ္တန္ေငြစကၠဴမ်ားကို လိုခ်င္သူမ်ားက တစ္ရြက္လွ်င္ က်ပ္ ၁၀၀ အလိုက္ေပး လဲလွယ္မႈတို႔ရွိေနေၾကာင္းသိရသည္။

ဇူလိုင္ ၂၃ ရက္ ရန္ကုန္ျမဳိ႕ရွိ ကုန္သည္လမ္း ဗဟိုဘဏ္ခြဲအနီး people media သတင္းဌာနမွ စုံစမ္းေမးျမန္းရာ တြင္ အလိုက္ေပးလဲသူအခ်ိဳ႕၏ ေျပာၾကားခ်က္အရသိရသည္။

“တရား၀င္ေတာ့ မဟုတ္ဘူးေပါ့။ တခ်ိဳ႕က ဗိုလ္ခ်ဳပ္႐ုပ္ပုံပါတယ္။ လိုခ်င္တယ္။ သိမ္းထားခ်င္တယ္ဆိုရင္ တစ္ ရြက္ကို တစ္ရာ အလိုက္ေပးလဲလွယ္ေပးတယ္။ တစ္ေန႔ကို ဆယ္ရြက္၊ အရြက္ႏွစ္ဆယ္လာလဲတဲ့သူလည္း ရွိပါတယ္။ တခ်ဳိ႕ကေတာ့ အရြက္နည္းနည္းပဲဆိုရင္ ျမန္မာ့စီးပြားေရးဘဏ္ေတြမွာ တစ္ဦးကိုႏွစ္ရြက္နႈန္းနဲ႔ သြား လဲတယ္။ သူကေတာ့ပိုက္ဆံမေပးရဘူး။ မတ္တပ္ရပ္တန္းစီရတာေပါ့။ ဘဏ္ဖြင့္ခ်ိန္အထိေလ’’ဟု အမည္ မေဖာ္လိုသူ ေငြလဲလွယ္သူတစ္ဦးကေျပာသည္။

ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ၅၀၀ က်ပ္တန္ေငြစကၠဴမ်ားကို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ဇူလိုင္ ၁၉ ရက္တြင္ ထုတ္ေ၀၍ ျမန္မာ့စီးပြားေရးဘဏ္မ်ားမွ ဇူလိုင္ ၂၁ ရက္တြင္ လူတစ္ဦး ႏွစ္ရြက္ႏႈန္းျဖင့္ ဘဏ္ဖြင့္ခ်ိန္ မနက္ ၉ နာရီခြဲတြင္ လဲလွယ္ေပးခဲ့ေၾကာင္းသိရသည္။

“အဓိကတန္းစီေစာင့္ရတာေပါ့။ ဘဏ္ဖြင့္ခ်ိန္မွဆိုေတာ့ တခ်ိဳ႕လည္းမေစာင့္ႏိုင္ဘူးေလ။ ဦးတို႔ကေတာ့ သိမ္းထားဖို႔ပဲ ဘဏ္ကလဲေပးသေလာက္ လူတစ္ဦးဗိုလ္ခ်ဳပ္ပိုက္ဆံႏွစ္ရြက္ဆိုတာကိုလာလဲတာပါ’’ဟု ျမန္မာစီးပြားေရးဘဏ္တြင္ လာေရာက္ေငြလဲလွယ္သူ ဦးတိုးကလည္းဆိုသည္။

#PeopleMedia

(unicode)
ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူနှင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူ များကို လိုချင်သူများက တစ်ရွက်လျှင် ကျပ် ၁၀၀ အလိုက်ပေးလဲလှယ်
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၃

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူနှင့် ၁၀၀၀ ကျပ်တန်ငွေစက္ကူများကို လိုချင်သူများက တစ်ရွက်လျှင် ကျပ် ၁၀၀ အလိုက်ပေး လဲလှယ်မှုတို့ရှိနေကြောင်းသိရသည်။

ဇူလိုင် ၂၃ ရက် ရန်ကုန်မြို့ရှိ ကုန်သည်လမ်း ဗဟိုဘဏ်ခွဲအနီး people media သတင်းဌာနမှ စုံစမ်းမေးမြန်းရာ တွင် အလိုက်ပေးလဲသူအချို့၏ ပြောကြားချက်အရသိရသည်။

“တရားဝင်တော့ မဟုတ်ဘူးပေါ့။ တချို့က ဗိုလ်ချုပ်ရုပ်ပုံပါတယ်။ လိုချင်တယ်။ သိမ်းထားချင်တယ်ဆိုရင် တစ် ရွက်ကို တစ်ရာ အလိုက်ပေးလဲလှယ်ပေးတယ်။ တစ်နေ့ကို ဆယ်ရွက်၊ အရွက်နှစ်ဆယ်လာလဲတဲ့သူလည်း ရှိပါတယ်။ တချို့ကတော့ အရွက်နည်းနည်းပဲဆိုရင် မြန်မာ့စီးပွားရေးဘဏ်တွေမှာ တစ်ဦးကိုနှစ်ရွက်နှုန်းနဲ့ သွား လဲတယ်။ သူကတော့ပိုက်ဆံမပေးရဘူး။ မတ်တပ်ရပ်တန်းစီရတာပေါ့။ ဘဏ်ဖွင့်ချိန်အထိလေ’’ဟု အမည် မဖော်လိုသူ ငွေလဲလှယ်သူတစ်ဦးကပြောသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဇူလိုင် ၁၉ ရက်တွင် ထုတ်ဝေ၍ မြန်မာ့စီးပွားရေးဘဏ်များမှ ဇူလိုင် ၂၁ ရက်တွင် လူတစ်ဦး နှစ်ရွက်နှုန်းဖြင့် ဘဏ်ဖွင့်ချိန် မနက် ၉ နာရီခွဲတွင် လဲလှယ်ပေးခဲ့ကြောင်းသိရသည်။

“အဓိကတန်းစီစောင့်ရတာပေါ့။ ဘဏ်ဖွင့်ချိန်မှဆိုတော့ တချို့လည်းမစောင့်နိုင်ဘူးလေ။ ဦးတို့ကတော့ သိမ်းထားဖို့ပဲ ဘဏ်ကလဲပေးသလောက် လူတစ်ဦးဗိုလ်ချုပ်ပိုက်ဆံနှစ်ရွက်ဆိုတာကိုလာလဲတာပါ’’ဟု မြန်မာစီးပွားရေးဘဏ်တွင် လာရောက်ငွေလဲလှယ်သူ ဦးတိုးကလည်းဆိုသည်။

#PeopleMedia


Share this post