• Follow Us on

Home ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဦးဝင်းမြင့်လှိုင်(လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ဖမ်းဆီးရမိ

ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဦးဝင်းမြင့်လှိုင်(လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၂ (People Media)

 

မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဦးဝင်းမြင့်လှိုင်(တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)အား  နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ နောင်ဘိုကျေးရွာအနီး နောင်ဘိုပူးပေါင်းစစ်ဆေး ရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဦးဝင်းမြင့်လှိုင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲတိုက် ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်သည်။

 

NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်နှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ် ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် Sig Sauer P320 အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၄ ခု၊ ၉ မမ ကျည် ၁၁၆ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်သည် ဇူလိုင်လတွင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မြို့သစ်မြို့၊ နတ်မောက်မြို့၊ ရေစကြိုမြို့၊ အောင်လံမြို့များတွင် တာဝန်ခံများခန့်အပ်၍ ဗိဿနိုး နယ်မြေ PDF အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အပြင် တရားခံပြေး ဇော်ဝေစိုး၊ တရားခံပြေး ရည်မွန်တို့နှင့် ချိတ်ဆက်၍ ငွေကြေးများတောင်းခံခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူခဲ့ကြောင်း၊ ရရှိလာသည့် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား အသုံးပြု၍ မကွေးတိုင်းဒေသကြီးအတွင်း  ဖောက်ခွဲဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ဗိဿနိုးနယ်မြေ PDF အဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်း လူသတ်၊ မီးရှို့၊ မိုင်းထောင်၊ ဗုံးခွဲ စသည့် အကြမ်းဖက်လုပ်ရပ်များအား ဗုံးခွဲတိုက်ခိုက်မှု(၂၆)ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှု(၁၁)ကြိမ်၊ စုစုပေါင်း(၃၇)ကြိမ်အား လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း ဗိဿနိုးနယ်မြေ PDF အဖွဲ့ ဖွဲ့စည်း၍  အကြမ်းဖက်လုပ်ရပ်များအား ဦးဆောင်ပြုလုပ်ခဲ့သူ တရားခံဝင်းမြင့်လှိုင်အား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 

#PeopleMedia


Share this post