• Follow Us on

Home ဗီဇာကိစ္စအငြင်းပွားနေသည့်ကြားမှ ရုရှားသံတမန် ၃၀၀ အား တိုင်းပြည်မှနှင်ထုတ်ရန် အထက်လွှတ်တော် အမတ်များ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တောင်းဆို

ဗီဇာကိစ္စအငြင်းပွားနေသည့်ကြားမှ ရုရှားသံတမန် ၃၀၀ အား တိုင်းပြည်မှနှင်ထုတ်ရန် အထက်လွှတ်တော် အမတ်များ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တောင်းဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၇ (People Media)

 

သံရုံးဝန်ထမ်းခန့်အပ်ရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားတို့ အငြင်းပွားမှုများအရှိန်မြင့်တက်နေစဉ်အတွင်း ရုရှားသံတမန် ၃၀၀ အား တိုင်းပြည်မှ နှင်ထုတ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ဒီမိုကရက်တစ်ရော ရီပတ် ဘလီကန်ပါ ပါဝင်သည့် အထက်လွှတ်တော်အမတ်တစ်စုက တောင်းဆိုလိုက်သည်။

 

ယခုနှစ်အစောပိုင်းကာလက ရုရှားသမ္မတဗလာဒီမာပူတင်လက်မှတ်ရေးထိုးခဲ့သည့်ဥပဒေတစ်ရပ်အရ ရုရှား နိုင် ငံကို ထိခိုက်နစ်နာအောင်ပြုလုပ်သည့် နိုင်ငံများ၏အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများနှင့်အတူ အလုပ် ခန့် အပ်ခြင်းကိုကန့်သတ်ရန် သို့မဟုတ် ပိတ်ပင်တားဆီးရန် ရုရှားအစိုးရအား အမိန့်အာဏာပေးအပ်လိုက်သည်။

 

ယင်းဥပဒေထုတ်လိုက်သည့်ရလဒ်အဖြစ် မော်စကိုရှိ အမေရိကန်သံရုံးတွင် သံတမန် ၁၈၂ ဦးနှင့် ကန်ထရိုက် တာအများအပြားကို ပယ်ချခဲ့ရသည်။

 

“သံတမန်ကိုယ်စားလှယ်ပြုတာနဲ့ပတ်သက်ပြီး သဘာဝမကျဘဲတရားမျှတမှုမရှိတဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာ လုပ်ရပ်ပါ။” ဟု အမေရိကန်အထက်လွှတ်တော်အမတ်များက ၎င်းတို့စာတွင်ထည့်သွင်းရေးသားထားသည်။ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ရုရှားသံတမန် ၄၀၀ ရှိသော်လည်း ရုရှားနိုင်ငံတွင် အမေရိကန် သံတမန် ၁၀၀ ဝန်းကျင်သာရှိသည်။

 

“ရုရှားမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံတမန်အရေအတွက်နဲ့ အမေရိကန်ပြည်ထောင်စုမှာ တာဝန် ထမ်းဆောင်နေတဲ့ ရုရှားသံတမန်အရေအတွက်ကြား တူညီတဲ့အကျိုးခံစားခွင့်ရရှိအောင် ရုရှားအစိုးရအနေနဲ့ လုံ လောက်တဲ့ဗီဇာထုတ်ပေးဖို့လိုပါတယ်။” ဟု အထက်လွှတ်တော်အမတ်များကပြောသည်။

 

“တကယ်လို့ ရုရှားအစိုးရက အဲဒီလိုဆောင်ရွက်မပေးဘူးဆိုရင် အမေရိကန်ရဲ့သံတမန်အခွင့်အရေးတွေ တူညီ စွာခံစားခွင့်ရရှိအောင် အမေရိကန်အစိုးရအနေနဲ့ ရုရှားသံတမန်တွေကို စတင်မောင်းထုတ်သင့်ပါတယ်။” ဟု ၎င်းတို့ကပြောသည်။

 

ရုရှားနိုင်ငံက ဒေသတွင်းဝန်ထမ်းများကို ဖြုတ်ချပစ်လိုက်ခြင်းသည် အမေရိကန်ကောင်စစ်ဝန်ရုံး၏ မူဝါဒအကျိုး စီးပွားများနှင့် လိုအပ်ချက်များကို ဆောင်ရွက်နေသည့် အမေရိကန်သံရုံး၏စွမ်းရည်ကို ဟန့်တားနှောင့်ယှက်ခြင်း ဖြစ်ကြောင်း အထက်လွှတ်တော်အမတ်များကပြောသည်။

 

ယခုနှစ် ဧပြီလအတွင်းက အမေရိကန်ပြည်ထောင်စုက ရုရှားသံတမန်များကိုမောင်းထုတ်လိုက်ပြီးနောက် ရုရှား နိုင်ငံကလည်း အမေရိကန်သံတမန် ၁၀ ဦးကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ထိုစဉ်က အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က “ရုရှားသမ္မတပူတင်သည် လူသတ်သမားတစ်ဦးဖြစ်သည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း” ပြော ဆိုခဲ့သဖြင့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြားဆက်ဆံရေးမှာ ယိုယွင်းလာခဲ့ပြီး ရုရှားအစိုးရကလည်း ဝါရှင်တန်မှ ၎င်း၏သံအမတ်ကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။

 

မေလအတွင်းက ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတဘိုင်ဒန်တို့ ပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့သော်လည်း စစ်အေးကာလရန်သူတော်ဟောင်းကြီးနှစ်နိုင်ငံကြားဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာသည့် အရိပ်လက္ခ ဏာ မတွေ့ရပေ။

 

Ref: US senators urge Biden to expel 300 Russian diplomats amid visa spat

 

#PeopleMedia

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: US senators urge Biden to expel 300 Russian diplomats amid visa spat

 

#PeopleMedia


Share this post