• Follow Us on
Latest News

Home ဗီယက်နမ်စစ်ပွဲအတွင်း တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့တယ်ဆို တာကို တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ငြင်းဆို

ဗီယက်နမ်စစ်ပွဲအတွင်း တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့တယ်ဆို တာကို တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ငြင်းဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

ဗီယက်နမ်စစ်ပွဲကာလအတွင်း တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ် ဖြတ်ခဲ့တာမျိုးမရှိကြောင်းနဲ့ ၁၉၆၈ ခုနှစ်က တောင်ကိုရီးယားတပ်တွေက လူသတ်မှုကျူးလွန်ခဲ့တာကြောင့် ဆွေ မျိုးသားချင်းတွေဆုံးရှုံးခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ဦးကို လျော်ကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးချမှတ် ခဲ့တဲ့အမိန့်ကို တောင်ကိုရီးယားအစိုးရက အယူခံဝင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး က ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က တောင်ကိုရီးယားဗဟိုခရိုင်တရားရုံးကချမှတ်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီယောင်ဆပ်က “ဗီယက်နမ်စစ်ပွဲကာလအတွင်း တောင်ကိုရီးယားတပ် ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတာ လုံးဝ မရှိပါဘူး။” လို့ လွှတ်တော်ကော်မတီ တစ်ခုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

“တရားရုံးကချမှတ်တဲ့အမိန့်ကို ကျွန်တော်တို့ သဘောမတူပါဘူး။ ဥပဒေကြောင်းအရ နောက်ထပ်ဆောင်ရွက်စ ရာတွေရှိတာ ဆောင်ရွက်နိုင်အောင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်သွားမှာပါ။” လို့ လီက ပြောပါတယ်။

 

အသက် ၆၂ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး ငုယင်သီထန်ကို တောင်ကိုရီးယား အစိုးရက ကိုရီးယားဝမ်သန်း ၃၀ (ဒေါ်လာ ၂၃,၀၀၀) လျော်ကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။

 

၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ဖောင်းညီကျေးရွာကို တောင်ကို ရီးယား မရိန်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှင်းလင်းစဉ် ငုယင်သီထန်ရဲ့မိသားစုဝင် ငါးဦးသေဆုံးခဲ့ပြီး ငုယင်သီထန် ကိုယ်တိုင်သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

တောင်ကိုရီးယားမရိန်းတပ်ဖွဲ့ဝင်တွေ ဖောင်းညီရွာနဲ့ ဖောင်းညှက်ရွာကို ဝင်ရောက်ရှင်းလင်းစဉ် အရပ်သား ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်မှတ်တမ်းအထောက်အထားတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

 

ဗီယက်နမ်စစ်ပွဲအတွင်း အရပ်သားတွေအစုလိုက်အပြုံလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုး ရမှာ တာဝန်ရှိတယ်လို့ တောင်ကိုရီးယားတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်က တောင်ကိုရီးယားနိုင်ငံ ကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ခေါင်းဆောင်တွေက အမေရိကန်တပ်တွေနဲ့အတူလက်တွဲတိုက်ပွဲဝင် ဖို့ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃၂၀,၀၀၀ ကို ဗီယက်နမ်စစ်မြေပြင်ကို စေလွှတ်ခဲ့ပါတယ်။

 

ဗီယက်နမ်စစ်ပွဲအတွင်း အရပ်သားတွေအစုလိုက်အပြုံလိုက်အသတ်ခံရမှုအတွက် တောင်ကိုရီးယားတပ်ဖွဲ့ဝင် တွေမှာ တာဝန်ရှိနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတချို့က ပြောပေမဲ့ ဗီယက်နမ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပေါ် မှီခိုနေရတဲ့အတွက် အဲဒီဖြစ်စဉ်တွေဟာ တောင်ကိုရီးယားနဲ့ ဗီ ယက်နမ်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

Ref: South Korean defense minister denies Vietnam War massacres

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


 


 

Ref: South Korean defense minister denies Vietnam War massacres

 

#PeopleMedia


Share this post