• Follow Us on

Home ဗီယက္နမ္တြင္ ေရာဂါကူးစက္သည့္ဗဟိုခ်က္ကိုထိန္းခ်ဳပ္ထားႏိုင္ဟု က်န္းမာေ ရး၀န္ႀကီးေျပာ

ဗီယက္နမ္တြင္ ေရာဂါကူးစက္သည့္ဗဟိုခ်က္ကိုထိန္းခ်ဳပ္ထားႏိုင္ဟု က်န္းမာေ ရး၀န္ႀကီးေျပာ

Share this post

ဟႏြိဳင္း၊ ၾသဂုတ္ ၆

ဗီယက္နမ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၂ ခုထပ္တိုးေၾကာင္း က်န္းမာေရး၀န္ႀကီးကေျပာသည္။

COVID-19 ကူးစက္မႈဒုတိယလႈိင္းစတင္ခဲ့သည့္ႏိုင္ငံအလယ္ပိုင္းမွဒါနန္းၿမိဳ႕တြင္ ေရာဂါပိုးကိုထိန္းခ်ဳပ္ႏိုင္ၿပီဟုလည္းေျပာသည္။

ထိေတြ႕သူအျပင္းအထန္႐ွာေဖြျခင္း၊ ပစ္မွတ္ထားစစ္ေဆးျခင္းႏွင့္ တင္းၾကပ္သည့္အသြားအလာကန္႔သတ္ထားျခင္းတို႔ေၾကာင့္ ဗီယက္နမ္တြင္ အေစာပိုင္းက ကူးစက္မႈနည္းခဲ့ေသာ္လည္း ၃ လၾကာျပည္တြင္းကူးစက္မႈမ႐ွိခဲ့ၿပီးေနာက္ လက္႐ွိတြင္ ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕ႏွင့္ျပည္နယ္မ်ား၌ ကူးစက္မႈမ်ားရင္ဆိုင္ေနရသည္။

ဗုဒၶဟူးေန႔တြင္ ထပ္တိုးအတည္ျပဳလူနာ ၄၁ ေယာက္႐ွိေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနကေၾကညာခဲ့ၿပီး စုစုေပါင္းကူးစက္ခံရသူ ၇၁၃ ေယာက္ႏွင့္ ေသဆံုးသူ ၈ ေယာက္႐ွိေနသည္။

ဗုဒၶဟူးေန႔အေစာပိုင္းတြင္လည္း ထပ္တိုးအတည္ျပဳလူနာ ၂ ေယာက္႐ွိခဲ့သည္။

ယခုကူးစက္မႈမ်ားကို ဇူလိုင္ ၂၅ ရက္က ကမာၻလွည့္ခရီးသည္မ်ားအလာမ်ားသည့္ ဒါနန္းၿမိဳ႕တြင္ ပထမဆံုးေတြ႕ခဲ့ၿပီးေနာက္ လူေနထူထပ္သည့္ၿမိဳ႕မ်ားျဖစ္သည့္ဟိုခ်ီမင္းႏွင့္ ဟႏြိဳင္းတို႔သို႔ ကူးစက္ေနသည္။

ထပ္တိုးလူနာမ်ား႐ွိေနသည့္ၿမိဳ႕ႀကီးမ်ားတြင္ ေဖ်ာ္ေျဖေရးခန္းမမ်ားကိုပိတ္ထားၿပီး စုေ၀းမႈမ်ားကန္႔သတ္ထားသည့္အျပင္ လူသိန္းခ်ီကို စစ္ေဆးမႈမ်ားျပဳလုပ္ေနသည္။

Ref : Vietnam says contagion ‘under control’ in COVID-19 epicentre but spread elsewhere

#PeopleMedia

(unicode)
ဗီယက်နမ်တွင် ရောဂါကူးစက်သည့်ဗဟိုချက်ကိုထိန်းချုပ်ထားနိုင်ဟု ကျန်းမာ ေရးဝန်ကြီးပြော
…………………………………………………

ဟနွိုင်း၊ ဩဂုတ် ၆

ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၂ ခုထပ်တိုးကြောင်း ကျန်းမာရေးဝန်ကြီးကပြောသည်။

COVID-19 ကူးစက်မှုဒုတိယလှိုင်းစတင်ခဲ့သည့်နိုင်ငံအလယ်ပိုင်းမှဒါနန်းမြို့တွင် ရောဂါပိုးကိုထိန်းချုပ်နိုင်ပြီဟုလည်းပြောသည်။

ထိတွေ့သူအပြင်းအထန်ရှာဖွေခြင်း၊ ပစ်မှတ်ထားစစ်ဆေးခြင်းနှင့် တင်းကြပ်သည့်အသွားအလာကန့်သတ်ထားခြင်းတို့ကြောင့် ဗီယက်နမ်တွင် အစောပိုင်းက ကူးစက်မှုနည်းခဲ့သော်လည်း ၃ လကြာပြည်တွင်းကူးစက်မှုမရှိခဲ့ပြီးနောက် လက်ရှိတွင် မြို့ကြီး ၁၀ မြို့နှင့်ပြည်နယ်များ၌ ကူးစက်မှုများရင်ဆိုင်နေရသည်။

ဗုဒ္ဓဟူးနေ့တွင် ထပ်တိုးအတည်ပြုလူနာ ၄၁ ယောက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကကြေညာခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၇၁၃ ယောက်နှင့် သေဆုံးသူ ၈ ယောက်ရှိနေသည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းတွင်လည်း ထပ်တိုးအတည်ပြုလူနာ ၂ ယောက်ရှိခဲ့သည်။

ယခုကူးစက်မှုများကို ဇူလိုင် ၂၅ ရက်က ကမ္ဘာလှည့်ခရီးသည်များအလာများသည့် ဒါနန်းမြို့တွင် ပထမဆုံးတွေ့ခဲ့ပြီးနောက် လူနေထူထပ်သည့်မြို့များဖြစ်သည့်ဟိုချီမင်းနှင့် ဟနွိုင်းတို့သို့ ကူးစက်နေသည်။

ထပ်တိုးလူနာများရှိနေသည့်မြို့ကြီးများတွင် ဖျော်ဖြေရေးခန်းမများကိုပိတ်ထားပြီး စုဝေးမှုများကန့်သတ်ထားသည့်အပြင် လူသိန်းချီကို စစ်ဆေးမှုများပြုလုပ်နေသည်။

Ref : Vietnam says contagion ‘under control’ in COVID-19 epicentre but spread elsewhere

#PeopleMedia


Share this post