• Follow Us on

Home ဗီယက္နမ္နိုင္ငံက ဗိုင္းရပ္စ္ကာကြယ္ေဆးကို ေမ်ာက္မ်ားႏွင့္ စမ္းသပ္

ဗီယက္နမ္နိုင္ငံက ဗိုင္းရပ္စ္ကာကြယ္ေဆးကို ေမ်ာက္မ်ားႏွင့္ စမ္းသပ္

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၂

ဗီယက္နမ္နိုင္ငံ၌ ေမ်ာက္မ်ားျဖင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးစမ္းသပ္မႈ စတင္ခဲ့ေၾကာင္း သိရ သည္။ က်န္းမာေရးဝန္ႀကီးဌာနေအာက္ရွိ Vabiotech ကုမၸဏီက မာကာကာမူလတ္တာ မ်ိဳးႏြယ္ဝင္ ေမ်ာက္ ၁၂ ေကာင္ျဖင့္ ဗိုင္းရပ္စ္ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈမ်ား စတင္ခဲ့ျခင္းျဖစ္သည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈမ်ားကို ဗီယက္နမ္နိုင္ငံေျမာက္ပိုင္း ေကာင္နင္ျပည္နယ္အ လြန္ရွိ ရီေအာ္ကၽြန္းေပၚ၌ ေအာက္တိုဘာလ ၂၇ ရက္က ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ကာကြယ္ေဆးႏွင့္ ဇီဝေဗဒဆိုင္ရာ သုေတသနႏွင့္ ထုတ္လုပ္ေရးဗဟိုဌာန အႀကီးအကဲ ဗူေကာင္ေလာင္က အ တည္ျပဳခဲ့သည္။

စမ္းသပ္ခံေမ်ာက္မ်ားက အသက္ ၃ ႏွစ္မွ ၅ ႏွစ္အတြင္းျဖစ္ၿပီး ကိုယ္အေလးခ်ိန္ ၃ ကီလိုဂရမ္ေက်ာ္စီရွိ ေၾကာင္း၊ ေမ်ာက္မ်ားကို က်န္းမာေရး စစ္ေဆးခဲ့ၿပီး မည္သည့္ ကူးစက္ေရာဂါမၽွမရွိေၾကာင္း Vabiotech ကုမၸဏီ ညႊန္ၾကားေရးမႉး ဒိုတြမ္ဒတ္က ေျပာသည္။

ေမ်ာက္မ်ားကို ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးၿပီးေနာက္ သုံးလၾကာ ေစာင့္ၾကည့္မည္ျဖစ္သည္။ သုံးလျပည့္ လ်င္ ေမ်ာက္မ်ားထံမွ ေသြးနမူနာယူကာ ထပ္မံ၍ စိစစ္ေလ့လာရန္ ဟႏြိဳင္းၿမိဳ႕ေတာ္သို႔ပို႔မည္ျဖစ္သည္။

ေမ်ာက္မ်ားကို ကာလႏွစ္ခုျဖင့္ စမ္းသပ္မည္ျဖစ္သည္။ ကာလတစ္ခုစီတြင္ ေမ်ာက္မ်ားကို အုပ္စုႏွစ္ခု ခြဲထားမည္ျဖစ္ၿပီး အုပ္စုတစ္ခုကို ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးကာ ေနာက္တစ္အုပ္စုကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးမည္မဟုတ္ေပ။

ထို႔ေနာက္ ေမ်ာက္မ်ားကို သီးျခားကၽြန္းမ်ား၌ထား၍ ေန႔စဥ္ ေစာင့္ၾကည့္သြားမည္ျဖစ္သည္။ ေမ်ာက္မ်ား ကို ၁၈ ရက္၊ ၂၁ ရက္စီျခား၍ ဗိုင္းရပ္စ္ကာကြယ္ေဆး ႏွစ္ႀကိမ္ ထိုးေပးမည္ျဖစ္သည္။

ဒုတိယအႀကိမ္ ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးၿပီးလ်င္ ေဆးထိုးထားသည့္ ေမ်ာက္အုပ္စုႏွင့္ မထိုးထား သည့္ ေမ်ာက္အုပ္စုၾကား သက္ေရာက္မႈမ်ားသိရွိရန္ သုေတသီမ်ားက ကိုယ္ခံအားတုံ႔ျပန္မႈကို အကဲျဖတ္မည္ျဖစ္ သည္။

Vabiotech ကုမၸဏီသည္ ဇြန္လအတြင္းက ဗိုင္းရပ္စ္ကာကြယ္ေဆးကို ႂကြက္မ်ားျဖင့္ စမ္းသပ္ခဲ့ေသး သည္။ ႂကြက္မ်ားျဖင့္ စမ္းသပ္မႈမ်ားမွ အခ်က္အလက္မ်ား ရရွိခဲ့ၿပီး သိပၸံပညာရွင္မ်ားက ဗိုင္းရပ္စ္ကာကြယ္ေဆး ကို အျခားတိရစၧာန္မ်ားျဖင့္ စမ္းသပ္မႈ ဆက္လက္ျပဳလုပ္မည္ျဖစ္သည္။

ေမ်ာက္မ်ားျဖင့္ စမ္းသပ္မႈရလဒ္မ်ားက ဗိုင္းရပ္စ္ကာကြယ္ေဆးကို လူမ်ားျဖင့္စမ္းသပ္မည့္ ေနာက္တစ္ ဆင့္အတြက္ အေျခခံအုတ္ျမစ္တစ္ခု ျဖစ္လာမည္ျဖစ္သည္။

ကိုးကား – ဗြီအန္ေအ

Ref; Vietnam tests COVID-19 vaccine on monkeys

#PeopleMedia

(unicode)
ဗီယက်နမ်နိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေးကို မျောက်များနှင့် စမ်းသပ်
…………………………………………..

နိုင်ငံတကာ၊ နိုဝင်ဘာ ၂

ဗီယက်နမ်နိုင်ငံ၌ မျောက်များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစမ်းသပ်မှု စတင်ခဲ့ကြောင်း သိရ သည်။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ Vabiotech ကုမ္ပဏီက မာကာကာမူလတ်တာ မျိုးနွယ်ဝင် မျောက် ၁၂ ကောင်ဖြင့် ဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကောင်နင်ပြည်နယ်အ လွန်ရှိ ရီအော်ကျွန်းပေါ်၌ အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေးနှင့် ဇီဝဗေဒဆိုင်ရာ သုတေသနနှင့် ထုတ်လုပ်ရေးဗဟိုဌာန အကြီးအကဲ ဗူကောင်လောင်က အ တည်ပြုခဲ့သည်။

စမ်းသပ်ခံမျောက်များက အသက် ၃ နှစ်မှ ၅ နှစ်အတွင်းဖြစ်ပြီး ကိုယ်အလေးချိန် ၃ ကီလိုဂရမ်ကျော်စီရှိ ကြောင်း၊ မျောက်များကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး မည်သည့် ကူးစက်ရောဂါမျှမရှိကြောင်း Vabiotech ကုမ္ပဏီ ညွှန်ကြားရေးမှူး ဒိုတွမ်ဒတ်က ပြောသည်။

မျောက်များကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပြီးနောက် သုံးလကြာ စောင့်ကြည့်မည်ဖြစ်သည်။ သုံးလပြည့် လျင် မျောက်များထံမှ သွေးနမူနာယူကာ ထပ်မံ၍ စိစစ်လေ့လာရန် ဟနွိုင်းမြို့တော်သို့ပို့မည်ဖြစ်သည်။

မျောက်များကို ကာလနှစ်ခုဖြင့် စမ်းသပ်မည်ဖြစ်သည်။ ကာလတစ်ခုစီတွင် မျောက်များကို အုပ်စုနှစ်ခု ခွဲထားမည်ဖြစ်ပြီး အုပ်စုတစ်ခုကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးကာ နောက်တစ်အုပ်စုကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်မဟုတ်ပေ။

ထို့နောက် မျောက်များကို သီးခြားကျွန်းများ၌ထား၍ နေ့စဉ် စောင့်ကြည့်သွားမည်ဖြစ်သည်။ မျောက်များ ကို ၁၈ ရက်၊ ၂၁ ရက်စီခြား၍ ဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။

ဒုတိယအကြိမ် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးပြီးလျင် ဆေးထိုးထားသည့် မျောက်အုပ်စုနှင့် မထိုးထား သည့် မျောက်အုပ်စုကြား သက်ရောက်မှုများသိရှိရန် သုတေသီများက ကိုယ်ခံအားတုံ့ပြန်မှုကို အကဲဖြတ်မည်ဖြစ် သည်။

Vabiotech ကုမ္ပဏီသည် ဇွန်လအတွင်းက ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြွက်များဖြင့် စမ်းသပ်ခဲ့သေး သည်။ ကြွက်များဖြင့် စမ်းသပ်မှုများမှ အချက်အလက်များ ရရှိခဲ့ပြီး သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်ကာကွယ်ဆေး ကို အခြားတိရစ္ဆာန်များဖြင့် စမ်းသပ်မှု ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

မျောက်များဖြင့် စမ်းသပ်မှုရလဒ်များက ဗိုင်းရပ်စ်ကာကွယ်ဆေးကို လူများဖြင့်စမ်းသပ်မည့် နောက်တစ် ဆင့်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကိုးကား – ဗွီအန်အေ

Ref; Vietnam tests COVID-19 vaccine on monkeys

#PeopleMedia


Share this post