• Follow Us on

Home ဗီယက္နမ္ႏိုင္ငံရဲ႕တတိယေျမာက္ ျပည္တြင္းထုတ္ ကမ္းတက္သေဘၤာ စတင္မိတ္ဆက္

ဗီယက္နမ္ႏိုင္ငံရဲ႕တတိယေျမာက္ ျပည္တြင္းထုတ္ ကမ္းတက္သေဘၤာ စတင္မိတ္ဆက္

Share this post

ဟိုခ်ီမင္း၊ ဇြန္ ၂၉

ဗီယက္နမ္ႏိုင္ငံကသေဘၤာကုမၸဏီ ေဆာင္သူေကာ္ပိုေရး႐ွင္းက ဗီယက္နမ္ျပည္သူ႔ေရတပ္မေတာ္အတြက္ ျပည္တြင္းမွာ တည္ေဆာက္ထားတဲ့တတိယေျမာက္ကမ္းတက္ယာဥ္တင္သေဘၤာကို မိတ္ဆက္ခဲ့ပါတယ္။

ဇြန္ ၂၂ ရက္က ဒါနန္းၿမိဳ႕မွာ႐ွိတဲ့ကုမၸဏီပိုင္သေဘၤာက်င္းမွာ အခမ္းအနားျပဳလုပ္ခဲ့တာပါ။ ဒီသေဘၤာဟာ ဘယ္လ္ဂ်ီယံ သေဘၤာကုမၸဏီ ဒါမန္ရဲ႕ RoRo 5612 ကမ္းတက္သေဘၤာဒီဇိုင္းအတိုင္းတည္ေဆာက္ထားပါတယ္။

သေဘာၤကိုယ္ထည္နံပါတ္ ၅၂၈ လို႔ေပးထားၿပီး ဗင္နီဇြဲလားႏိုင္ငံအတြက္တည္ေဆာက္ေပးခဲ့ေပမဲ့ ေငြမေပးႏိုင္ေတာ့လို႔ ဗီယက္ နမ္ေရတပ္အတြက္လႊဲေျပာင္းေပးခဲ့တဲ့ ညီအစ္မသေဘၤာေတြနဲ႔တစ္တန္းတည္းျဖစ္ေအာင္ေပးထားတာပါ။

အခုယာဥ္တင္သေဘၤာေတြဟာ ကမ္းတက္ပို႔ေဆာင္ေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ ဗီယက္နမ္တပ္ဖြဲ႔ေတြရဲ႕ေ႐ြ႕လ်ားႏိုင္မႈ စြမ္း ရည္ကို အဆင့္ႁမွင့္တင္ေပးမယ္လို႔ ခန္႔မွန္းရတဲ့အျပင္ ဗီယက္နမ္ၾကည္းတပ္ရဲ႕သံခ်ပ္ကာအေပါ့စားကားေတြနဲ႔ ထရပ္ကားေတြ၊ သေဘၤာကုန္ေသတၱာေတြ၊ ကုန္စည္ေတြနဲ႔ လက္နက္ကိုင္တပ္ဖြဲ႔ေတြအပါအ၀င္ခရီးသည္ေတြကို ပို႔ေဆာင္ေပးႏိုင္ဖို႔ အေျခခံၿပီး ေဆာက္ထားတာပါ။

စတုတၳေျမာက္သေဘၤာကိုလည္း တည္ေဆာက္ေနပါၿပီ။

ဒီသေဘၤာဟာ ၅၇.၂၇ မီတာ႐ွည္ၿပီး ၁၂ မီတာ႐ွည္ပါတယ္။

တန္ ၆၀၀ ေလးၿပီး ကုန္အျပည့္တင္ထားရင္ေတာ့ တန္ ၁၄၈၀ တန္ေလာက္ေလးပါတယ္။

ဒီဇယ္အင္ဂ်င္ ၂ လံုးတပ္ထားၿပီး အမ်ားဆံုးတစ္နာရီကို ေရမိုင္ ၁၂ မိုင္ႏႈန္းနဲ႔သြားႏိုင္ပါတယ္။

Ref : Vietnam launches third locally-made large landing craft

#PeopleMedia

(unicode)
ဗီယက်နမ်နိုင်ငံရဲ့တတိယမြောက် ပြည်တွင်းထုတ် ကမ်းတက်သ င်္ဘော စတင်မိတ်ဆက်
……………………………………………………

ဟိုချီမင်း၊ ဇွန် ၂၉

ဗီယက်နမ်နိုင်ငံကသင်္ဘောကုမ္ပဏီ ဆောင်သူကော်ပိုရေးရှင်းက ဗီယက်နမ်ပြည်သူ့ရေတပ်မတော်အတွက် ပြည်တွင်းမှာ တည်ဆောက်ထားတဲ့တတိယမြောက်ကမ်းတက်ယာဉ်တင်သင်္ဘောကို မိတ်ဆက်ခဲ့ပါတယ်။

ဇွန် ၂၂ ရက်က ဒါနန်းမြို့မှာရှိတဲ့ကုမ္ပဏီပိုင်သင်္ဘောကျင်းမှာ အခမ်းအနားပြုလုပ်ခဲ့တာပါ။ ဒီသင်္ဘောဟာ ဘယ်လ်ဂျီယံ သင်္ဘောကုမ္ပဏီ ဒါမန်ရဲ့ RoRo 5612 ကမ်းတက်သင်္ဘောဒီဇိုင်းအတိုင်းတည်ဆောက်ထားပါတယ်။

သင်္ဘောကိုယ်ထည်နံပါတ် ၅၂၈ လို့ပေးထားပြီး ဗင်နီဇွဲလားနိုင်ငံအတွက်တည်ဆောက်ပေးခဲ့ပေမဲ့ ငွေမပေးနိုင်တော့လို့ ဗီယက် နမ်ရေတပ်အတွက်လွှဲပြောင်းပေးခဲ့တဲ့ ညီအစ်မသင်္ဘောတွေနဲ့တစ်တန်းတည်းဖြစ်အောင်ပေးထားတာပါ။

အခုယာဉ်တင်သင်္ဘောတွေဟာ ကမ်းတက်ပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဗီယက်နမ်တပ်ဖွဲ့တွေရဲ့ရွေ့လျားနိုင်မှု စွမ်း ရည်ကို အဆင့်မြှင့်တင်ပေးမယ်လို့ ခန့်မှန်းရတဲ့အပြင် ဗီယက်နမ်ကြည်းတပ်ရဲ့သံချပ်ကာအပေါ့စားကားတွေနဲ့ ထရပ်ကားတွေ၊ သင်္ဘောကုန်သေတ္တာတွေ၊ ကုန်စည်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင်ခရီးသည်တွေကို ပို့ဆောင်ပေးနိုင်ဖို့ အခြေခံပြီး ဆောက်ထားတာပါ။

စတုတ္ထမြောက်သင်္ဘောကိုလည်း တည်ဆောက်နေပါပြီ။

ဒီသင်္ဘောဟာ ၅၇.၂၇ မီတာရှည်ပြီး ၁၂ မီတာရှည်ပါတယ်။

တန် ၆၀၀ လေးပြီး ကုန်အပြည့်တင်ထားရင်တော့ တန် ၁၄၈၀ တန်လောက်လေးပါတယ်။

ဒီဇယ်အင်ဂျင် ၂ လုံးတပ်ထားပြီး အများဆုံးတစ်နာရီကို ရေမိုင် ၁၂ မိုင်နှုန်းနဲ့သွားနိုင်ပါတယ်။

Ref : Vietnam launches third locally-made large landing craft

#PeopleMedia


Share this post