• Follow Us on
Latest News

Home ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းတြင္ ေနာက္ထပ္မုန္တိုင္းနီးကပ္လာခ်ိန္ ေရႀကီးမႈေၾကာင့္ လူ ၁၇ ေယာက္ေသဆံုး

ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းတြင္ ေနာက္ထပ္မုန္တိုင္းနီးကပ္လာခ်ိန္ ေရႀကီးမႈေၾကာင့္ လူ ၁၇ ေယာက္ေသဆံုး

Share this post

ဟႏြိဳင္း၊ ေအာက္တိုဘာ ၁၂

ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းျပည္နယ္မ်ားတြင္ ၿပီးခဲ့သည့္သီတင္းပတ္အတြင္း ေရႀကီးမႈမ်ားေၾကာင့္ အနည္းဆံုးလူ ၁၇ ေယာက္ေသဆံုးခဲ့သည္ဟု ႏိုင္ငံပိုင္မီဒီယာက တနဂၤေႏြေန႔တြင္ေဖာ္ျပသည္။

ေနာက္ထပ္အပူပိုင္းမုန္တိုင္းနီးကပ္လာသျဖင့္ ျပင္ဆင္ေနခ်ိန္တြင္ ေသဆံုးသူမ်ား႐ွိေနျခင္းျဖစ္သည္။

ေနာက္ထပ္ရက္ပိုင္းအတြင္း အလယ္ပိုင္းေဒသတြင္ မိုးႀကီးႏိုင္ၿပီး ေရလႊမ္းမိုးမႈမ်ားထပ္ျဖစ္ႏိုင္မည့္ ေနာက္ထပ္တိုင္ဖြန္းမုန္တိုင္း လင္ဖန္ အတြက္ျပင္ဆင္ထားသင့္ေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံ VTV ကေဖာ္ျပသည္။

ကြမ္ထရီျပည္နယ္မွ အလယ္ပိုင္းကမ္း႐ုိးတန္းမ်ားကို ေလျပင္းမ်ား၀င္ေရာက္တိုက္ခတ္ေနခ်ိန္တြင္ တံငါသည္မ်ားကို ကမ္းေျခေစာင့္တပ္ဖြဲ႔၀င္မ်ားက ရဟတ္ယာဥ္မ်ားျဖင့္ကယ္ဆယ္ေနသည့္ပံုရိပ္မ်ားကိုလည္း ေဖာ္ျပသည္။

ေရႀကီးမႈေၾကာင့္ လူေထာင္ခ်ီအတြက္ အစားအစာအေထာက္အပံ့မ်ားလည္း ျပတ္ေတာက္ေနၿပီး လူ ၃၁၀၀၀ ၀န္းက်င္ ထြက္ေျပးခဲ့ရၿပီး အိမ္အလံုး ၃၃၀၀၀ ေက်ာ္ နစ္ျမဳပ္ပ်က္စီးခဲ့သည္ဟု အစိုးရအစီရင္ခံစာအရ သိရသည္။

ကမ္း႐ိုးတန္း႐ွည္လ်ားသည့္ဗီယက္နမ္ႏိုင္ငံသည္ ဖ်က္အားျပင္မုန္တိုင္းမ်ားႏွင့္ေရႀကီးမႈမ်ား မၾကာခဏႀကံဳ ရေလ့႐ွိသည္။

Ref : Floods kill 17 people in central Vietnam, next storm due soon

#PeopleMedia

(unicode)
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် နောက်ထပ်မုန်တိုင်းနီးကပ်လာချိန် ရေကြီးမှုကြောင့် လူ ၁၇ ယောက်သေဆုံး
……………………………………………………………

ဟနွိုင်း၊ အောက်တိုဘာ ၁၂

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းပြည်နယ်များတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၁၇ ယောက်သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင်ဖော်ပြသည်။

နောက်ထပ်အပူပိုင်းမုန်တိုင်းနီးကပ်လာသဖြင့် ပြင်ဆင်နေချိန်တွင် သေဆုံးသူများရှိနေခြင်းဖြစ်သည်။

နောက်ထပ်ရက်ပိုင်းအတွင်း အလယ်ပိုင်းဒေသတွင် မိုးကြီးနိုင်ပြီး ရေလွှမ်းမိုးမှုများထပ်ဖြစ်နိုင်မည့် နောက်ထပ်တိုင်ဖွန်းမုန်တိုင်း လင်ဖန် အတွက်ပြင်ဆင်ထားသင့်ကြောင်း နိုင်ငံပိုင်ရုပ်သံ VTV ကဖော်ပြသည်။

ကွမ်ထရီပြည်နယ်မှ အလယ်ပိုင်းကမ်းရိုးတန်းများကို လေပြင်းများဝင်ရောက်တိုက်ခတ်နေချိန်တွင် တံငါသည်များကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်များဖြင့်ကယ်ဆယ်နေသည့်ပုံရိပ်များကိုလည်း ဖော်ပြသည်။

ရေကြီးမှုကြောင့် လူထောင်ချီအတွက် အစားအစာအထောက်အပံ့များလည်း ပြတ်တောက်နေပြီး လူ ၃၁၀၀၀ ဝန်းကျင် ထွက်ပြေးခဲ့ရပြီး အိမ်အလုံး ၃၃၀၀၀ ကျော် နစ်မြုပ်ပျက်စီးခဲ့သည်ဟု အစိုးရအစီရင်ခံစာအရ သိရသည်။

ကမ်းရိုးတန်းရှည်လျားသည့်ဗီယက်နမ်နိုင်ငံသည် ဖျက်အားပြင်မုန်တိုင်းများနှင့်ရေကြီးမှုများ မကြာခဏကြုံ ရလေ့ရှိသည်။

Ref : Floods kill 17 people in central Vietnam, next storm due soon

#PeopleMedia


Share this post