• Follow Us on

Home “ဗုဒၶဘာသာ ျမန္မာလူမ်ိဳးမွန္ရင္ အရာရာကို ဆင္ျခင္တုံတရားနဲ႔ ခ်င့္ခ်ိန္ေတြးေတာၿပီး ေမတၱာတရားပြါးမ်ားနိုင္ ၾကပါေစဗ်ာ” ဘုန္းေနမင္း(Project K အဖြဲ႕ဝင္)

“ဗုဒၶဘာသာ ျမန္မာလူမ်ိဳးမွန္ရင္ အရာရာကို ဆင္ျခင္တုံတရားနဲ႔ ခ်င့္ခ်ိန္ေတြးေတာၿပီး ေမတၱာတရားပြါးမ်ားနိုင္ ၾကပါေစဗ်ာ” ဘုန္းေနမင္း(Project K အဖြဲ႕ဝင္)

Share this post

ေျပာျပခ်င္တဲ့စကားလုံးေတြ အမ်ားႀကီး မ်ိဳသိပ္ထားခဲ့ရတယ္… ႀကိဳးစားမႈေတြအတြက္ေတာ့ ေနာင္တမရပါဘူး … ဒီလိုအခြင့္အေရးမ်ိဳးကို လြန္ခဲ့တဲ့ ၁၂ႏွစ္ (ယခု ၂၈ႏွစ္) ေလာက္ကတည္းက အိမ္မက္မက္ခဲ့ရတဲ့ ျမန္မာနိုင္ငံ မွာေမြး ျမန္မာနိုင္ငံသား ဗုဒၶဘာသာျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႔ ေနာက္တတ္လာမယ့္ မ်ိဳးဆက္သစ္ အႏုပညာရွင္လူငယ္ေလးမ်ားအတြက္ စိတ္မေကာင္းျဖစ္မိတယ္… သူတို႔အတြက္ အခြင့္အလမ္းေတြကိုေတြးရင္း ႏွေျမာမိတယ္… ေနာက္ထပ္ ျမန္မာလူငယ္မ်ိဳးဆက္ ဘယ္ႏွစ္ဆက္ေလာက္မွ နိုင္ငံတကာအႏုပညာရွင္ေတြနဲ႔ အတူ ရင္ေဘာင္တန္းနိုင္မလည္းဆိုတာ ေတြးရင္း ရင္ေလးမိတာအမွန္ပါ …ဘာပဲျဖစ္ျဖစ္ သံသရာဝဋ္ေႂကြး ရွိလို႔ပဲ ခံယူလိုက္ပါတယ္… ဗုဒၶဘာသာ ျမန္မာလူမ်ိဳးမွန္ရင္ အရာရာကို ဆင္ျခင္တုံတရားနဲ႔ ခ်င့္ခ်ိန္ေတြးေတာ ၿပီး ေမတၱာတရားပြါးမ်ားနိုင္ၾကပါေစဗ်ာ

မွတ္ခ်က္ ။ ။ Project K အဖြဲ႕ဝင္ ဘုန္းေနမင္း၏ ေရးသားေဖာ္ျပမႈကို မူရင္းအတိုင္း ျပန္လည္ေဖာ္ျပမႈ ျဖစ္သည္။

#PeopleMedia #Project K

(unicode)
“ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှန်ရင် အရာရာကို ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်တွေးတောပြီး မေတ္တာတရားပွါးများနိုင် ကြပါစေဗျာ” ဘုန်းနေမင်း(Project K အဖွဲ့ဝင်)

ပြောပြချင်တဲ့စကားလုံးတွေ အများကြီး မျိုသိပ်ထားခဲ့ရတယ်… ကြိုးစားမှုတွေအတွက်တော့ နောင်တမရပါဘူး … ဒီလိုအခွင့်အရေးမျိုးကို လွန်ခဲ့တဲ့ ၁၂နှစ် (ယခု ၂၈နှစ်) လောက်ကတည်းက အိမ်မက်မက်ခဲ့ရတဲ့ မြန်မာနိုင်ငံ မှာမွေး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေနဲ့ နောက်တတ်လာမယ့် မျိုးဆက်သစ် အနုပညာရှင်လူငယ်လေးများအတွက် စိတ်မကောင်းဖြစ်မိတယ်… သူတို့အတွက် အခွင့်အလမ်းတွေကိုတွေးရင်း နှမြောမိတယ်… နောက်ထပ် မြန်မာလူငယ်မျိုးဆက် ဘယ်နှစ်ဆက်လောက်မှ နိုင်ငံတကာအနုပညာရှင်တွေနဲ့ အတူ ရင်ဘောင်တန်းနိုင်မလည်းဆိုတာ တွေးရင်း ရင်လေးမိတာအမှန်ပါ …ဘာပဲဖြစ်ဖြစ် သံသရာဝဋ်ကြွေး ရှိလို့ပဲ ခံယူလိုက်ပါတယ်… ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှန်ရင် အရာရာကို ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်တွေးတော ပြီး မေတ္တာတရားပွါးများနိုင်ကြပါစေဗျာ

မှတ်ချက် ။ ။ Project K အဖွဲ့ဝင် ဘုန်းနေမင်း၏ ရေးသားဖော်ပြမှုကို မူရင်းအတိုင်း ပြန်လည်ဖော်ပြမှု ဖြစ်သည်။

#PeopleMedia #Project K


Share this post