• Follow Us on

Home ဗုိလ္ခ်ဳပ္ႀကီး(ေဟာင္း)ခင္ညႊန္႔ လမ္းညႊန္ခ်က္ျဖင့္ တည္ေဆာက္ခဲ့သည့္ မဟာဗႏၶဳလ႐ုပ္ထုရွိ မဟာဗႏၶဳလဓါး ေပ်ာက္ဆုံး

ဗုိလ္ခ်ဳပ္ႀကီး(ေဟာင္း)ခင္ညႊန္႔ လမ္းညႊန္ခ်က္ျဖင့္ တည္ေဆာက္ခဲ့သည့္ မဟာဗႏၶဳလ႐ုပ္ထုရွိ မဟာဗႏၶဳလဓါး ေပ်ာက္ဆုံး

Share this post

မေကြး၊ မတ္ – ၂၀

မေကြးတုိင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕ရွိ ဗုိလ္ခ်ဳပ္ႀကီး(ေဟာင္း)ခင္ညႊန္႔ လမ္းညႊန္ခ်က္ျဖင့္ တည္ေဆာက္ခဲ့ သည့္ မဟာဗႏၶဳလ႐ုပ္ထု၌ရွိသည့္ မဟာဗႏၶဳလဓါး ေပ်ာက္ဆုံးေနပါတယ္။

အဆုိပါ မဟာဗႏၶဳလဗိမာန္ႏွင့္ ႐ုပ္ထုကုိ ဗုိလ္ခ်ဳပ္ႀကီး(ေဟာင္း)ခင္ညႊန္႔ တာဝန္ထမ္းေဆာင္စဥ္ ၂၀၀၃ ခုႏွစ္ အတြင္းက တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ မဟာဗႏၶဳလ ဗိမာန္၌ ဗိမာန္ႏွင့္ပတ္သက္၍ သမုိင္းအခ်က္အလက္ ကုိ ေဖာ္ျပထားရာ၌ ၁၀၈၆ ခုႏွစ္၊ ေႏွာင္းတန္ခူးလဆန္း(၁၄)ရက္၊ ပထမအဂၤလိပ္-ျမန္မာတိုက္ပြဲ၌ ဓႏုျဖဴခံတပ္ တိုက္ပြဲတြင္ စစ္သူႀကီးမဟာဗႏၶဳလသည္ ရဲစြမ္းသတၱိေျပာင္ေျမာက္စြာတာဝန္ထမ္းေဆာင္ရင္း အေျမွာက္က်ည္ ထိမွန္၍ က်ဆုံးခဲ့ၿပီးေနာက္ ၎၏ ႐ုပ္အေလာင္းကုိ ဓႏုျဖဴခံတပ္၌ မီးသၿဂိဳလ္ခဲ့ပါတယ္။

ထုိ႔ေနာက္ ရဲမက္မ်ားက မဟာဗႏၶဳလ၏ အ႐ုိးျပာကုိ ေရႊအုိးျဖင့္ ေကာက္ယူခဲ့ၿပီးေနာက္ အထက္မင္းလွၿမိဳ႕နယ္ မလြန္စခန္းသို႔ ေရာက္ရွိခဲ့စဥ္ဗိုလ္မွဴးမင္းရဲေခါင္က တာဝန္ယူ၍ အ႐ုိးအုိးကုိ ယာယီဂူသြင္းထိန္း သိမ္းထားခဲ့ပါ တယ္။ ထုိေနာက္ေနျပည္ေတာ္မွ တပ္မ်ား အျမန္ဆုတ္ခြာရန္အမိန္႔က်လာသျဖင့္ အရိုးဂူမွာမလြန္၌ က်န္ရစ္ ခဲ့ၿပီးမင္းလွခံတပ္မွဗလမင္းထင္ႏွင့္ အျခားဗိုလ္မွဴးမ်ားက အ႐ုိးဂူကိုမပ်က္စီးေစရန္ ဂူေပၚ၌ ေစတီတည္ခဲ့ ေၾကာင္း မဟာဗႏၶဳလ၏ ဗိမာန္အတြင္းရွိ ေက်ာက္စာ၌ ေဖာ္ျပထားပါတယ္။

ထုိ႔ေနာက္ မူလမလြန္အနီးရွိ ေခြးလင္ဗန္းေခ်ာင္းကမ္းၿပိဳက်မႈေၾကာင့္ ၁၉၆၄ ခုႏွစ္တြင္ ေရွးသုဌာနမွ အ႐ုိးအုိးကုိ ျပန္လည္တူးေဖာ္ခဲ့ၿပီး မလြန္ျမသပိတ္ကုန္းေစာင္းတန္းေတာင္ဘက္ေဘးတြင္ လက္ရွိမဟာဗႏၶဳလဗိမာန္ကုိ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ မဟာဗႏၶဳလ႐ုပ္ထု၏ ဗဟာဗႏၶဳလဓါး ျပန္လည္အစားထုိးရန္ ျပန္လည္ျပင္ဆင္ရန္ ၿမိဳ႕နယ္အုပ္ ခ်ဳပ္ေရးအဖြဲ႕မ်ား၊ ေရွ႕ေဟာင္းသုေတသနအဖြဲ႕မ်ားအပါအဝင္ တုိင္းအစုိးရအဖြဲ႕မွ ျပန္လည္ျပင္ဆင္ျခင္းမရွိ ေၾကာင္း ေဒသခံမ်ားက ေျပာဆုိေနၾကပါတယ္။
သက္ေနာက္(မင္းလွ)

#PeopleMedia #မဟာဗႏၶဳလ

(Unicode)
ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့သည့် မဟာဗန္ဓုလရုပ်ထုရှိ မဟာဗန္ဓုလဓါး ပျောက်ဆုံး
………………………………………………………

မကွေး၊ မတ် – ၂၀

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ရှိ ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့ သည့် မဟာဗန္ဓုလရုပ်ထု၌ရှိသည့် မဟာဗန္ဓုလဓါး ပျောက်ဆုံးနေပါတယ်။

အဆိုပါ မဟာဗန္ဓုလဗိမာန်နှင့် ရုပ်ထုကို ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် တာဝန်ထမ်းဆောင်စဉ် ၂၀၀၃ ခုနှစ် အတွင်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မဟာဗန္ဓုလ ဗိမာန်၌ ဗိမာန်နှင့်ပတ်သက်၍ သမိုင်းအချက်အလက် ကို ဖော်ပြထားရာ၌ ၁၀၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၄)ရက်၊ ပထမအင်္ဂလိပ်-မြန်မာတိုက်ပွဲ၌ ဓနုဖြူခံတပ် တိုက်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလသည် ရဲစွမ်းသတ္တိပြောင်မြောက်စွာတာဝန်ထမ်းဆောင်ရင်း အမြှောက်ကျည် ထိမှန်၍ ကျဆုံးခဲ့ပြီးနောက် ၎င်း၏ ရုပ်အလောင်းကို ဓနုဖြူခံတပ်၌ မီးသဂြိုလ်ခဲ့ပါတယ်။

ထို့နောက် ရဲမက်များက မဟာဗန္ဓုလ၏ အရိုးပြာကို ရွှေအိုးဖြင့် ကောက်ယူခဲ့ပြီးနောက် အထက်မင်းလှမြို့နယ် မလွန်စခန်းသို့ ရောက်ရှိခဲ့စဉ်ဗိုလ်မှူးမင်းရဲခေါင်က တာဝန်ယူ၍ အရိုးအိုးကို ယာယီဂူသွင်းထိန်း သိမ်းထားခဲ့ပါ တယ်။ ထိုနောက်နေပြည်တော်မှ တပ်များ အမြန်ဆုတ်ခွာရန်အမိန့်ကျလာသဖြင့် အရိုးဂူမှာမလွန်၌ ကျန်ရစ် ခဲ့ပြီးမင်းလှခံတပ်မှဗလမင်းထင်နှင့် အခြားဗိုလ်မှူးများက အရိုးဂူကိုမပျက်စီးစေရန် ဂူပေါ်၌ စေတီတည်ခဲ့ ကြောင်း မဟာဗန္ဓုလ၏ ဗိမာန်အတွင်းရှိ ကျောက်စာ၌ ဖော်ပြထားပါတယ်။

ထို့နောက် မူလမလွန်အနီးရှိ ခွေးလင်ဗန်းချောင်းကမ်းပြိုကျမှုကြောင့် ၁၉၆၄ ခုနှစ်တွင် ရှေးသုဌာနမှ အရိုးအိုးကို ပြန်လည်တူးဖော်ခဲ့ပြီး မလွန်မြသပိတ်ကုန်းစောင်းတန်းတောင်ဘက်ဘေးတွင် လက်ရှိမဟာဗန္ဓုလဗိမာန်ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်၌ မဟာဗန္ဓုလရုပ်ထု၏ ဗဟာဗန္ဓုလဓါး ပြန်လည်အစားထိုးရန် ပြန်လည်ပြင်ဆင်ရန် မြို့နယ်အုပ် ချုပ်ရေးအဖွဲ့များ၊ ရှေ့ဟောင်းသုတေသနအဖွဲ့များအပါအဝင် တိုင်းအစိုးရအဖွဲ့မှ ပြန်လည်ပြင်ဆင်ခြင်းမရှိ ကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။
သက်နောက်(မင်းလှ)

#PeopleMedia #မဟာဗန္ဓုလ


Share this post