• Follow Us on

Home ဗုံးလာခွဲလည်း လှူနေတာတွေ ရပ်မသွားဘူးလို့ ထုတ်ပြန်လိုက်တဲ့ YMBA

ဗုံးလာခွဲလည်း လှူနေတာတွေ ရပ်မသွားဘူးလို့ ထုတ်ပြန်လိုက်တဲ့ YMBA

Share this post

ရန်ကုန်၊ သြဂုတ် ၁၃ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ YMBA ရုံးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ယနေ့ နံနက်၌ YMBA အသင်းကြီးက ဗုံးလာခွဲလည်း လှူနေတာတွေ ရပ်မသွားဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

 

ရန်ကုန်မြို့ရှိ YMBA အသင်းကြီးသည် ဖေဖော်ဝါရီလနောက်ပိုင်း၌ အသင်းကြီး၏ အဆောက်အဦးများကို မှုတ်ဆေးဗူးဖြင့် ဖြန်းပတ်ခြင်းခံထားရသလို အသင်းရှိ လေအေးပေးစက်များလည်း ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။

 

ထို့နောက် သြဂုတ်လ ဒုတိယပတ်အတွင်းကလည်း YMBA အသင်း အဆောက်အဦးသည် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။

 

Photo – YMBA အဆောက်အဦးကို မှုတ်ဆေးဖြင့် ပတ်ဖြန်းခြင်း၊ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရခြင်း

 

#PeopleMedia #YMBA

 

(unicode)


………………………………………………………

 


 


 


 


 


 

#PeopleMedia #YMBA


Share this post