• Follow Us on
Latest News

Home ဗုံးလွန့္မႈမ်ား ျဖစ္ေပၚခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲကို မထိခိုက္နိုင္ေၾကာင္း ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉးေျပာဆို

ဗုံးလွန့္မႈမ်ား ျဖစ္ေပၚခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲကို မထိခိုက္နိုင္ေၾကာင္း ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉးေျပာဆို

Share this post

ရန္ကုန္၊စက္တင္ဘာ-၂၂

ၿပီးခဲ့သည့္ရက္ပိုင္းက ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ၏ ေနအိမ္ အတြင္း၌ ဗုံးလွန့္မႈ ျဖစ္ေပၚခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲကို ထိခိုက္မႈမရွိနိုင္ေၾကာင္း ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ အတြင္းေရးမႉးဦးေအာင္စိုးဝင္းက ေျပာပါတယ္။

“ဗုံးလွန့္မႈေၾကာင့္ ေ႐ြးေကာက္ပြဲကို မထိခိုက္နိုင္ပါဘူး။ကြၽန္ေတာ္တို႔အေနနဲ႕ကေတာ့ လုပ္စရာရွိတာ ဆက္လုပ္သြားမွာပါလို႔”ဦးေအာင္စိုးဝင္းက ေျပာပါတယ္။

လက္ရွိအခ်ိန္၌ ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ၏ ေနအိမ္အတြင္း၌ ဗုံးေတြ႕ရွိမႈႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးလ်က္ရွိပါတယ္။

ထိုကဲ့သို႔ ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ေနအိမ္၌ ဗုံးလွန့္မႈ ျဖစ္ေပၚခဲ့မႈေၾကာင့္ နိုင္ငံေရးအရ သက္ေရာက္မႈ ရွိနိုင္ျခင္း၊နိုင္ငံေရးလွည့္ကြက္မ်ား ျဖစ္ေပၚလာနိုင္ျခင္းမ်ားေၾကာင့္ တိတိက်က် စုံစမ္းေဖာ္ထုတ္ရန္ လိုအပ္ေၾကင္း နိုင္ငံေရးအသိုင္းအဝိုင္းႏွင့္လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ခဲ့သူမ်ားက မွတ္ခ်က္ျပဳ႕ ေျပာဆိုလ်က္ရွိပါတယ္။

#PeopleMedia #2020election #UEC

[Unicode]
ဗုံးလှန့်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရွေးကောက်ပွဲကို မထိခိုက်နိုင်ကြောင်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးပြောဆို

ရန်ကုန်၊စက်တင်ဘာ-၂၂

ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ နေအိမ် အတွင်း၌ ဗုံးလှန့်မှု ဖြစ်ပေါ်ခဲ့သော်လည်း ရွေးကောက်ပွဲကို ထိခိုက်မှုမရှိနိုင်ကြောင်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူးဦးအောင်စိုးဝင်းက ပြောပါတယ်။

“ဗုံးလှန့်မှုကြောင့် ရွေးကောက်ပွဲကို မထိခိုက်နိုင်ပါဘူး။ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါလို့”ဦးအောင်စိုးဝင်းက ပြောပါတယ်။

လက်ရှိအချိန်၌ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ နေအိမ်အတွင်း၌ ဗုံးတွေ့ရှိမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ထိုကဲ့သို့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ နေအိမ်၌ ဗုံးလှန့်မှု ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံရေးအရ သက်ရောက်မှု ရှိနိုင်ခြင်း၊နိုင်ငံရေးလှည့်ကွက်များ ဖြစ်ပေါ်လာနိုင်ခြင်းများကြောင့် တိတိကျကျ စုံစမ်းဖော်ထုတ်ရန် လိုအပ်ကြေင်း နိုင်ငံရေးအသိုင်းအဝိုင်းနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သူများက မှတ်ချက်ပြု့ ပြောဆိုလျက်ရှိပါတယ်။

#PeopleMedia #2020election #UEC


Share this post