• Follow Us on

Home ဗုံးလှန့်မှုကြောင့် တာ့ဂျ်မဟာအား ယာယီ ပိတ်ထားခဲ့ရ

ဗုံးလှန့်မှုကြောင့် တာ့ဂျ်မဟာအား ယာယီ ပိတ်ထားခဲ့ရ

Share this post

နိုင်ငံတကာ၊ မတ် ၅

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ ဒေသန္တရအာဏာပိုင်များက ဗုံးလှန့်မှုကြောင့် နာမည်ကျော် ခရီးသွားနယ်မြေတစ်ခုဖြစ်သည့် တာ့ဂျ်မဟာကို ယမန်ယာယီ ပိတ်ထားခဲ့ရဖြစ်သည်။

 

ဗုံးလှန့်မှုဖြစ်ပွားပြီးနောက် တာ့ဂျ်မဟာသို့ အလည်အပတ်ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသွားများကို ထွက်ခွာသွားရန် ပြောကြားခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြကြသည်။

 

မည်သူမည်ဝါဟုမသိရသော ဖုန်းခေါ်ဆိုသူတစ်ဦးထံမှ ဗုံးဖြင့်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုတစ်ရပ် ရရှိပြီး နောက် ကမ္ဘာလှည့်ခရီးသွား ၁၀၀၀ ကျော်ကို တာ့ဂျ်မဟာမှထွက်ခွာရန် တောင်းဆိုခဲ့ကြောင်း ဒေသန္တရမီဒီယာ သတင်းတစ်ပုဒ်က ဖော်ပြသည်။

 

ဗုံးလှန့်မှုကြောင့် အဂ္ဂရာမြို့၌ ကစဉ့်ကလျားအခြေအနေများ ဖြစ်ပွားခဲ့ပြီး ဒေသန္တရအာဏာပိုင်များက တာ့ဂျ်မဟာသို့ ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။

 

မိဖုရား မွမ်တက်ဇ်မဟာကို သတိရနေရန် အထိမ်းအမှတ်အနေဖြင့် မူဂေါ်အင်ပါယာ ရှားဂျာဟန်က ၁၆၅၃ ခုနှစ်တွင် အဖြူရောင် စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့သည့် တာ့ဂျ်မဟာက အိန္ဒိယနိုင်ငံ၌ ကမ္ဘာလှည့်ခရီး သွား အများဆုံးဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည်။

 

ကိုးကား – ဘနားမား

 

Ref; Taj Mahal temporarily shut following bomb scare

 

(unicode)

ဗုံးလှန့ျမှုကွောင့ျ တာ့ဂြျမဟာအား ယာယီ ပိတျထားခဲ့ရ
………………………………..








Ref; Taj Mahal temporarily shut following bomb scare


Share this post