• Follow Us on

Home ဘကၠဒက္က အေမရိကန္သံ႐ုံးဒုံးက်ည္နဲ႔ ပစ္ခံရ၊ ဝန္ထမ္းမ်ား ဒဏ္ရာရ

ဘကၠဒက္က အေမရိကန္သံ႐ုံးဒုံးက်ည္နဲ႔ ပစ္ခံရ၊ ဝန္ထမ္းမ်ား ဒဏ္ရာရ

Share this post

ဘကၠဒက္၊ ဇန္နဝါရီ ၂၇

တနဂၤေႏြေန႔က အီရတ္နိုင္ငံၿမိဳ႕ေတာ္ဘကၠဒက္မွာရွိတဲ့ အေမရိကန္သံ႐ုံးကို ဒုံးက်ည္ ၃ စင္းထိမွန္ခဲ့တယ္လို႔ အေမရိကန္အရာရွိတစ္ေယာက္က CNN ကိုေျပာပါတယ္။

အခုတိုက္ခိုက္မႈေၾကာင့္ လူတစ္ေယာက္ဒဏ္ရာရခဲ့ေပမဲ့ အေသးစားဒဏ္ရာပဲျဖစ္ၿပီး အဲဒီလူ တာဝန္ျပန္ထမ္းေဆာင္နိုင္ၿပီလို႔လည္း ေျပာပါတယ္။

ဒုံးက်ည္တစ္စင္းက စားေသာက္တန္းရွိေကာ္ဖီဆိုင္ကိုထိမွန္ခဲ့ၿပီး ေနာက္ထပ္ႏွစ္စင္းကေတာ့ သိပ္မေဝးတဲ့တစ္ေနရာမွာက်ခဲ့တာလို႔လည္း သတင္းရင္းျမစ္ေတြက AFP သတင္းေအဂ်င္စီ ကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ အခုျဖစ္ရပ္ဟာ ပထမဆုံးသံ႐ုံးဝန္ထမ္းေတြဒဏ္ရာရတဲ့ပထမဆုံးျဖစ္ရပ္ပါ။

ဒီတိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္လို႔ ဘယ္အဖြဲ႕အစည္းကမွဝန္ခံမထားေပမဲ့ အရင္တုန္းက အီရတ္မွာအေျခစိုက္ၿပီး အီရန္ေက်ာေထာက္ေနာက္ခံေပးထါးတဲ့တပ္ဖြဲ႕ေတြကို အေမရိကန္က အျပစ္တင္ထားပါတယ္။

အီရတ္ဝန္ႀကီးခ်ဳပ္အက္ဒဲ အဗၺဒူ မာဒီကေတာ့ ဒီတိုက္ခိုက္မႈကိုရႈတ္ခ်ပါတယ္။ သံတမန္ အေ ဆာက္အအုံေတြကို ကာကြယ္ဖို႔ကတိျပဳတဲ့အီရတ္အစိုးရအေနနဲ႕ ကတိတည္ဖို႔ အီရတ္အစိုး ရကိုတိုက္တြန္းတယ္ဆိုၿပီး အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာပါတယ္။

အီရတ္မွာ မၾကာေသးခင္ကတိုက္ခိုက္မႈေတြဟာ အေမရိကန္တပ္သားေတြအေျခစိုက္တဲ့ အေျခစိုက္စခန္းေတြနဲ႕ သံ႐ုံးေတြကို ဦးတည္တိုက္ခိုက္ေနတာပါ။ၿပီးခဲ့တဲ့လမွာအေမရိကန္-အီရန္ဆက္ဆံေရးတင္းမာခဲ့တဲ့ၾကားထဲ အီရတ္နိုင္ငံေရာက္ေနပါတယ္။

Source- BBC

Photo – Keyc TV

[Unicode]
ဘက္ကဒက်က အမေရိကန်သံရုံးဒုံးကျည်နဲ့ ပစ်ခံရ၊ ဝန်ထမ်းများ ဒဏ်ရာရ
……………………………………………………………………….

ဘက္ကဒက်၊ ဇန်နဝါရီ ၂၇

တနင်္ဂနွေနေ့က အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို ဒုံးကျည် ၃ စင်းထိမှန်ခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ယောက်က CNN ကိုပြောပါတယ်။

အခုတိုက်ခိုက်မှုကြောင့် လူတစ်ယောက်ဒဏ်ရာရခဲ့ပေမဲ့ အသေးစားဒဏ်ရာပဲဖြစ်ပြီး အဲဒီလူ တာဝန်ပြန်ထမ်းဆောင်နိုင်ပြီလို့လည်း ပြောပါတယ်။

ဒုံးကျည်တစ်စင်းက စားသောက်တန်းရှိကော်ဖီဆိုင်ကိုထိမှန်ခဲ့ပြီး နောက်ထပ်နှစ်စင်းကတော့ သိပ်မဝေးတဲ့တစ်နေရာမှာကျခဲ့တာလို့လည်း သတင်းရင်းမြစ်တွေက AFP သတင်းအေဂျင်စီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အခုဖြစ်ရပ်ဟာ ပထမဆုံးသံရုံးဝန်ထမ်းတွေဒဏ်ရာရတဲ့ပထမဆုံးဖြစ်ရပ်ပါ။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ဘယ်အဖွဲ့အစည်းကမှဝန်ခံမထားပေမဲ့ အရင်တုန်းက အီရတ်မှာအခြေစိုက်ပြီး အီရန်ကျောထောက်နောက်ခံပေးထါးတဲ့တပ်ဖွဲ့တွေကို အမေရိကန်က အပြစ်တင်ထားပါတယ်။

အီရတ်ဝန်ကြီးချုပ်အက်ဒဲ အဗ္ဗဒူ မာဒီကတော့ ဒီတိုက်ခိုက်မှုကိုရှုတ်ချပါတယ်။ သံတမန် အ ေဆာက်အအုံတွေကို ကာကွယ်ဖို့ကတိပြုတဲ့အီရတ်အစိုးရအနေနဲ့ ကတိတည်ဖို့ အီရတ်အစိုး ရကိုတိုက်တွန်းတယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

အီရတ်မှာ မကြာသေးခင်ကတိုက်ခိုက်မှုတွေဟာ အမေရိကန်တပ်သားတွေအခြေစိုက်တဲ့ အခြေစိုက်စခန်းတွေနဲ့ သံရုံးတွေကို ဦးတည်တိုက်ခိုက်နေတာပါ။ပြီးခဲ့တဲ့လမှာအမေရိကန်-အီရန်ဆက်ဆံရေးတင်းမာခဲ့တဲ့ကြားထဲ အီရတ်နိုင်ငံရောက်နေပါတယ်။

Source- BBC

Photo – Keyc TV


Share this post