• Follow Us on

Home ဘက္ကဒက်မြို့တွင် ပြီးခဲ့သည့် ၃ နှစ်အတွင်းပထမဆုံးအကြီးစားအသေခံဗုံးခွဲမှုကြောင့် လူ ၃၂ ယောက်သေဆုံး

ဘက္ကဒက်မြို့တွင် ပြီးခဲ့သည့် ၃ နှစ်အတွင်းပထမဆုံးအကြီးစားအသေခံဗုံးခွဲမှုကြောင့် လူ ၃၂ ယောက်သေဆုံး

Share this post

ဘက္ကဒက်၊ ဇန်နဝါရီ ၂၂
 
ကြာသပတေးနေ့က ဘက္ကဒတ်မြို့ရှိလူစည်ကားသည့်ဈေးတဈေးတွင် လူ ၃၂ ယောက်သေဆုံးခဲ့သော အသေခံဗုံးခွဲမှုသည် သူတို့လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ်နိုင်ငံတော်(အိုင်အက်စ်)အကြမ်းဖက်အဖွဲ့က ထုတ်ပြောသည်။
 
ဘက္ကဒတ်မြို့တွင် အသေခံဗုံးခွဲမှုမဖြစ်ပွားသည့်မှာ ၃ နှစ်ရှိနေပြီး ယခုဖြစ်ရပ်သည် အိုင်အက်စ်များအသက် ပြန်ဝင်လာသည်ဟု အရိပ်လက္ခဏာပြခြင်းဖြစ်နိုင်ကြောင်း အီရတ်အာဏာပိုင်များကပြောသည်။
 
ဘက္ကဒတ်မြို့လယ်ရှိ တာယာရန်ရင်ပြင်တွင် အိုင်အက်စ်အဖွဲ့ဝင် ၂ ယောက် ကိုယ့်ကိုယ်ကိုဖောက်ခွဲခဲ့ကြောင်း အိုင်အက်စ်အဖွဲ့၏တယ်လီဂရမ်ချန်နယ်တွင် သောကြာနေ့မနက်အစောပိုင်း၌ ထုတ်ပြန်ထားသည်။
 
အနည်းဆုံးလူ ၁၁၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များကပြောသည်။
 
၂၀၁၇ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့ကိုနှင်ထုတ်နိုင်ပြီးနောက် နေ့စဉ်နီးပါးအသေခံတိုက်ခိုက်မှုများဖြစ်ခဲ့သည့်အီ ရတ်မြို့တော်တွင် ပုံမှန်အတိုင်းနေထိုင်နေပြီဖြစ်သည်။
 
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် အနည်းဆုံးလူ ၂၇ ယောက်သေဆုံးခဲ့သည့် နောက်ဆုံးအကြီးအကျယ်အသေခံဗုံးခွဲမှု သည်လည်း ထိုနေရာတွင်ပင်ဖြစ်ပွားခဲ့သည်။
 
Ref : First big suicide attack in Baghdad for 3 years kills at least 32
 
#PeopleMedia
 
(unicode)
…………………………………………..
 
ဘက်ကဒကျ၊ ဇနျနဝါရီ ၂၂
 
 
 
 
 
 
 
Ref : First big suicide attack in Baghdad for 3 years kills at least 32
 
#PeopleMedia

Share this post