• Follow Us on

Home ဘင်္ဂလားပင်လယ်အော်တွင် နယ်မြေကျူးကျော်သည်ဟုဆိုကာ အိန္ဒိယတံငါသည် ၂၈ ယောက်ဖမ်းခံရ

ဘင်္ဂလားပင်လယ်အော်တွင် နယ်မြေကျူးကျော်သည်ဟုဆိုကာ အိန္ဒိယတံငါသည် ၂၈ ယောက်ဖမ်းခံရ

Share this post

ဒါကာ၊ ဇန်နဝါရီ ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက်လာသည်ဟု ဆိုကာ အိန္ဒိယတံငါသည်အနည်းဆုံး ၂၈ ယောက်ကို မုန်ဂလာပင်လယ်ဆိပ်ကမ်း၊ ကမ်းခြေစောင့်တပ်ဖွဲ့က သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်။
 
တံငါသည်များနှင့်အတူ ဆွဲသင်္ဘော ၂ စင်းကိုလည်း သိမ်းဆည်းထားသည်။ သောကြာနေ့ညပိုင်းတွင် မုန်ဂလာရဲစခန်းထံ တံငါသည်များကိုလွှဲပြောင်းပေးခဲ့သည်။
 
ထိုတံငါသည်များမှာ အိန္ဒိယနိုင်ငံရှိ ခရိုင် ၂၄ ခုမှဖြစ်သည်။
 
ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်၌ ပုံမှန်ကင်းလှည့်နေချိန်တွင် တွေ့ရှိခဲ့သဖြင့် မုန်ဂလာ အနောက်ဘက်ဇုန်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသိမ်းဆည်းမှုများပြုလုပ်ခဲ့ကြောင်း မုန်ဂလာရဲစခန်း တာဝန်ခံရဲအရာရှိ အစ်ကဘယ် ဘာဟာ ချောင်ဒရီကပြောသည်။
 
ထိုတံငါသည်များက ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်လာပြီး ငါးဖမ်းနေကြခြင်းဖြစ်သည်။
 
အလားတူဖြစ်ရပ်များကိုတင်ပြရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကပြောသည်။
 
Ref : 28 Indian fishermen detained for illegal intrusion in Bay of Bengal
 
#PeopleMedia
 
(unicode)
…………………………………………..
 
 
 
 
 
 
 
 
Ref : 28 Indian fishermen detained for illegal intrusion in Bay of Bengal
 
#PeopleMedia

Share this post