• Follow Us on

Home ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ႏွစ္ရက္ၾကာတည္ရွိေနေသာ ေလဖိအားနည္းရပ္၀န္း ယေန႔ည အိႏိၵယႏွင့္ဘဂၤလားေဒ့ရွ္ ႏွစ္ခုစလုံး၏ ကုန္းတြင္းပိုင္း၀င္ေရာက္ႏိုင္ေျခရွိ

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ႏွစ္ရက္ၾကာတည္ရွိေနေသာ ေလဖိအားနည္းရပ္၀န္း ယေန႔ည အိႏိၵယႏွင့္ဘဂၤလားေဒ့ရွ္ ႏွစ္ခုစလုံး၏ ကုန္းတြင္းပိုင္း၀င္ေရာက္ႏိုင္ေျခရွိ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၅

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ႏွစ္ရက္ၾကာတည္ရွိေနေသာ ေလဖိအားနည္းရပ္၀န္း ယေန႔ည အိႏိၵယႏွင့္ဘဂၤလားေဒ့ရွ္ ႏွစ္ခုစလုံး၏ ကုန္းတြင္းပိုင္း၀င္ေရာက္ႏိုင္ေျခရွိေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

ေလဖိအားနည္းရပ္၀န္းႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၅ရက္ PeopleMedia ကဆက္သြယ္မးျမန္းရာတြင္ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာသည္။

“ေလာေလာဆယ္ေတာ့ သူကကမ္းစပ္နားမွာ ေလလွည့္မႈအေနနဲ႔ဆိုရင္ေတာ့အားမေကာင္းဘူး။ သို႔ေသာ္ သူ႔ကကမ္းနားျဖစ္ ေတာ့အ၀န္းအဝိုင္းကက်ယ္တယ္။သူ႔ကိုမွန္းထားတာေတာ့ ဒီေန႔ည ညပိုင္းကမ္းကျဖတ္ႏိုင္တယ္လို႔ေတာ့မွန္းထားတယ္။ တခ်ဳိ႔ တြက္တာ ၾသဂုတ္လ၂၆ရက္အထိရွိေနတာလည္းေတြ႕ရတယ္။နည္းနည္းေတာ့ သူကေစာင့္ၾကည့္ရမယ္။ျဖတ္ရင္ေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယကုန္းတြင္းနားမွာျဖစ္ေနတာဆိုေတာ့ ျဖတ္ရင္ႏွစ္ခုစလုံးကိုျဖတ္မယ္။ သူ႔အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံမွာ မိုးသက္ေလျပင္းက်တာ လႈိင္းႀကိးတာရွိမယ္။ေလတိုက္နႈန္းက တစ္နာရီ ၃၅မိုင္ကေန မိုင္၄၀ေလာက္ထိရွိႏိုင္တယ္”ဟု ၎ကေျပာသည္။

အဆိုပါဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္တည္ရွိေနေသာ ေလဖိအားနည္းရပ္၀န္းသည္ အိႏိၵယႏွင့္ ဘဂၤလားေဒ့ရွ္ အနီးတြင္ ၾသဂုတ္လ ၂၄ရက္ေန႔ကတည္းကတည္ရွိေနျခင္းျဖစ္သည္။

၎ေလဖိအားနည္းရပ္၀န္းေၾကာင့္ ကမ္း႐ိုးတန္းႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ မိုးႀကီးမည္ျဖစ္ၿပီး လႈိင္းအျမင့္ေပ ၈ေပမွ ၁၂ေပခန္႔ရွိႏိုင္ေၾကာင္းသိရသည္။

#PeopleMedia #မုိးဇလ

(unicode)
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် နှစ်ရက်ကြာတည်ရှိနေသော လေဖိအားနည်းရပ်ဝန်း ယနေ့ည အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နှစ်ခုစလုံး၏ ကုန်းတွင်းပိုင်းဝင်ရောက်နိုင်ခြေရှိ
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၅

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် နှစ်ရက်ကြာတည်ရှိနေသော လေဖိအားနည်းရပ်ဝန်း ယနေ့ည အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နှစ်ခုစလုံး၏ ကုန်းတွင်းပိုင်းဝင်ရောက်နိုင်ခြေရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ ဩဂုတ်လ ၂၅ရက် PeopleMedia ကဆက်သွယ်မးမြန်းရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

“လောလောဆယ်တော့ သူကကမ်းစပ်နားမှာ လေလှည့်မှုအနေနဲ့ဆိုရင်တော့အားမကောင်းဘူး။ သို့သော် သူ့ကကမ်းနားဖြစ် တော့အဝန်းအဝိုင်းကကျယ်တယ်။သူ့ကိုမှန်းထားတာတော့ ဒီနေ့ည ညပိုင်းကမ်းကဖြတ်နိုင်တယ်လို့တော့မှန်းထားတယ်။ တချို့ တွက်တာ ဩဂုတ်လ၂၆ရက်အထိရှိနေတာလည်းတွေ့ရတယ်။နည်းနည်းတော့ သူကစောင့်ကြည့်ရမယ်။ဖြတ်ရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကုန်းတွင်းနားမှာဖြစ်နေတာဆိုတော့ ဖြတ်ရင်နှစ်ခုစလုံးကိုဖြတ်မယ်။ သူ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးသက်လေပြင်းကျတာ လှိုင်းကြိးတာရှိမယ်။လေတိုက်နှုန်းက တစ်နာရီ ၃၅မိုင်ကနေ မိုင်၄၀လောက်ထိရှိနိုင်တယ်”ဟု ၎င်းကပြောသည်။

အဆိုပါဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တည်ရှိနေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အနီးတွင် ဩဂုတ်လ ၂၄ရက်နေ့ကတည်းကတည်ရှိနေခြင်းဖြစ်သည်။

၎င်းလေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတန်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးကြီးမည်ဖြစ်ပြီး လှိုင်းအမြင့်ပေ ၈ပေမှ ၁၂ပေခန့်ရှိနိုင်ကြောင်းသိရသည်။

#PeopleMedia #မိုးဇလ


Share this post