• Follow Us on

Home ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္ ၀န္းတစ္ခုျဖစ္ေပၚေနၿပီး ျမန္မာႏိုင္ငံတြင္ေနရာအႏွံ႔ မိုးႀကီးမည္

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္ ၀န္းတစ္ခုျဖစ္ေပၚေနၿပီး ျမန္မာႏိုင္ငံတြင္ေနရာအႏွံ႔ မိုးႀကီးမည္

Share this post

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၉

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚေနၿပီး ျမန္မာႏိုင္ငံတြင္ေနရာအႏွံ႔ မိုးႀကီးမည္ျဖစ္ေၾကာင္း မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ေက်ာ္မိုးဦးကေျပာသည္။

ေလဖိအားနည္းရပ္၀န္းတည္ရွိေနျခင္းအား ၾသဂုတ္လ၁၉ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ မိုးေလ၀သႏွင့္ ဇလဗေဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာၾကားခဲ့သည္။

“ကြ်န္ေတာ္တို႔ ခန္႔မွန္းတာေတာ့ မုန္တိုင္းအျဖစ္ကိုေရာက္မလာႏိုင္ဘဲ သိပ္မၾကာခင္မွာ ကုန္းတြင္းပိုင္းကို ၀င္ေရာက္သြားႏိုင္တယ္ေပါ့။ အိႏၵိယကေတာ့ ေလဖိအားနည္းရပ္၀န္းနဲ႔မုန္တိုင္းငယ္ၾကားဆိုၿပီး ေတာ့ ေပးထားတယ္။ ေလဖိအားနည္းရပ္၀န္းေၾကာင့္ ခ်င္းတို႔၊ရခိုင္တို႔မွာ မိုးပိုလာမယ္။ေနာက္ေနရာကြက္မိုးႀကီး တာ။ ေဒသအလိုက္မိုးႀကီးတာျဖစ္ႏိုင္တယ္။အဲဒီလိုျဖစ္လာေတာ့ ေျမျပဳိတာတို႔၊ေရႀကီးေရလွ်ံျဖစ္တာတို႔ျဖစ္လာႏိုင္တ ယ္။ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာေတာ့ လႈိင္းေလထန္တာတို႔ျဖစ္ႏိုင္တာေပါ့’’ဟု ၎ကေျပာသည္။

မိုးေလ၀သႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ၾသဂုတ္လ ၁၉ရက္မနက္ပိုင္းသတင္းထုတ္ျပန္ခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚေနၿပီး ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းႀကီးကာ လႈိင္းအျမင့္ေပမွာ ၉ေပမွ ၁၂ေပခန္႔အထိရွိႏိုင္ေၾကာင္းသိရသည္။

ဘဂၤလားပင္လယ္ေအာ္တြင္ျဖစ္ပြားသည့္ေလဖိအားနည္းရပ္၀န္းမ်ားသည္ႏွစ္တစ္ရာအတြင္း အိႏၵိယကုန္းပိုင္း အတြင္းသို႔သာ ၀င္ေရာက္ ပ်က္ျပယ္ေလ့ရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ် ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံတွင်နေရာအနှံ့ မိုးကြီးမည်
………………………………………………………

နေပြည်တော်၊ ဩဂုတ် ၁၉

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံတွင်နေရာအနှံ့ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးကပြောသည်။

လေဖိအားနည်းရပ်ဝန်းတည်ရှိနေခြင်းအား ဩဂုတ်လ၁၉ရက် people media က ဆက်သွယ်မေးမြန်းရာတွင် မိုးလေဝသနှင့် ဇလဗဒေညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားခဲ့သည်။

“ကျွန်တော်တို့ ခန့်မှန်းတာတော့ မုန်တိုင်းအဖြစ်ကိုရောက်မလာနိုင်ဘဲ သိပ်မကြာခင်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားနိုင်တယ်ပေါ့။ အိန္ဒိယကတော့ လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းငယ်ကြားဆိုပြီး တော့ ပေးထားတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် ချင်းတို့၊ရခိုင်တို့မှာ မိုးပိုလာမယ်။နောက်နေရာကွက်မိုးကြီး တာ။ ဒေသအလိုက်မိုးကြီးတာဖြစ်နိုင်တယ်။အဲဒီလိုဖြစ်လာတော့ မြေပြိုတာတို့၊ရေကြီးရေလျှံဖြစ်တာတို့ဖြစ်လာနိုင်တ ယ်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ လှိုင်းလေထန်တာတို့ဖြစ်နိုင်တာပေါ့’’ဟု ၎င်းကပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၁၉ရက်မနက်ပိုင်းသတင်းထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးကာ လှိုင်းအမြင့်ပေမှာ ၉ပေမှ ၁၂ပေခန့်အထိရှိနိုင်ကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားသည့်လေဖိအားနည်းရပ်ဝန်းများသည်နှစ်တစ်ရာအတွင်း အိန္ဒိယကုန်းပိုင်း အတွင်းသို့သာ ဝင်ရောက် ပျက်ပြယ်လေ့ရှိကြောင်းသိရသည်။

#PeopleMedia


Share this post