• Follow Us on

Home ဘင်္ဂလားဒေ့ရှ်တွင် ဓာတ်ငွေ့ပိုက်လိုင်း မီးလောင်ပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံး


Share this post





Ref; indiatoday


(Unicode)
ဘင်္ဂလားဒေ့ရှ်တွင် ဓာတ်ငွေ့ပိုက်လိုင်း မီးလောင်ပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံး
…………………………………………………………………

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တောင်ပိုင်းဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကနဦး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဒဏ်ရာကြောင့် ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ လမ်းသွားလမ်းလာတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မီးလောင်မှုကြောင့်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ အရေးပေါ်အခြေအနေနဲ့ ကုသနေရသူတွေလည်းရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိန်းသိမ်းမှုအားနည်းချက်ကြောင့် အခုလို ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။

Ref; indiatoday

#PeopleMedia #International


Share this post