• Follow Us on

Home ဘဂၤလားေဒ့ရွ္တြင္ ဘာသာေရးပုတ္ခတ္သူကို ေသဒဏ္ေပးဖို႔ ဆႏၵျပသူ ၄ ဦး ရဲတပ္ဖြဲ႕ပစ္ခတ္၍ ေသဆံုး

ဘဂၤလားေဒ့ရွ္တြင္ ဘာသာေရးပုတ္ခတ္သူကို ေသဒဏ္ေပးဖို႔ ဆႏၵျပသူ ၄ ဦး ရဲတပ္ဖြဲ႕ပစ္ခတ္၍ ေသဆံုး

Share this post

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ သံမန္ေတာ္ျမတ္ မိုဟာမက္အေၾကာင္း Face book ေပၚမွာ ဘာသာေရးထိခိုက္ေစာ္ ကားေရးသားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ အဖမ္းခံထားရတဲ့ ဟိႏၵဴဘာသာ၀င္တစ္ဦးကို ေသဒဏ္ေပးဖို႔ လူႏွစ္ ေသာင္းေလာက္ လမ္းေပၚထြက္ ဆႏၵျပေတာင္းဆိုလ်က္ရွိပါတယ္။

အခုလို ဆႏၵျပမႈမွာ အထိကရုဏ္းျဖစ္ပြားမႈေတြေပၚေပါက္ခဲ့ျပီး ကိုယ့္ကိုယ္ကို ကာကြယ္မႈအေနနဲ႕ ဆႏၵျပသူ ေတြကို က်ည္အစစ္ေတြနဲ႔ ပစ္ခတ္ခဲ့ရတယ္လို႕ ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕က ေျပာပါတယ္။

အထိက႐ုဏ္းျဖစ္ပြားမႈမွာ လူ ၄ ဦး ေသနတ္ဒဏ္ရာေၾကာင့္ေသဆံုးခဲ့ျပီး လူ ၅၀ ေလာက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဆႏၵျပသူူေတြဟာ ရဲတပ္ဖြဲ႕၀င္ေတြကို ေဒါသတႀကီး ျပဳမူတံု႔ျပန္ခဲ့ၿပီး ရဲအရာရွိေတြကို ခဲနဲ႔ ပစ္ေပါက္ခဲ့ၾကတဲ့ အတြက္ အခုလို ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာရသူေတြကို နီးစပ္ရာ ေဆး႐ုံပို႔ေဆာင္ေပးထားၿပီး အနည္းဆံုး ၇ ဦးဟာ အသက္အႏၱရာယ္စိုးရိမ္ရတဲ့ အေျခအေနရွိေနၾကပါတယ္။ Facebook ေပၚမွာ သံတမန္ေတာ္ျမတ္ မိုဟာမက္ကို ေ၀ဖန္ေရးသားခဲ့တဲ့ ဟိႏၵဴ လူငယ္ကို ၿပီးခဲ့တဲ့ စေနေန႔မွာ သက္ဆိုင္ရာက ဖမ္းဆီးထားၿပီးျဖစ္ပါတယ္။ စြပ္စြဲခံထားရတဲ့ လူငယ္ကေတာ့ သူ႔ရဲ႕ Facebook ဟာ အဟက္ခံထားရၿပီး ၄င္းေရးသားခဲ့တာမဟုတ္ဘူးလို႔ ျငင္းဆိုထားပါတယ္။

Ref;AFP

(unicode)
ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးပုတ်ခတ်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြသူ ၄ ဦး ရဲတပ်ဖွဲ့ပစ်ခတ်၍ သေဆုံး
—————————————————————————-

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သံမန်တော်မြတ် မိုဟာမက်အကြောင်း Face book ပေါ်မှာ ဘာသာရေးထိခိုက်စော် ကားရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ဟိန္ဒူဘာသာဝင်တစ်ဦးကို သေဒဏ်ပေးဖို့ လူနှစ် သောင်းလောက် လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုလျက်ရှိပါတယ်။

အခုလို ဆန္ဒပြမှုမှာ အထိကရုဏ်းဖြစ်ပွားမှုတွေပေါ်ပေါက်ခဲ့ပြီး ကိုယ့်ကိုယ်ကို ကာကွယ်မှုအနေနဲ့ ဆန္ဒပြသူ တွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အထိကရုဏ်းဖြစ်ပွားမှုမှာ လူ ၄ ဦး သေနတ်ဒဏ်ရာကြောင့်သေဆုံးခဲ့ပြီး လူ ၅၀ လောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို ဒေါသတကြီး ပြုမူတုံ့ပြန်ခဲ့ပြီး ရဲအရာရှိတွေကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အတွက် အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံပို့ဆောင်ပေးထားပြီး အနည်းဆုံး ၇ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိနေကြပါတယ်။ Facebook ပေါ်မှာ သံတမန်တော်မြတ် မိုဟာမက်ကို ဝေဖန်ရေးသားခဲ့တဲ့ ဟိန္ဒူ လူငယ်ကို ပြီးခဲ့တဲ့ စနေနေ့မှာ သက်ဆိုင်ရာက ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ စွပ်စွဲခံထားရတဲ့ လူငယ်ကတော့ သူ့ရဲ့ Facebook ဟာ အဟက်ခံထားရပြီး ၄င်းရေးသားခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Ref;AFP


Share this post