• Follow Us on

Home ဘင်္ဂလားဒေ့ရှ်တွင် မီးရထားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၆ ဦးသေဆုံး


Share this post





Ref;Reuters


(Unicode)
ဘင်္ဂလားဒေ့ရှ်တွင် မီးရထားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၆ ဦးသေဆုံး
……………………………………………………………

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၆ ဦးသေဆုံးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိနေတယ်လို့လည်း အစိုးရအရာရှိတွေက ပြောပါတယ်။

တောင်ပိုင်းဆိပ်ကမ်းမြို့၊ စစ်တကောင်းကို ဦးတည်မောင်းနှင်လာတဲ့ မီးရထားဟာ ဆန့်ကျင်ဘက်က ဒါကာကို လာတဲ့ မီးရထားနဲ့ မြို့တော်ဒါကာအရှေ့ပိုင်း ၁၀၀ ကီလိုမီတာအကွာမှာ ဒေသစံတော်ချိန်မနက်သုံးနာရီက တိုက်မိခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးအပိုင်းအစတွေကြားက ခရီးသည်တွေကို ကယ်ထုတ်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ချေရှိနေပါတယ်။

Ref;Reuters

#PeopleMedia #International


Share this post