• Follow Us on

Home ဘင်္ဂလားဒေ့ရှ်တွင် အစိုးရကို ဝေဖန်သော ဘွဲ့ကြိုကျောင်းသားတစ်ဦး ရိုက်သတ်ခံရ

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရကို ဝေဖန်သော ဘွဲ့ကြိုကျောင်းသားတစ်ဦး ရိုက်သတ်ခံရ

Share this post

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘွဲ့ကြိုကျောင်းသားတစ်ယောက် အထင်ကရ တက္ကသိုလ်တစ်ခုရှေ့မှာ ရိုက်သတ်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ် ၀ှမ်းက ကျောင်းသားတွေ ဆန္ဒပြလျက်ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ်အဆိုပါကျောင်းသားဟာ အစိုးရကို ဆိုရှယ်မီဒီ ယာပေါ်မှာ ဝေဖန်ရေးသားထားတဲ့ ပို့စ်တင်ခဲ့ပြီးနောက် အခုလို အသေ ရိုက်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအစိုးရကို ထောက်ခံအားပေးတဲ့ ကျောင်းသားအဖွဲ့က ကျောင်း သားအေတော်များများကို အခုအမှုအတွက် သက်ဆိုင်ရာက ဖမ်းဆီး ထားခဲ့ပြီးဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် တုန်လှုပ်စရာဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပြီး ပုဂ္ဂလိကတက္ကသိုလ်တွေမှာ အကြမ်းဖက်မှုဓလေ့စရိုက်တွေကို လည်း ထင်ပေါ်စေခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဘွဲ့ကြိုကျောင်းသားအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ အစိုးရကတိပြုထားခဲ့ပြီးဖြစ်ပါတယ်။

သေဆုံးသူကျောင်းသားရဲ့အလောင်းကို မြို့တော်ဒါကာက ဘင်္ဂလား ဒေ့ရှ် နည်းပညာတက္ကသိုလ်ရှေ့မှာ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Ref; BBC


Share this post