• Follow Us on

Home ဘဂၤလားေဒ့ရွ္နဲ႔ ဘဂၤ ါလီဒုကၡသည္ေတြၾကား ႏုိင္ငံတကာက ကစားပြဲ ဖန္တီးေနဟုဆို

ဘဂၤလားေဒ့ရွ္နဲ႔ ဘဂၤ ါလီဒုကၡသည္ေတြၾကား ႏုိင္ငံတကာက ကစားပြဲ ဖန္တီးေနဟုဆို

Share this post

ဘဂၤလားေဒ့ရွ္အစိုးရဟာ ျမန္မာႏုိင္ငံက ဒုကၡသည္တစ္သိန္းေနထုိင္ဖို႔အတြက္ ၿမိဳ႕တစ္ၿမိဳ႕လံုးကို တည္ေဆာက္ ေပးခဲ့ေပမယ့္ အေနာက္ႏုိင္ငံေတြနဲ႔ ၄င္းတို႔ရဲ႕ NGOs အဖြဲ႕အစည္းေတြက ေရႊ႕ေျပာင္းေနထုိင္ျခင္းမျပဳဖို႕ လႈံ႕ေဆာ္ေနၾကတယ္လို႔ ဘဂၤလားေဒ့ရွ္ ကာကြယ္ေရးဆိုင္ရာ Facebook Page တစ္ခုျဖစ္တဲ့ Bangladesh Defence & Security Analysis ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ေ၀ဖန္ေရးသားခဲ့ပါတယ္။

အေနာက္ႏုိင္ငံအုပ္စုေတြဟာ ဘဂၤ ါလီဒုကၡသည္ေတြကို လက္ရွိဒုကၡသည္စခန္းေတြမွာပဲ ေနထိုင္ေစလိုၿပီး အခုလို ဆႏၵရွိေနတာက ဒုကၡသည္ေတြဆီကို လာေရာက္ရလြယ္ကူၿပီး ၄င္းတို႔ရဲ႕အခက္အခဲကို အသံုးခ်ႏုိင္္လို႔ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။
လတ္တေလာ အင္အားႀကီးႏုိင္ငံတခ်ိဳ႕ဟာ ယင္းစီမံကိန္းကို လြတ္လပ္တဲ့အဖြဲ႕အစည္းတစ္ခုက စိစစ္မႈေတြ မလုပ္ခင္အထိ ဒုကၡသည္ေတြ ေရႊ႕ေျပာင္းမႈကို ဆိုင္းငံထားဖို႔ေတာင္းဆိုထားပါတယ္။

အဲဒီ့လြတ္လပ္တဲ့ အဖြဲ႕အစည္းဆိုတာ ၄င္းတို႔ရဲ႕ ေပးကမ္းမႈေအာက္မွာသာရွိေနတယ္လို႔လည္း Bangladesh Defence & Security Analysis က စြပ္စြဲေရးသားထားပါတယ္။
ဒါဟာ ႏုိင္ငံတကာအဖြဲ႕အစည္းအေနနဲ႔ ဘဂၤ ါလီဒုကၡသည္နဲ႔ ဘဂၤလားေဒ့ရွ္ၾကားမွာ ကစားပြဲႀကီးတစ္ခုကို ကစားေနျခင္းသာျဖစ္ၿပီး အဖက္ဖက္ကို ထိခိုက္နစ္နာေစတယ္လို႔လည္း Bangladesh Defence & Security Analysis က ေ၀ဖန္သံုးသပ္ထားပါတယ္။

ဆက္လက္ၿပီး ေနာက္ဆံုးမွာ ျမန္မာႏုိင္ငံအေနနဲ႔ ၄င္းတို႔လူေတြကို ျပန္ေခၚရမွာျဖစ္ၿပီး ျမန္မာနုိင္ငံဘက္ကသာ တာ၀န္ယူမႈရွိရင္ အခ်ိန္အမ်ားၾကီး ၾကာျမင့္စရာမရွိဘူးလို႔လည္း ေ၀ဖန္ေရးသားခဲ့ပါတယ္။

Ref; Bangladesh Defence & Security Analysis

(unicode)
ဘင်္ဂလားဒေ့ရှ်နဲ့ ဘင်္ဂါလီဒုက္ခသည်တွေကြား နိုင်ငံတကာက ကစားပွဲ ဖန်တီးနေဟုဆို
———————————————————————

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံက ဒုက္ခသည်တစ်သိန်းနေထိုင်ဖို့အတွက် မြို့တစ်မြို့လုံးကို တည်ဆောက် ပေးခဲ့ပေမယ့် အနောက်နိုင်ငံတွေနဲ့ ၄င်းတို့ရဲ့ NGOs အဖွဲ့အစည်းတွေက ရွှေ့ပြောင်းနေထိုင်ခြင်းမပြုဖို့ လှုံ့ဆော်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဆိုင်ရာ Facebook Page တစ်ခုဖြစ်တဲ့ Bangladesh Defence & Security Analysis အောက်တိုဘာ ၂၅ ရက်နေ့မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

အနောက်နိုင်ငံအုပ်စုတွေဟာ ဘင်္ဂါလီဒုက္ခသည်တွေကို လက်ရှိဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်စေလိုပြီး အခုလို ဆန္ဒရှိနေတာက ဒုက္ခသည်တွေဆီကို လာရောက်ရလွယ်ကူပြီး ၄င်းတို့ရဲ့အခက်အခဲကို အသုံးချနိုင်လို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လတ်တလော အင်အားကြီးနိုင်ငံတချို့ဟာ ယင်းစီမံကိန်းကို လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုက စိစစ်မှုတွေ မလုပ်ခင်အထိ ဒုက္ခသည်တွေ ရွှေ့ပြောင်းမှုကို ဆိုင်းငံထားဖို့တောင်းဆိုထားပါတယ်။

အဲဒီ့လွတ်လပ်တဲ့ အဖွဲ့အစည်းဆိုတာ ၄င်းတို့ရဲ့ ပေးကမ်းမှုအောက်မှာသာရှိနေတယ်လို့လည်း Bangladesh Defence & Security Analysis က စွပ်စွဲရေးသားထားပါတယ်။
ဒါဟာ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ ဘင်္ဂါလီဒုက္ခသည်နဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ကစားပွဲကြီးတစ်ခုကို ကစားနေခြင်းသာဖြစ်ပြီး အဖက်ဖက်ကို ထိခိုက်နစ်နာစေတယ်လို့လည်း Bangladesh Defence & Security Analysis က ဝေဖန်သုံးသပ်ထားပါတယ်။

ဆက်လက်ပြီး နောက်ဆုံးမှာ မြန်မာနိုင်ငံအနေနဲ့ ၄င်းတို့လူတွေကို ပြန်ခေါ်ရမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကသာ တာဝန်ယူမှုရှိရင် အချိန်အများကြီး ကြာမြင့်စရာမရှိဘူးလို့လည်း ဝေဖန်ရေးသားခဲ့ပါတယ်။

Ref; Bangladesh Defence & Security Analysis


Share this post