• Follow Us on

Home ဘဂၤလားေဒ့ရွ္ရဲစခန္းဗုံးေပါက္ကြဲမႈ သူတို႔လက္ခ်က္ဟု အိုင္အက္စ္အဖြဲ႕ထု တ္ေျပာ

ဘဂၤလားေဒ့ရွ္ရဲစခန္းဗုံးေပါက္ကြဲမႈ သူတို႔လက္ခ်က္ဟု အိုင္အက္စ္အဖြဲ႕ထု တ္ေျပာ

Share this post

ဒါကာ၊ ဇူလိုင္ ၃၀

ဗုဒၶဟူးေန႔က ဘဂၤလားေဒ့ရွ္ၿမိဳ႕ေတာ္ဒါကာရွိ ပယ္လာဗီရဲစခန္းမွ ဗုံးေပါက္ကြဲမႈသည္ သူတို႔လက္ခ်က္ဟု အစၥလာမ္မစ္ႏိုင္ငံေတာ္အဖြဲ႕အိုင္အက္စ္က ၀န္ခံသည္။

အိုင္အက္စ္ကဝန္ခံေၾကာင္း အေမရိကန္အေျခစိုက္ SITE ေထာက္လွမ္းေရးအဖြဲ႕က ထုတ္ျပန္သည္ဟု Dhaka Tribune သတင္းစာကေဖာ္ျပသည္။

အိုင္အက္စ္၏ Battle of Attrition လႈပ္ရွားမႈ စတုတၳေျမာက္လႈိင္းတြင္ ယခုေပါက္ကြဲမႈတစိတ္တပိုင္းပါဝင္ၿပီး အိဒ္ပြဲေတာ္ကာလကို ဦးတည္တိုက္ခိုက္မည္ျဖစ္ေၾကာင္းသတင္းမ်ားထြက္ေနစဥ္ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း SITE အဖြဲ႕ၫြန္ၾကားေရးမွဴးက တြစ္တာတြင္ေျပာသည္။

၂၀၁၉ ခုႏွစ္ ဩဂုတ္ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္တြင္ ပထမဆုံးေပါက္ကြဲမႈျဖစ္ေၾကာင္းလည္း ေျပာသည္။

ဒါကာၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕မွ အၾကမ္းဖက္မႈတုံ႔ျပန္ေရးႏွင့္ႏိုင္ငံျဖတ္ေက်ာ္မႈခင္းဌာန CTTC လက္ေထာက္ရဲမွဴး ႀကီးက ပယ္လာဗီရဲစခန္း ဗုံးေပါက္ကြဲမႈသည္ ျပည္တြင္း ရာဇ၀တ္ေကာင္မ်ားလက္ခ်က္ျဖစ္ႏိုင္ၿပီး အၾကမ္းဖ က္စစ္ေသြးႂကြတို႔၏ တိုက္ခိုက္မႈဟု မထင္ေၾကာင္း မွတ္ခ်က္ျပဳသည္။

သို႔ေသာ္ အေမရိကန္ေထာက္လွမ္းေရးအုပ္စု၏ သတင္းေပးခ်က္ကို စုံစမ္းစစ္ေဆးမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

ဗုဒၶဟူးေန႔ နံနက္ ၆ နာရီခန္႔က ပယ္လာဗီရဲစခန္းတြင္ ဗုံးတစ္လုံးေပါက္ကြဲခဲ့ရာ ရဲတပ္ဖြဲ႕၀င္ ၄ ေယာက္အပါ အ၀င္ လူ ၅ေယာက္ဒဏ္ရာရခဲ့သည္။

ဗုဒၶဟူးေန႔အေစာပိုင္း နယ္ေျမလုံၿခဳံေရးေဆာင္ရြက္ေနေသာ ပယ္လာဗီ ရဲတပ္ဖြဲ႕၀င္မ်ားသည္ ဒီဂ်စ္တယ္ခ်ိ န္ခြင္အတြင္း ဝွက္ထားေသာ ဗုံးတစ္လုံးကို ေတြ႕ရွိခဲ့ၿပီး ရဲစခန္းသို႔ သယ္ယူလာၿပီး စံနက္တံျဖဳတ္ရန္ ႀကိဳးစားစဉ္ မေမွ်ာ္လင့္ပဘဲေပါက္ကြဲမႈျဖစ္ခဲ့ေၾကာင္း၊ ဗုံးကိစၥႏွင့္ဆက္စပ္ၿပီး နယ္ခံ ၃ ေယာက္ကို ဖမ္းဆီးထားေၾကာင္း ပယ္လာဗီရဲစခန္းမွဴးက ေျပာသည္။

Ref: IS claims responsibility for Pallabi police station blast, CTTC refutes

#PeopleMedia

(Unicode)
ဘင်္ဂလားဒေ့ရှ်ရဲစခန်းဗုံးပေါက်ကွဲမှု သူတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ထု တ်ပြော
……………………………………………………

ဒါကာ၊ ဇူလိုင် ၃၀

ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာရှိ ပယ်လာဗီရဲစခန်းမှ ဗုံးပေါက်ကွဲမှုသည် သူတို့လက်ချက်ဟု အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့အိုင်အက်စ်က ဝန်ခံသည်။

အိုင်အက်စ်ကဝန်ခံကြောင်း အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်သည်ဟု Dhaka Tribune သတင်းစာကဖော်ပြသည်။

အိုင်အက်စ်၏ Battle of Attrition လှုပ်ရှားမှု စတုတ္ထမြောက်လှိုင်းတွင် ယခုပေါက်ကွဲမှုတစိတ်တပိုင်းပါဝင်ပြီး အိဒ်ပွဲတော်ကာလကို ဦးတည်တိုက်ခိုက်မည်ဖြစ်ကြောင်းသတင်းများထွက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း SITE အဖွဲ့ညွန်ကြားရေးမှူးက တွစ်တာတွင်ပြောသည်။

၂၀၁၉ ခုနှစ် ဩဂုတ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးပေါက်ကွဲမှုဖြစ်ကြောင်းလည်း ပြောသည်။

ဒါကာမြို့တော်ရဲတပ်ဖွဲ့မှ အကြမ်းဖက်မှုတုံ့ပြန်ရေးနှင့်နိုင်ငံဖြတ်ကျော်မှုခင်းဌာန CTTC လက်ထောက်ရဲမှူး ကြီးက ပယ်လာဗီရဲစခန်း ဗုံးပေါက်ကွဲမှုသည် ပြည်တွင်း ရာဇဝတ်ကောင်များလက်ချက်ဖြစ်နိုင်ပြီး အကြမ်းဖ က်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုဟု မထင်ကြောင်း မှတ်ချက်ပြုသည်။

သို့သော် အမေရိကန်ထောက်လှမ်းရေးအုပ်စု၏ သတင်းပေးချက်ကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီခန့်က ပယ်လာဗီရဲစခန်းတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ယောက်အပါ အဝင် လူ ၅ယောက်ဒဏ်ရာရခဲ့သည်။

ဗုဒ္ဓဟူးနေ့အစောပိုင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ပယ်လာဗီ ရဲတပ်ဖွဲ့ဝင်များသည် ဒီဂျစ်တယ်ချိ န်ခွင်အတွင်း ဝှက်ထားသော ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ သယ်ယူလာပြီး စံနက်တံဖြုတ်ရန် ကြိုးစားစဉ် မမျှော်လင့်ပဘဲပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ဗုံးကိစ္စနှင့်ဆက်စပ်ပြီး နယ်ခံ ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ပယ်လာဗီရဲစခန်းမှူးက ပြောသည်။

Ref: IS claims responsibility for Pallabi police station blast, CTTC refutes

#PeopleMedia


Share this post