• Follow Us on
Latest News

Home ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္၀ွမ္း ယာဥ္ပိုင္ရွင္၊ ယာဥ္လုပ္သားမ်ားစုေပါင္း သပိတ္ေမွာက္

ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္၀ွမ္း ယာဥ္ပိုင္ရွင္၊ ယာဥ္လုပ္သားမ်ားစုေပါင္း သပိတ္ေမွာက္

Share this post

ဘဂၤလားေဒ့ရွ္ႏုိင္ငံတစ္၀ွမ္း ဘက္စ္ကားနဲ႕ကုန္ကား ပိုင္ရွင္နဲ႕ယာဥ္ေမာင္းသူေတြရဲ႕ စုေပါင္းသပိတ္ကို ႏုိ၀င္ဘာ ၂၀ ရက္ေန႕မနက္မွာ စတင္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ကုန္လမ္းပို႕ေဆာင္ေရး ယာဥ္ပိုင္ရွင္၊ယာဥ္လုပ္သားမ်ားေကာင္စီဟာ အခုလို သပိတ္စတင္မယ့္ အေၾကာင္းကို ႏို၀င္ဘာ ၁၉ ရက္ေန႕ သတင္းစာရွင္းလင္းပြဲမွာ ၾကိဳတင္ေၾကညာခဲ့ျပီး အစိုးရထံ အခ်က္ ၉ ခ်က္ကို ေတာင္းဆိုထားၾကပါတယ္။

ယာဥ္ပိုင္ရွင္၊ယာဥ္လုပ္သားမ်ားသပိတ္ကိုေတာ့ ဗုဒၶဟူးေန႕ မနက္ ၆ နာရီအခ်ိန္မွာ စတင္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ တနလၤာေန႕မွာ ျမိဳ႕နယ္ ၁၀ ျမိဳ႕နယ္က ယာဥ္ေမာင္းေတြဟာ ၂၀၁၈ ခုႏွစ္ ကုန္လမ္းပို႕ေဆာင္ေရးအက္ဥပေဒကို ကန္႕ကြက္ဆႏၵျပခဲ့ၾကျပီး ဒုတိယေျမာက္ေန႕မွာေတာ့ ျမိဳ႕နယ္ ၁၅ ျမိဳ႕နယ္အထိျဖစ္လာခဲ့ပါတယ္။

အျမန္ေမာင္းတဲ့ ဘက္စ္ကားတစ္စီးေၾကာင့္ ေကာလိပ္ေက်ာင္းသား ၂ ဦးေသဆံုးမႈျဖစ္ပြားခဲ့ျပီးေနာက္ ၂၀၁၈ ခုႏွစ္ ဇူလိုင္ ၂၉ ရက္ေန႕က ႏိုင္ငံတစ္၀ွမ္းေက်ာင္းသားမ်ားဆႏၵျပမႈျဖစ္ေပၚခဲ့တဲ့အတြက္ ၂၀၁၈ ခုႏွစ္၊ၾသဂုတ္လ ၆ ရက္ေန႕မွာ ၂၀၁၈ ခုႏွစ္ ကုန္လမ္းပို႕ေဆာင္ေရးအက္ဥပေဒအသစ္ကို အစိုးရက ျပဌာန္းခဲ့တာျဖစ္ပါတယ္။

Ref; https://www.dhakatribune.com/

#PeopleMedia #International

(unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်သားများစုပေါင်း သပိတ်မှောက်
……………………………………………………………………………..

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ဘက်စ်ကားနဲ့ကုန်ကား ပိုင်ရှင်နဲ့ယာဉ်မောင်းသူတွေရဲ့ စုပေါင်းသပိတ်ကို နိုဝင်ဘာ ၂၀ ရက်နေ့မနက်မှာ စတင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကုန်လမ်းပို့ဆောင်ရေး ယာဉ်ပိုင်ရှင်၊ယာဉ်လုပ်သားများကောင်စီဟာ အခုလို သပိတ်စတင်မယ့် အကြောင်းကို နိုဝင်ဘာ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ကြိုတင်ကြေညာခဲ့ပြီး အစိုးရထံ အချက် ၉ ချက်ကို တောင်းဆိုထားကြပါတယ်။

ယာဉ်ပိုင်ရှင်၊ယာဉ်လုပ်သားများသပိတ်ကိုတော့ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီအချိန်မှာ စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ မြို့နယ် ၁၀ မြို့နယ်က ယာဉ်မောင်းတွေဟာ ၂၀၁၈ ခုနှစ် ကုန်လမ်းပို့ဆောင်ရေးအက်ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဒုတိယမြောက်နေ့မှာတော့ မြို့နယ် ၁၅ မြို့နယ်အထိဖြစ်လာခဲ့ပါတယ်။

အမြန်မောင်းတဲ့ ဘက်စ်ကားတစ်စီးကြောင့် ကောလိပ်ကျောင်းသား ၂ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က နိုင်ငံတစ်ဝှမ်းကျောင်းသားများဆန္ဒပြမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်၊ဩဂုတ်လ ၆ ရက်နေ့မှာ ၂၀၁၈ ခုနှစ် ကုန်လမ်းပို့ဆောင်ရေးအက်ဥပဒေအသစ်ကို အစိုးရက ပြဌာန်းခဲ့တာဖြစ်ပါတယ်။

Ref; https://www.dhakatribune.com/

#PeopleMedia #International


Share this post