• Follow Us on

Home ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ ကူးတို႔ေလွတစ္စင္း သဲတင္သေဘၤာႏွင့္တိုက္မိၿပီးေနာက္ တိမ္းေမွာက္ခဲ့ရာ ၁၁ ဦး ေသဆုံးၿပီး အမ်ားအျပားေပ်ာက္ဆုံး

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ ကူးတို႔ေလွတစ္စင္း သဲတင္သေဘၤာႏွင့္တိုက္မိၿပီးေနာက္ တိမ္းေမွာက္ခဲ့ရာ ၁၁ ဦး ေသဆုံးၿပီး အမ်ားအျပားေပ်ာက္ဆုံး

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၀

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လူ ၄၀ ဦးဝန္းက်င္ တင္ေဆာင္လာေသာ ကူးတို႔ေလွတစ္စင္း ယေန႔ သဲတင္ သေဘၤာတစ္စင္းႏွင့္ အျပင္းအထန္တိုက္မိၿပီးေနာက္ တိမ္းေမွာက္ခဲ့ရာ လူ ၁၁ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး အမ်ား အျပား ေပ်ာက္ဆုံးေနေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ေသဆုံးသူမ်ားတြင္ ကေလးငယ္ငါးဦးႏွင့္ အမ်ိဳးသမီးသုံးဦး ပါဝင္သည္ဟု နတ္ထ႐ိုကိုနာ ခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴး ကာဇီမိုဟာမက္အဒူရာမန္က ေျပာသည္။

ယခုေလွတိမ္းေမွာက္မႈျဖစ္ရပ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ၿမိဳ႕ေတာ္ ဒါကာၿမိဳ႕ေျမာက္ဘက္ ကီလိုမီတာ ၁၆၀ ခန္႔အကြာ ဂူမိုင္ျမစ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“လက္ရွိအခ်ိန္ထိ အေလာင္း ၁၁ ေလာင္း ျပန္ေတြ႕ရွိခဲ့ၿပီျဖစ္ပါတယ္” ဟု ၄င္းက ေျပာသည္။ ေပ်ာက္ဆုံး ေနသူမ်ားအတြက္ ကယ္ဆယ္ေရးလုပ္ငန္း ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သူက ဆိုသည္။

ကုန္းတြင္းေရလမ္းေၾကာင္းမ်ား ရွိလင့္ကစား ေလ်ာ့ရဲေသာ ေဘးအႏၲရာယ္ကင္းမႈ စံႏႈန္းမ်ားရွိရာ ေျမနိမ့္ တိုင္းျပည္တစ္ခုျဖစ္သည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ ကူးတို႔ေလွ မေတာ္တဆျဖစ္စဉ္မ်ားေၾကာင့္ ႏွစ္စဉ္ လူေပါင္း ရာႏွင့္ခ်ီ၍ ေသဆုံးၾကရသည္။

ကိုးကား – ႐ိုက္တာ

Ref; Bangladesh ferry accident kills at least 11, many missing

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့လှေတစ်စင်း သဲတင်သင်္ဘောနှင့်တိုက်မိပြီးနောက် တိမ်းမှောက်ခဲ့ရာ ၁၁ ဦး သေဆုံးပြီး အများအပြားပျောက်ဆုံး
……………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၄၀ ဦးဝန်းကျင် တင်ဆောင်လာသော ကူးတို့လှေတစ်စင်း ယနေ့ သဲတင် သင်္ဘောတစ်စင်းနှင့် အပြင်းအထန်တိုက်မိပြီးနောက် တိမ်းမှောက်ခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများ အပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သေဆုံးသူများတွင် ကလေးငယ်ငါးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်ဟု နတ်ထရိုကိုနာ ခရိုင်အုပ်ချုပ် ရေးမှူး ကာဇီမိုဟာမက်အဒူရာမန်က ပြောသည်။

ယခုလှေတိမ်းမှောက်မှုဖြစ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာမြို့မြောက်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာ ဂူမိုင်မြစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်ထိ အလောင်း ၁၁ လောင်း ပြန်တွေ့ရှိခဲ့ပြီဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။ ပျောက်ဆုံး နေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နေကြောင်း သူက ဆိုသည်။

ကုန်းတွင်းရေလမ်းကြောင်းများ ရှိလင့်ကစား လျော့ရဲသော ဘေးအန္တရာယ်ကင်းမှု စံနှုန်းများရှိရာ မြေနိမ့် တိုင်းပြည်တစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့လှေ မတော်တဆဖြစ်စဉ်များကြောင့် နှစ်စဉ် လူပေါင်း ရာနှင့်ချီ၍ သေဆုံးကြရသည်။

ကိုးကား – ရိုက်တာ

Ref; Bangladesh ferry accident kills at least 11, many missing

#PeopleMedia


Share this post