• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာတွင် တစ်ကိုယ်တော်အကြမ်းဖက်သမားတစ်ဦး တိုက်ခိုက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာတွင် တစ်ကိုယ်တော်အကြမ်းဖက်သမားတစ်ဦး တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀ (People Media)

 

တာလီဘန်များ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်ကိုသိမ်းပိုက်ပြီးနောက် သီတင်းပတ်များစွာအကြာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ သံတမန်နယ်မြေတွင် ယခုသီတင်းပတ်အတွင်း တစ်ကိုယ်တော်တိုက်ခိုက် ရေးသမားတစ်ဦးက တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

 

ယင်းတိုက်ခိုက်မှုမှာ တာလီဘန်များ အာဖဂန်နစ္စတန်ကိုသိမ်းပိုက်ပြီးနောက် အာဖဂန်နစ္စတန်ပြင်ပတွင် ပထမဦး ဆုံးဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်။

 

ဒါကာမြို့တော်ရှိ ထိုင်းသံရုံးအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးက အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြီး ကြီးမားမားကျူးလွန်ရန်ရှိမရှိ ဘင်္ဂလားဒေ့ရှ်တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး ရဲ တပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကို စုံစမ်းမေးမြန်းဖော်ထုတ်လျက်ရှိသည်။

 

လွန်ခဲ့သည့် ကြာသာပတေးနေ့က ဒီလာဝါဆိုသူ တစ်ကိုယ်တော်တိုက်ခိုက်ရေးသမားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရှိ အမေရိကန်နိုင်ငံတကာတက္ကသိုလ်မှ ဘတ်စ်ကားငယ်တစ်စီးကို ထိုင်းသံရုံးအနီးတွင်တိုက်ခိုက်ခဲ့ရာ လူအ နည်းငယ်ဒဏ်ရာရရှိခဲ့သည်။ ဂျပန်နိုင်ငံသားတစ်ဦးဖြစ်သူ ပြစ်မှုကျူုးလွန်သူမှာ အန်ဆာအယ်လ် အစ္စလာမ် အ ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယခုအခါ ၎င်းကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

 

AAI  ခေါ် အန်ဆာအယ်လ်အစ္စလာမ် (Ansar Al Islam) အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံမှ သောင်းကျန်း သူအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့အား တင်းကျပ်သောရှရီယာဥပဒေကိုပြဋ္ဌာန်းခဲ့သည့် ဆလာဖီအစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့အဖြစ် ၂၀၀၁ ခုနှစ်တွင် အယ်ကိုင်ဒါအဖွဲ့ဝင်ဟောင်းများက အီရတ်နိုင်ငံမြောက်ပိုင်းတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံမငြိမ်မသက်ဖြစ်အောင် ပါကစ္စတန်လိုလားသည့် လက်နက်ကိုင်အဖွဲ့များ၏ စဉ်ဆက်မပြတ်လှုပ်ရှားမှုများ ကို ပြင်းပြင်းထန်ထန်ဝေဖန်ရင်း နိုင်ငံတွင်း တာလီဘန်အတွေးအခေါ်အယူဝါဒများကို တိုက်တွန်းအားပေးခြင်း များမလုပ်ရန် အခြေခံဝါဒီများကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက လွန်ခဲ့သည့်လက သတိပေးပြော ကြားခဲ့သည်။

 

အခြေခံဝါဒီများ၏ အတွေးအခေါ်အယူအဆကို နိုးနိုးကြားကြား သတိရှိရှိနှင့် ဆက်လက်ဆန့်ကျင်ရန် နိုင်ငံသား များကို ဝန်ကြီးချုပ်ဟာစီနာက မေတ္တာရပ်ခံခဲ့သည်။ “တစ်ခါတုန်းက ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) အုပ် ချုပ်ခဲ့စဉ်တုန်းက ကျွန်တော်တို့ဟာ တာလီဘန်တွေဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်ဟာ အာဖဂန်နစ္စတန်ုဖြစ်လာလိမ့် မယ်ဆိုတဲ့ကြွေးကြော်သံမျိုးဟာ အောင်မြင်မှုရနိုင်တဲ့ကြွေးကြော်သံမျိုးမဟုတ်တော့ပါဘူး။ လက်ရှိအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်ခဲ့တဲ့မူဝါဒတွေကို အဓိကအာရုံစိုက်ပြီး အဲဒီအခြေခံဝါဒီတွေရဲ့ အတွေးအခေါ် အ ယူအဆတွေကို ဆန့်ကျင်တုံ့ပြန်နေပါတယ်။” ဟု အစိုးရပိုင်ရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် ဝန်ကြီးချုပ် ဟာစီ နာက ပြောသည်။

 

Ref: Dhaka witnesses lone wolf terror attack weeks after Taliban takeover

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Dhaka witnesses lone wolf terror attack weeks after Taliban takeover

 

#PeopleMedia


Share this post