• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ကြောင်း ကုလအထွေထွေညီလာခံ အသိအမှတ်ပြုသဘောတူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ကြောင်း ကုလအထွေထွေညီလာခံ အသိအမှတ်ပြုသဘောတူ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆ (People Media)

 

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားနှစ်နိုင်ငံတို့ စတင်လွတ်မြောက်လာကြောင်းကို သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက အသိမှတ်ပြုသဘောတူညီလိုက်ပြီဖြစ်သည်။

 

ကုလသမဂ္ဂအဖွဲ့သည် နိုင်ငံသုံးနိုင်ငံအစား နိုင်ငံငါးနိုင်ငံကို ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဖြစ်မှ စတင်လွတ် မြောက်ကြောင်းအသိအမှတ်ပြုရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာခဲ့ရာ အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။

 

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခွင့်ရသည့်အခြားနှစ်နိုင်ငံမှာ နီပေါနိုင်ငံ နှင့် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံတို့ဖြစ်သည်။

 

“Covid-19 ကပ်ရောဂါဘေးဒဏ်ကနေ ပြန်လည်လွတ်မြောက်ရေးအလွန်ကာလအတွက်  ပြင်ဆင်နေစဉ် အ တွင်းမှာနဲ့ Covid-19 ကပ်ရောဂါကြောင့် အဖန်တလဲလဲ ပြန်လည်ဖြစ်ပွားနေတဲ့ စီးပွားရေးနဲ့ လူမှုရေး ပျက်စီးဆုံး ရှုံးမှုတွေ ပြန်လည်ကုစားနိုင်ဖို့ မူဝါဒတွေနဲ့ မဟာဗျူဟာတွေကို အကောင်အထည်ဖော်နေစဉ်အတွင်းမှာ ကမ္ဘာ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ခွင့်ရရှိရေး ပြင်ဆင်နိုင်ဖို့အတွက် ငါးနှစ်ကာလအတွင်း အထူး ပြင်ဆင်ပြီးတဲ့နောက် (သတ်မှတ်စံနှုန်းကာလမှာ သုံးနှစ်ဖြစ်သည်။) နိုင်ငံသုံးနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုး မှုအနည်းဆုံး နိုင်ငံအဖြစ်ကနေ လွတ်မြောက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂကြေညာချက်တွင် ဖော်ပြထား သည်။

 

လက်ရှိအချိန်တွင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင်သည့်နိုင်ငံပေါင်း ၄၆ နိုင်ငံရှိကြောင်း ဖွံ့ဖြိုးတိုးတက်ရေးမူဝါ ဒဆိုင်ရာ ကုလသမဂ္ဂကော်မတီ၏ ပြောကြားချက်အရသိရသည်။ ၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်အပါ အဝင် နိုင်ငံပေါင်း ၇ နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခွင့်ရတော့မည်ဖြစ်သည်။

 

ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ ကုလသမဂ္ဂကော်မတီသည် ယခုနှစ်ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဒုတိယအကြိမ် ဆန်းစစ်လေ့လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှလွတ်မြောက်ခွင့်ရရှိရန် အ တွက်ထောက်ခံခဲ့ခြင်းဖြစ်သည်။

 

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အနှစ် ၅၀ မြောက် လွတ်လပ်ရေးနေ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးဖခင်ကြီး ရှိတ်ခ် မူဂျီဘာရာမန်ရဲ့ ရာပြည့်မွေးနေ့ပွဲ ကျင်းပလိုက်ရင် ဘယ်လောက်ကောင်းမလဲ။ ဒါဟာ လူထုရဲ့ပြင်းပြတဲ့ဆန္ဒနဲ့ ဝန်ကြီးချုပ်ရဲ့ ၂၀၂၁ ခုနှစ် အမြင်ကို ဖြည့်ဆည်းပေးလိုက်တာပဲဖြစ်ပါတယ်။” ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ရာဘတ်ဖာတီမာက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

 

ကုလသမဂ္ဂအဖွဲ့ကြီး၏ သတ်မှတ်ချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ်ကူးပြောင်းရာတွင် လိုအပ်ချက်မှာ လူ တစ်ဦး၏ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁,၂၃၀ ရှိရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူတစ်ဦးတစ်နှစ်ဝင်ငွေမှာ ဒေါ် လာ ၂,၅၅၄ ရှိကြောင်းသိရသည်။

 

Ref: UNGA adopts resolution to graduate Bangladesh from LDC

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: UNGA adopts resolution to graduate Bangladesh from LDC

 

#PeopleMedia


Share this post