• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗြိတိန်ထံမှ စစ်သင်္ဘောငါးစီး ဝယ်ယူမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗြိတိန်ထံမှ စစ်သင်္ဘောငါးစီး ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈ (People Media)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Forces Goal 2030 စီမံကိန်း၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်လက်နက် ကိုင်တပ်ဖွဲ့များကို အဆင့်မြှင့်တင်ရန် ဗြိတိန်နိုင်ငံမှ စစ်သင်္ဘောငါးစီးဝယ်ယူမည်ဖြစ်ကြောင်း “The Daily Star” ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၇ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

 

Forces Goal 2030 စီမံကိန်းသည် ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်အသက်သွင်းခဲ့သော ဘင်္ဂလားဒေ့ရှ်တပ်မတော်အဆင့်မြှင့်တင်ရေး စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းစီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ်ကို အဆင့်မြှင့်တင်သွားရန် စီစဉ်ရေးဆွဲထားသည့်စီမံကိန်းဖြစ်သည်။

 

တပ်မတော်အဆင့်မြှင့်တင်ရေး၏ အဓိကအာရုံစိုက်ဆောင်ရွက်သွားမည့်လုပ်ငန်းများမှာ တပ်မတော်အဖွဲ့အစည်း များကို ပြန်လည်ဖွဲ့စည်းခြင်း၊ တပ်ဖွဲ့များကို တိုးချဲ့တည်ဆောက်ခြင်း၊ သုတေသနနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို အထောက်အကူပြုရန်အတွက် ပြည်တွင်းကာကွယ်ရေးကဏ္ဍကို ပိုမိုအဆင့်မြှင့်တင်ပြောင်းလဲပြုပြင်ခြင်းနှင့် ခေတ်မီလက်နက်များဝယ်ယူဖြည့်တင်းခြင်းတို့ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် Forces Goal 2030 စီမံကိန်း၏ ရည်ရွယ်ချက်မှာ ပညာရပ်နယ်ပယ်ပေါင်းစုံ စစ် ဆင်ရေးကိုဆောင်ရွက်နိုင်သည့် three-dimensional force ကောင်းစွာတပ်ဆင်ထားသည့် ခေတ်မီရေတပ်မ တော်အဖြစ် ပြောင်းလဲရန်ဖြစ်သည်။

 

စီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ပစ်အားနှင့် လက်နက်ထုတ်လုပ်ရေးစွမ်းရည်တို့တွင် သိသိသာသာတိုး တက်လာကြောင်း မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ ရေတပ်သင်္ဘောများတိုးချဲ့ခြင်းနှင့် ရေတပ်အင်အားတိုးချဲ့ခြင်း တို့မှာ တပြိုင်တည်းပြုလုပ်ရမည့်ကိစ္စဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အထိ ဘင်္ဂလားရေတပ်တွင် ရေငုပ်သင်္ဘော ၂ စီး၊ ဖရီးဂိတ်သင်္ဘော ၈ စီး၊ ကော်ဗတ်စစ်သင်္ဘော ၆ စီးသာမက အခြားတိုက်ခိုက်ရေးသင်္ဘောများလည်း အရေ အတွက်အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားသည်။

 

၂၀၁၃ ခုနှစ်အထိ အဆိုပါစီမံကိန်းအရ ဝယ်ယူခဲ့သည့် စစ်လက်နက်ပစ္စည်းများ၏ သုံးပုံတစ်ပုံမှာ ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ပြန်လည်မွမ်းမံထားသည့် Type 053H2 (Jianghu III) ဖရီးဂိတ်သင်္ဘောနှစ်စီးကို ဝယ်ယူခဲ့သည်။ အမေရိကန်ကမ်းခြေစောင့်စစ်ရေယာဉ်များလည်း ၂၀၁၃ ခုနှစ် တွင် ဘင်္ဂလားရေတပ်သို့ရောက်ရှိလာခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ကင်းလှည့်ဖရီးဂတ်ရေယာဉ်များအဖြစ်အသုံးပြခဲ့ သည်။

 

Type 056 ကော်ဗတ်ရေယာဉ်နှစ်စီးမှာ ၂၀၁၆ ခုနှစ်တွင် ရောက်ရှိလာပြီး ၂၀၁၅ ခုနှစ်တွင် နှစ်စီးထပ်ပို သော Type 056 ကော်ဗတ်ရေယာဉ်များကို ထပ်မံမှာယူထားရာ တပ်မတော်ဝင်ရန်စောင့်ဆိုင်းနေကြောင်းသိရသည်။ Durjoy-class အကြီးစားကင်းလှည့်ရေယာဉ်နှစ်စီးကို တရုတ်နိုင်ငံတွင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင်ရေတပ်သို့ရောက်ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နှစ်စီးထက်ပိုသော Durjoy-class အကြီးစားကင်းလှည့်ရေ ယာဉ်များ တပ်တော်ဝင်ခဲ့သည်။ Padma-class ကင်းလှည့်ရေယာဉ်ငါးစီးမှာ ၂၀၁၃ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ သည်။ ၎င်းအပြင် ပြည်တွင်းထုတ် ကမ်းတက်ရေယာဉ်များနှင့် တင့်/သံချပ်ကာတင် ကမ်းထိုးရေယာဉ်များကို လည်း ထပ်မံအင်အားဖြည့်ထားသည်။

 

ဘင်္ဂလားရေတပ်သည် ဗြိတိန်တော်ဝင်ရေတပ်မှ Roebuck-class သုတေသနရေယာဉ်အဟောင်းတစ်စီးနှင့် Castle-class ကမ်းဝေးကင်းလှည့်ရေယာဉ်အဟောင်းနှစ်စီးကိုလည်း ဝယ်ယူခဲ့သည်။ Castle-class ကမ်းဝေး ကင်းလှည့်ရေယာဉ်အဟောင်းနှစ်စီးကို ၂၀၁၁ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည်များ ပြောင်းလဲတပ်ဆင်ထားသည်။

 

ဗြိတိန်တပ်မတော်မှ အထောက်အကူပြုအဖွဲ့သည် ဘင်္ဂလားတပ်မတော်အတွက် စစ်သင်တန်းများလေ့ကျင့်ပေး ရန် ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။ ဗြိတိန်ရေတပ်နှင့် ဘင်္ဂလားရေတပ်သည် ရင်း နှီးစွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဗြိတိန်တော်ဝင်ရေတပ်သည် ဘင်္ဂလားရေတပ်ကို နည်းပညာပိုင်းဆိုင်ရာအ ကူအညီများပေးနေသည့်အပြင် သင်္ဘောကျင်းများကဲ့သို့ အခြေခံအဆောက်အအုံများဆောက်လုပ်ရာတွင်လည်း နည်းပညာများထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။

 

Ref: Bangladesh Navy to buy five naval ships from the United Kingdom

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Bangladesh Navy to buy five naval ships from the United Kingdom

 

#PeopleMedia


Share this post