• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာရေပြင်နယ်နိမိတ်အနီး နတ်မြစ်အတွင်း၌ တရားမဝင်သစ်မှောင်ခိုစက်လှေတစ်စီး ဖမ်းဆီးရမိ၊ လှေပေါ်လိုက်ပါလာသူများ ရေထဲခုန်ချထွက်ပြေးသွား

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာရေပြင်နယ်နိမိတ်အနီး နတ်မြစ်အတွင်း၌ တရားမဝင်သစ်မှောင်ခိုစက်လှေတစ်စီး ဖမ်းဆီးရမိ၊ လှေပေါ်လိုက်ပါလာသူများ ရေထဲခုန်ချထွက်ပြေးသွား

Share this post

ရခိုင်၊ မတ် ၂၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရေပြင်နယ်နိမိတ်အနီး နတ်မြစ်အတွင်း၌ တရားမဝင်သစ်မှောင်ခိုစက်လှေ တစ်စီးအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ပြီး၊ လှေပေါ်လိုက်ပါလာသူများမှာတော့ ရေထဲခုန်ချ ထွက်ပြေးသွား ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်က ပူးပေါင်းအဖွဲ့ဝင်များမှ ရခိုင်ပြည်နယ်၊ တုံးချောင်းဝအနီး နယ်စပ်လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်စက်လှေ ၁ စီးအား တွေ့ရှိရ၍ မီးအချက်ပြခေါ်ယူရာ လာ ရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက် ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၆ နာရီခွဲအချိန်ခန့်တွင်  မှိုဝင်ရွာ အနောက်တောင်ဘက် နှစ်နိုင်ငံ ရေပြင်နယ်နိမိတ်အနီး နတ်မြစ်အတွင်း၌ လှေပေါ်ပါ တရားခံ ၇ ဦးသည် ရေထဲခုန်ချထွက်ပြေးသွားခဲ့သဖြင့် တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိသော တရားမဝင်သစ် မှောင်ခို လှေ ၁ စီးအား အခြားသစ်ခွဲသား ဆိုဒ်စုံ ၁၃ တန်ခန့်(ကာလ တန်ဘိုး ၈၈၄၀၀၀၀ ကျပ်ခန့်)အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ရေထဲခုန်ချထွက်ပြေးသွားသည့်သူများအား လိုက်လံဖမ်းဆီးရာ ဖမ်းမိလှေ၏ အနောက်ဘက် ၈ မီ တာခန့်အကွာတွင် တစ်ဖက်နိုင်ငံ ဘက်ခြမ်းသို့ ရေကူးထွက်ပြေးနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကျား ၁ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

(unicode)


………………………………..

 


 


 


 



Share this post