• Follow Us on
Latest News

Home ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႕တို႔ၾကား ပစ္ခတ္မႈျဖစ္ပြား၊ အိႏၵိယဘက္မွ တစ္ဦးေသ တစ္ဦး ဒဏ္ရာရ

ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႕တို႔ၾကား ပစ္ခတ္မႈျဖစ္ပြား၊ အိႏၵိယဘက္မွ တစ္ဦးေသ တစ္ဦး ဒဏ္ရာရ

Share this post

ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ အိႏၵိယ နယ္ျခားေစာင့္တပ္ဖြဲ႕ ၀င္တစ္ဦးေသဆံုးၿပီး ေနာက္ထပ္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

အိႏၵိယငါးဖမ္းသမားတစ္ဦးကို ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ေတြက ဖမ္းဆီးခဲ့ၿပီးေနာက္ အခုလို မျဖစ္စဖူးပစ္ခတ္မႈျဖစ္ပြားခဲ့တာလို႕ အိႏၵိယအစိုးရအရာရွိေတြက ေျပာပါတယ္။ အခုျဖစ္ရပ္ဟာ အိႏၵိယျပည္နယ္ အေနာက္ဘန္ေဂါမွာ ဘဂၤလားေဒ့ရွ္ဘက္က အိႏၵိယငါးဖမ္းသမား သံုးဦးကို ပိ္ုင္နက္က်ဴးေက်ာ္ငါးဖမ္းမႈအတြက္ ဖမ္းဆီးခဲ့ၿပီးေနာက္ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးထားသူ ၃ ဦးထဲက ၂ ဦးကို ေနာက္ပိုင္းမွာ ျပန္လႊတ္ေပးခဲ့တယ္လို႔ အိႏၵိယနယ္ျခားေစာင့္ တပ္က ထုတ္ျပန္ခ်က္မွာေဖာ္ျပခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ဘက္က ထုတ္ျပန္ခ်က္အရ အိႏၵိယနယ္ျခား ေစာင့္တပ္ဖြဲ႕ေတြဟာ ဖမ္းဆီးထားတဲ့ ငါးဖမ္းသမားေတြကို ျပန္ေခၚဖို႔ အဓမၼႀကိဳးစားခဲ့ၿပီး ၄င္းတို႔ဘက္ က စတင္ပစ္ခတ္ခဲ့တဲ့အတြက္ တံု႔ျပန္ကာကြယ္ပစ္ခတ္ျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။

အခုႏွစ္ျဖစ္ရပ္အတြက္ ႏွစ္ဘက္အစိုးရအရာရွိေတြေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီး စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္ေဆာင္ရြက္သြားဖို႕ ရွိေနပါတယ္။

Ref; AFP

(unicode)
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား၊ အိန္ဒိယဘက်မှ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ
……………………………………………………………………

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၁၇ ရက်နေ့မှာ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အိန္ဒိယငါးဖမ်းသမားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးခဲ့ပြီးနောက် အခုလို မဖြစ်စဖူးပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ အခုဖြစ်ရပ်ဟာ အိန္ဒိယပြည်နယ် အနောက်ဘန်ဂေါမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အိန္ဒိယငါးဖမ်းသမား သုံးဦးကို ပိ်ုင်နက်ကျူးကျော်ငါးဖမ်းမှုအတွက် ဖမ်းဆီးခဲ့ပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားသူ ၃ ဦးထဲက ၂ ဦးကို နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အိန္ဒိယနယ်ခြားစောင့် တပ်က ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ပြန်ချက်အရ အိန္ဒိယနယ်ခြား စောင့်တပ်ဖွဲ့တွေဟာ ဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတွေကို ပြန်ခေါ်ဖို့ အဓမ္မကြိုးစားခဲ့ပြီး ၄င်းတို့ဘက် က စတင်ပစ်ခတ်ခဲ့တဲ့အတွက် တုံ့ပြန်ကာကွယ်ပစ်ခတ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

အခုနှစ်ဖြစ်ရပ်အတွက် နှစ်ဘက်အစိုးရအရာရှိတွေတွေ့ဆုံဆွေးနွေးခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

Ref; AFP


Share this post