• Follow Us on

Home ဘဂၤလားေဒ့ရွ္ ဧရိယာထက္ဝက္ခန္႔ ေရနစ္ျမႇဳပ္ေန၊ ေရေဘးေၾကာင့္ ၁၁၉ ဦး ေသဆုံး

ဘဂၤလားေဒ့ရွ္ ဧရိယာထက္ဝက္ခန္႔ ေရနစ္ျမႇဳပ္ေန၊ ေရေဘးေၾကာင့္ ၁၁၉ ဦး ေသဆုံး

Share this post

၂၀၂၀၊ ဇူလိုင္ ၂၇

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ဧရိယာထက္ဝက္နီးပါး ေရနစ္ျမႇဳပ္ေနၿပီး သဘာဝေဘးအႏၲရာယ္တုံ႔ျပန္ေရးညႇိႏႈိင္းေဆာင္ ရြက္မႈဗဟိုဌာန၏ ေန႔စဥ္ေရေဘးအေျခအေနအစီရင္ခံစာအရ ဇြန္လ ၃၀ ရက္ေနာက္ပိုင္း ေရေဘးေၾကာင့္ ခ႐ိုင္ ၆၄ ခုအနက္ ခ႐ိုင္ ၂၁ ခုတြင္ လူ ၁၁၉ ဦး ေသဆုံးခဲ့သည္။

ေသဆုံးသူမ်ားအနက္ ၉၆ ဦးမွာ ေရနစ္ေသဆုံးခဲ့ၿပီး ၁၃ ဦးမွာ ေႁမြကိုက္ခံရ၍ေသဆုံးခဲ့ကာ ရွစ္ဦးမွာ မိုးႀကိဳးပစ္ ခံရျခင္းေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္ကာ တစ္ဦးမွာ ဝမ္းေရာဂါေၾကာင့္ ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။

ျပည္သူ ၅ သန္းနီးပါး ေရေဘးသင့္ခဲ့ၿပီး မိသားစုေပါင္း အမ်ားအျပား အိုးအိမ္စြန္႔ခြာခဲ့ရေၾကာင္း ေဘးအႏၲရာယ္ စီမံခန္႔ခြဲေရးႏွင့္ ကယ္ဆယ္ေရးဝန္ႀကီးဌာန၊ အမ်ိဳးသားေဘးအႏၲရာယ္တုံ႔ျပန္မႈ ညႇိႏႈိင္းေဆာင္ရြက္ေရး ဗဟိုဌာန (NDRCC) က ျပဳစုေစာေန႔အလိုက္ သဘာဝေဘးအႏၲရာယ္အေျခအေန အစီရင္ခံစာအရသိရသည္။

ႏိုင္ငံတစ္ဝန္း ခ႐ိုင္ ၆၄ ခုအနက္ ခ႐ိုင္ ၃၁ ခုတြင္ ျပည္သူ ၄၃၇၈၇၃၂ ဦ ေရေဘးသင့္ခဲ့ေၾကာင္း အစီရင္ခံစာက ဆိုသည္။ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ႏိုင္ငံတစ္ဝန္း သီးႏွံစိုက္ခင္းမ်ား၊ လမ္းမႀကီးမ်ားႏွင့္ အေဝးေျပးလမ္းမ ႀကီးမ်ား ပ်က္စီးမႈမ်ား ျဖစ္ေပၚေစခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္ေနာက္ပိုင္း အဓိကျမစ္ႀကီးမ်ား ျမစ္ေရလွ်ံခဲ့ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝန္း ေျမဧရိယာ အမ်ားအျပား ေရနစ္ျမႇဳပ္ခဲ့ေၾကာင္း ႐ုပ္သံသတင္းမ်ားက ျပသခဲ့သည္။ အိႏၵိယနယ္စပ္တစ္ေလ်ာက္ရွိ ေတာင္ ကုန္းမ်ားမွ တစ္ဟုန္ထိုးစီးဆင္းလာေသာေရမ်ားက ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ေရေဘးအေျခအေနကို ပို၍ ဆိုးရြား ေစခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

ကယ္ဆယ္ေရးေဆာင္ရြက္ရန္၊ ကယ္ဆယ္ေရးကိရိယာမ်ား ျဖန္႔ျဖဴးရန္ႏွင့္ ေရေဘးေရွာင္စခန္းမ်ားကို ႀကီးၾကပ္ ရန္ ေဘးအႏၲရာယ္တုံ႔ျပန္ေရးတပ္ဖြဲ႕မ်ား ေစလႊတ္ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ ေဘးအႏၲရာယ္ စီမံခန္႔ခြဲေရးႏွင့္ ကယ္ဆယ္ေရးဝန္ႀကီး အန္နာမူရာမန္က ေျပာၾကားခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘး ႀကဳံေတြ႕ေနရခ်ိန္တြင္ ထိုးႏွက္ခ်က္တစ္ခုျဖစ္သည့္ ေရေဘးကိုင္တြယ္ေျဖ ရွင္းေရး အသင့္အေနအထား ဆက္လက္ထားရွိရန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ဟာစီနာက တာဝန္ရွိသူ မ်ားသို႔ ၫႊန္ၾကားခဲ့သည္။

ကိုးကား ။ ။ ဆင္ဟြာ

Ref; Half of Bangladesh affected by devastating floods, 119 dead

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ် ဧရိယာထက်ဝက်ခန့် ရေနစ်မြှုပ်နေ၊ ရေဘေးကြောင့် ၁၁၉ ဦး သေဆုံး
……………………………………………………

၂၀၂၀၊ ဇူလိုင် ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဧရိယာထက်ဝက်နီးပါး ရေနစ်မြှုပ်နေပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးညှိနှိုင်းဆောင် ရွက်မှုဗဟိုဌာန၏ နေ့စဉ်ရေဘေးအခြေအနေအစီရင်ခံစာအရ ဇွန်လ ၃၀ ရက်နောက်ပိုင်း ရေဘေးကြောင့် ခရိုင် ၆၄ ခုအနက် ခရိုင် ၂၁ ခုတွင် လူ ၁၁၉ ဦး သေဆုံးခဲ့သည်။

သေဆုံးသူများအနက် ၉၆ ဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ၁၃ ဦးမှာ မြွေကိုက်ခံရ၍သေဆုံးခဲ့ကာ ရှစ်ဦးမှာ မိုးကြိုးပစ် ခံရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ တစ်ဦးမှာ ဝမ်းရောဂါကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ ၅ သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး မိသားစုပေါင်း အများအပြား အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဘေးအန္တရာယ်တုံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာန (NDRCC) က ပြုစုစောနေ့အလိုက် သဘာဝဘေးအန္တရာယ်အခြေအနေ အစီရင်ခံစာအရသိရသည်။

နိုင်ငံတစ်ဝန်း ခရိုင် ၆၄ ခုအနက် ခရိုင် ၃၁ ခုတွင် ပြည်သူ ၄၃၇၈၇၃၂ ဦ ရေဘေးသင့်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်း သီးနှံစိုက်ခင်းများ၊ လမ်းမကြီးများနှင့် အဝေးပြေးလမ်းမ ကြီးများ ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်နောက်ပိုင်း အဓိကမြစ်ကြီးများ မြစ်ရေလျှံခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မြေဧရိယာ အများအပြား ရေနစ်မြှုပ်ခဲ့ကြောင်း ရုပ်သံသတင်းများက ပြသခဲ့သည်။ အိန္ဒိယနယ်စပ်တစ်လျောက်ရှိ တောင် ကုန်းများမှ တစ်ဟုန်ထိုးစီးဆင်းလာသောရေများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေဘေးအခြေအနေကို ပို၍ ဆိုးရွား စေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ကယ်ဆယ်ရေးဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးကိရိယာများ ဖြန့်ဖြူးရန်နှင့် ရေဘေးရှောင်စခန်းများကို ကြီးကြပ် ရန် ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့များ စေလွှတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမူရာမန်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်တွင် ထိုးနှက်ချက်တစ်ခုဖြစ်သည့် ရေဘေးကိုင်တွယ်ဖြေ ရှင်းရေး အသင့်အနေအထား ဆက်လက်ထားရှိရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက တာဝန်ရှိသူ များသို့ ညွှန်ကြားခဲ့သည်။

ကိုးကား ။ ။ ဆင်ဟွာ

Ref; Half of Bangladesh affected by devastating floods, 119 dead

#PeopleMedia


Share this post