• Follow Us on

Home ဘင်္ဂလားဒေ့ရှ် ပြည်တွင်းသောင်းကျန်းသူများကို မြန်မာက စစ်လက်နက်ထောက်ပံ့ဟုဆို

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းသောင်းကျန်းသူများကို မြန်မာက စစ်လက်နက်ထောက်ပံ့ဟုဆို

Share this post

မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်က လက်နက်ကိုင်သောင်းကျန်းသူတွေကို စစ်လက်နက်ထောက်ပံ့နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာသတင်းဝက်ဆိုက်တစ်ခုကဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်သောင်းကျန်းသူတွေကိုင်ဆောင်တဲ့ လက်နက်တွေကို သိမ်းဆည်းရမိရာမှာ မြန်မာ့တပ်မတော်ထုတ် စစ်လက်နက်တွေဖြစ်တဲ့ EMERK-3 ရိုင်ဖယ်နဲ့ BA-94 (MA 13) စက်သေနတ်တွေ လည်းပါဝင်တယ်လို့ defseca.com ကဖော်ပြခဲ့ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအေ ဂျင်စီဟာ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူတွေကို စစ်လက်နက်ထောက်ပံ့နေပြီး သိမ်းဆည်းရမိတဲ့ စစ်လက်နက်တွေဟာ အရေးပါတဲ့ သက်သေအထောက်အထားဖြစ်တယ်လို့ defseca.com က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်ကြောင်းတစ်ခုဟာ သောင်းကျန်းသူတွေရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref; defseca.com


Share this post