• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ


Share this post

ကိုးကား – ဒါကာထရီဗျူး
(unicode)
ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
………………………………………………………
နိုင်ငံတကာ၊ အောက်တိုဘာ ၁၈
ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်အား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဒါကာ မြို့တော်ရှိ ဆေးရုံတစ်ရုံသို့တင်ခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိလို့ ဝန်ကြီး ဟတ်ဆန်မာမွတ်ကို ဒါကာမြို့တော်က Square Hospitals ဆေးရုံကို မနေ့က တင်ခဲ့ပါတယ်” ဟု ဝန်ကြီး၏ ကိုယ်ရေးအရာရှိ ကိုင်ဆာရူလ်အလမ်းက ပြောကြား သည်။
ဝန်ကြီး ဟတ်ဆန်မာမွတ်က ကျန်းမာရေးကောင်းမွန်ကြောင်း ၄င်းက ဆိုသည်။ ဟတ်ဆန်မာမွတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် မတ်လနောက်ပိုင်း အတွင်းရေးမှူးချုပ်ရုံး၌ နေ့စဉ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၁၅၂၇ မှုတွေ့ရှိခဲ့ရာ ကူးစက်လူနာ စုစုပေါင်း ၃၈၆၀၈၆ အထိ ရှိလာခဲ့ပြီဖြစ်သည်။
ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၅ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူ ၅၆၂၃ ဦးအထိ ရှိလာခဲ့ သည်။
ကိုးကား – ဒါကာထရီဗျူး
Ref; Bangladesh Information Minister Hasan Mahmud contracts coronavirus

Share this post