• Follow Us on

Home ဘဂၤလားေဒ့ရွ္ ႏိုဘယ္ဆုရွင္ႏွင့္ စီးပြားေရးပညာရွင္ ယူနက္စ္ ဖမ္း၀ရမ္းထုတ္ခံရ

ဘဂၤလားေဒ့ရွ္ ႏိုဘယ္ဆုရွင္ႏွင့္ စီးပြားေရးပညာရွင္ ယူနက္စ္ ဖမ္း၀ရမ္းထုတ္ခံရ

Share this post

ဘဂၤလားေဒ့ရွ္ စီးပြားေရးပညာရွင္ႏွင့္ ႏိုဘယ္ဆုရွင္ မိုဟာမက္ ယူနက္စ္ ကို အလုပ္က၀န္ထမ္းေတြ ထုတ္ပယ္မႈအတြက္ တရား႐ုံးမွာ အစစ္ေဆး ခံဖို႔ ပ်က္ကြက္မႈနဲ႔ ဖမ္း၀ရမ္းထုတ္ျပန္ထားတယ္လို႔ ၾကာသပေတးေန႔မွာ သက္ဆိုင္ရာ အာဏာပိုင္ေတြက ေျပာပါတယ္။

ယူနက္စ္ဦးစီးတဲ့ ကုမၸဏီက အလုပ္သမားေတြ အလုပ္ထုတ္ခံရမႈ အတြက္ တရားရံုးမွာ စစ္ေဆးမႈခံယူဖို႔ ပ်က္ကြက္တဲ့အတြက္ ၿမိဳ႕ေတာ္ ဒါကာတရား႐ုံးက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဖမ္း၀ရမ္းထုတ္ခဲ့တာျဖစ္ပါတယ္။

GC ကုမၸဏီရဲ႕ အမႈေဆာင္ဥကၠဌျဖစ္သူ ယူနက္စ္ဟာ ႏုိင္ငံျခားေရာက္ ရွိေနတဲ့အတြက္ လာေရာက္စစ္ေဆးမႈ မခံယူႏုိင္တာျဖစ္တယ္လို႔ သိရပါတယ္။

ယူနက္စ္ရဲ႕ ေရွ႕ေနျဖစ္သူက ၄င္းရဲ႕ အမႈသည္ဟာ ၾကားနာစစ္ေဆးဖို႔ ဆင့္ေခၚခ်ိန္ကတည္းက ျပည္ပေရာက္ ရွိေနခဲ့တာျဖစ္ၿပီး အခုလို စစ္ေဆးဖို႔ ေခၚယူမႈကိုလည္း မသိရွိခဲ့ဘူးလို႔ ေျပာပါတယ္။

ဆက္လက္ၿပီး ယူနက္စ္အေနနဲ႔ ဘဂၤလားေဒ့ရွ္ကို ျပန္လည္ေရာက္ရွိတဲ့ အခါ အခုအမႈကို တရားဥပေဒနဲ႔အညီ ရင္ဆိုင္သြားမွာျဖစ္တယ္လို႔ ယူ နက္စ္ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

REF; JAPANTIMES.CO.J

(unicode)
ဘင်္ဂလားဒေ့ရှ် နိုဘယ်ဆုရှင်နှင့် စီးပွားရေးပညာရှင် ယူနက်စ် ဖမ်းဝရမ်း ထုတ်ခံရ
———————————————————————–

ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင်နှင့် နိုဘယ်ဆုရှင် မိုဟာမက် ယူနက်စ် ကို အလုပ်ကဝန်ထမ်းတွေ ထုတ်ပယ်မှုအတွက် တရားရုံးမှာ အစစ်ဆေး ခံဖို့ ပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြန်ထားတယ်လို့ ကြာသပတေးနေ့မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ယူနက်စ်ဦးစီးတဲ့ ကုမ္ပဏီက အလုပ်သမားတွေ အလုပ်ထုတ်ခံရမှု အတွက် တရားရုံးမှာ စစ်ဆေးမှုခံယူဖို့ ပျက်ကွက်တဲ့အတွက် မြို့တော် ဒါကာတရားရုံးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

GC ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဌဖြစ်သူ ယူနက်စ်ဟာ နိုင်ငံခြားရောက် ရှိနေတဲ့အတွက် လာရောက်စစ်ဆေးမှု မခံယူနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

ယူနက်စ်ရဲ့ ရှေ့နေဖြစ်သူက ၄င်းရဲ့ အမှုသည်ဟာ ကြားနာစစ်ဆေးဖို့ ဆင့်ခေါ်ချိန်ကတည်းက ပြည်ပရောက် ရှိနေခဲ့တာဖြစ်ပြီး အခုလို စစ်ဆေးဖို့ ခေါ်ယူမှုကိုလည်း မသိရှိခဲ့ဘူးလို့ ပြောပါတယ်။

ဆက်လက်ပြီး ယူနက်စ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိတဲ့ အခါ အခုအမှုကို တရားဥပဒေနဲ့အညီ ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ယူ နက်စ်ရဲ့ ရှေ့နေက ပြောပါတယ်။

REF; JAPANTIMES.CO.J


Share this post