• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ် နျူဓာတ်အားပေးစက်ရုံနှင့် ဂြိုလ်တုလွှတ်တင်နိုင်ခဲ့ခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သက်သေဟုဆို


Share this post







(Unicode)
ဘင်္ဂလားဒေ့ရှ် နျူဓာတ်အားပေးစက်ရုံနှင့် ဂြိုလ်တုလွှတ်တင်နိုင်ခဲ့ခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သက်သေဟုဆို
……………………………………………………………

ဆော်ဒီအာရေဗျ မြို့တော် ရီရက်က ဘင်္ဂလားဒေ့ရှ်သံရုံးမှာ နိုင်ငံရဲ့ ၄၈ ကြိမ်မြောက် အောင်ပွဲနေ့ (Victory Day) ကို ကျင်းပခဲ့ပြီး ပက်ဒ်မာတံတား၊ ရက်ပါ နူကလီးယားဓာတ်အားပေးစက်ရုံ၊ မြေအောက်ရထားလမ်းစီမံ ကိန်းနဲ့ ဘင်္ဂလားဒေ့ရှ် ဂြိုလ်တုလွှတ်တင်နိုင်ခဲ့ခြင်းတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုသက်သေ သာဓကဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် သံအမတ် ဂိုလမ်မိုရှီက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ဆော်ဒီမြို့တွေမှာနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တက်ရောက်ခဲ့ကြပြီး သံအမတ် မိုရှီက အခမ်းအနား နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပါတယ်။

မိုရှီက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သမီးဖြစ်တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အိပ်မက်ကို ၂၀၄၁ ခုနှစ်မတိုင်ခင် အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် တည်ဆောက်နေ တယ်လို့ ပြောပါတယ်။

မျိုးဆက်သစ်တွေအနေနဲ့လည်း အဂတိကင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ဆောက်ဖို့အတွက် အားသွန်ခွန် စိုက်ကြိုးပမ်းကြဖို့ မိုရှီက အခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Ref; https://www.arabnews.com/

#PeopleMedia #International


Share this post