• Follow Us on

Home ဘဂၤလားေဒ့႐ွ္ကုမၸဏီ၏ COVID-19 ေရာဂါကာကြယ္ေဆးအႀကိမ္ ၂ သန္းစာ နီေပါကုမၸဏီ၀ယ္ယူ ရန္သေဘာတူ

ဘဂၤလားေဒ့႐ွ္ကုမၸဏီ၏ COVID-19 ေရာဂါကာကြယ္ေဆးအႀကိမ္ ၂ သန္းစာ နီေပါကုမၸဏီ၀ယ္ယူ ရန္သေဘာတူ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၂၃

နီေပါပုဂၢလိကကုမၸဏီ Anmol Healthcare က ဘဂၤလားေဒ့႐ွ္ဇီ၀နည္းပညာကုမၸဏီ Globe Biotech Ltd ထုတ္လုပ္ေနသည့္ကာကြယ္ေဆးအႀကိမ္ ၂ သန္းစာ၀ယ္ယူရန္ ကုမၸဏီႏွင့္ သေဘာတူစာခ်ဳပ္လက္မွတ္ ေရးထိုးခဲ့သည္။

ကုမၸဏီဥကၠ႒ ဟာ႐ူနာ ရာ႐ွစ္က ၾကာသပေတးေန႔တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာနီေပါသံအမတ္ႀကီး ေဒါက္တာ ဘန္႐ွီဒါ မီ႐ွရာႏွင့္ေတြ႕ဆံုမႈအၿပီး သတင္းစာ႐ွင္းလင္းရာတြင္ေျပာျခင္းျဖစ္သည္။

သီရိလကၤာ၊ ျမန္မာႏွင့္ အျခားႏိုင္ငံအမ်ားအျပားက ကုမၸဏီကထုတ္လုပ္သည့္ COVID-19 ေရာဂါကာ ကြယ္ေဆးကို ၀ယ္ယူရန္ႀကိဳးစားေနေၾကာင္း ဘဂၤလားေဒ့႐ွ္ဇီ၀နည္းပညာကုမၸဏီ Globe Biotech Ltd က ေျပာသည္။

သတင္းစာ႐ွင္းလင္းပြဲတြင္ အေမရိကႏွင့္ဥေရာပႏိုင္ငံအခ်ိဳ႕ကလည္း ကုမၸဏီကထုတ္လုပ္ေနသည့္ ကာကြယ္ေဆး ဘန္ကိုဗစ္ကို ၀ယ္ယူရန္႐ွိေနေၾကာင္း ရာရွစ္ကေျပာသည္။

ဇူလိုင္လတြင္ ကာကြယ္ေဆးစတင္ထုတ္လုပ္ေနေၾကာင္း ကုမၸဏီကေၾကညာခဲ့ၿပီး ကာကြယ္ေဆး ထုတ္လုပ္မည့္ပထမဆံုးဘဂၤလားေဒ့႐ွ္ကုမၸဏီျဖစ္လာသည္။

ေဆးကို ကနဦးစမ္းသပ္မႈအေနျဖင့္ တိရစာၦန္မ်ားတြင္စမ္းသပ္ခဲ့ရာ ေအာင္ျမင္မႈ႐ွိသည္ဟု ကုမၸဏီ၏ လက္ေထာက္မန္ေနဂ်ာႏွင့္ သုေတသနႏွင့္ဖြံ႔ၿဖိဳးမႈဆိုင္ရာတာ၀န္ခံ ေဒါက္တာ အဆစ္ မာမြတ္က ေျပာသည္။

မၾကာမီ လူသားတြင္စမ္းသပ္မည့္ပထမအဆင့္ကိုစမ္းသပ္ခြင့္ျပဳပါက လာမည့္ႏွစ္ဇန္နဝါရီတြင္ ေစ်းကြက္သို႔ျ ဖန္႔ခ်ိႏိုင္မည္ဟုလည္း ကုမၸဏီဘက္က ေအာက္တိုဘာ ၅ ရက္တြင္ေျပာသည္။

Ref : Nepali company to buy 2m doses of Bangladeshi Covid-19 vaccine

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ၏ COVID-19 ရောဂါကာကွယ်ဆေးအကြိမ် ၂ သန်းစာ နီပေါကုမ္ပဏီဝယ်ယူ ရန်သဘောတူ
………………………………………………

ဒါကာ၊ အောက်တိုဘာ ၂၃

နီပေါပုဂ္ဂလိကကုမ္ပဏီ Anmol Healthcare က ဘင်္ဂလားဒေ့ရှ်ဇီဝနည်းပညာကုမ္ပဏီ Globe Biotech Ltd ထုတ်လုပ်နေသည့်ကာကွယ်ဆေးအကြိမ် ၂ သန်းစာဝယ်ယူရန် ကုမ္ပဏီနှင့် သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့သည်။

ကုမ္ပဏီဥက္ကဋ္ဌ ဟာရူနာ ရာရှစ်က ကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး ဒေါက်တာ ဘန်ရှီဒါ မီရှရာနှင့်တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းရာတွင်ပြောခြင်းဖြစ်သည်။

သီရိလင်္ကာ၊ မြန်မာနှင့် အခြားနိုင်ငံအများအပြားက ကုမ္ပဏီကထုတ်လုပ်သည့် COVID-19 ရောဂါကာ ကွယ်ဆေးကို ဝယ်ယူရန်ကြိုးစားနေကြောင်း ဘင်္ဂလားဒေ့ရှ်ဇီဝနည်းပညာကုမ္ပဏီ Globe Biotech Ltd က ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် အမေရိကနှင့်ဥရောပနိုင်ငံအချို့ကလည်း ကုမ္ပဏီကထုတ်လုပ်နေသည့် ကာကွယ်ဆေး ဘန်ကိုဗစ်ကို ဝယ်ယူရန်ရှိနေကြောင်း ရာရှစ်ကပြောသည်။

ဇူလိုင်လတွင် ကာကွယ်ဆေးစတင်ထုတ်လုပ်နေကြောင်း ကုမ္ပဏီကကြေညာခဲ့ပြီး ကာကွယ်ဆေး ထုတ်လုပ်မည့်ပထမဆုံးဘင်္ဂလားဒေ့ရှ်ကုမ္ပဏီဖြစ်လာသည်။

ဆေးကို ကနဦးစမ်းသပ်မှုအနေဖြင့် တိရစ္ဆာန်များတွင်စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိသည်ဟု ကုမ္ပဏီ၏ လက်ထောက်မန်နေဂျာနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဆိုင်ရာတာဝန်ခံ ဒေါက်တာ အဆစ် မာမွတ်က ပြောသည်။

မကြာမီ လူသားတွင်စမ်းသပ်မည့်ပထမအဆင့်ကိုစမ်းသပ်ခွင့်ပြုပါက လာမည့်နှစ်ဇန်နဝါရီတွင် စျေးကွက်သို့ြ ဖန့်ချိနိုင်မည်ဟုလည်း ကုမ္ပဏီဘက်က အောက်တိုဘာ ၅ ရက်တွင်ပြောသည်။

Ref : Nepali company to buy 2m doses of Bangladeshi Covid-19 vaccine

#PeopleMedia


Share this post