• Follow Us on

Home ဘင်္ဂလားဒေ့ရှ်တံငါသည် ၉ ယောက်ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးထားဟုဆို

ဘင်္ဂလားဒေ့ရှ်တံငါသည် ၉ ယောက်ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးထားဟုဆို

Share this post

ဒါကာ၊ နိုဝင်ဘာ ၁၁ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က တက်ကနက်ခရိုင်၊ နတ်မြစ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်တံငါသည် ၉ ယောက်ကို ဖမ်းဆီးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြောသည်။ ဖမ်းဆီးခံရသည့်တံငါသည်များမည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း သူတို့အားလုံး သည် ရှာပိုရားဒွစ်မှဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး ပြောသည်။ အင်္ဂါနေ့မနက်ပိုင်းတွင် တံငါသည်များက မြစ်ထဲတွင်ငါးဖမ်းနေခြင်းဖြစ်ကြောင်း ဒေသအလုပ်သမားသမဂ္ဂ အဖွဲ့ဝင် နူရူ အမင်ကပြောသည်။ လှေပျက်သွားပြီးနောက် မြစ်ထဲတွင်မျောနေချိန်တွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က သူတို့ကိုစောင့်ကြိုပြီး နယ်ခြားစခန်းသို့ခေါ်သွားခဲ့ကြောင်းလည်း အမင်ကပြောသည်။ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုဆက်သွယ်နေကြောင်းနှင့် တံငါသည်များကို မကြာခင်ပြန်ခေါ်ဆိုနိုင် မည်ဟုမျှော်လင့်ကြောင်း ထိုဖြစ်ရပ်အကြောင်းကိုအတည်ပြုသောအားဖြင့် တက်ကနက်ရှိ နယ်ခြားစောင့် စခန်းအမှတ် ၂ မှ ဒုတိယဗိုလ်မှူးကြီး မိုဟာမက် ဖိုင်ဆယ် ဟာဆန်ခန်းကပြောသည်။ Ref : Myanmar’s BGP picks up 9 Bangladeshi fishermen #PeopleMedia (unicode) ဘငျ်ဂလားဒေ့ရျှတံငါသညျ ၉ ယောကျကို မွနျမာနယျခွားစောငျ့တပျဖှဲ့က ဖမျးဆီးထားဟုဆို
……………………………………………..
 
 
 
 
 
 
 
Ref : Myanmar’s BGP picks up 9 Bangladeshi fishermen
 
#PeopleMedia

Share this post