• Follow Us on

Home ဘဂၤလားေဒ့႐ွ္တြင္ လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈေတြႀကံဳေနရဟု ဘဂၤါလီဒုကၡသည္မ်ားစြပ္စြဲ

ဘဂၤလားေဒ့႐ွ္တြင္ လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈေတြႀကံဳေနရဟု ဘဂၤါလီဒုကၡသည္မ်ားစြပ္စြဲ

Share this post

ဒါကာ၊ စက္တင္ဘာ ၂၂

ဘဂၤလားပင္လယ္ေအာ္႐ွိ လူသူကင္းမဲ့ေသာဘာ႐ွန္ခ်ားကၽြန္းေပၚမွ ေထာင္ကဲ့သို႔အေျခအေနမ်ားတြင္ စိတ္ဆႏၵႏွင့္ဆန္႔က်င္ကာထိန္းသိမ္ခံေနရၿပီး အဓမၼက်င့္မႈႏွင့္လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမ်ားရင္ဆိုင္ေနရေၾကာင္း ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)ဒုကၡသည္မ်ားကေျပာသည္။

ခရီးသြားေနသည့္ေလွတစ္စင္းကို ဘဂၤလားေဒ့႐ွ္အာဏာပိုင္မ်ားက ၾကားျဖတ္ဟန္႔တားခဲ့သည့္ဧၿပီလေနာက္ပိုင္းတြင္ ဘဂၤါလီ ၃၀၀ ေက်ာ္ကို လူသူကင္းမဲ့သည့္ကၽြန္းေပၚသို႔ သူတို႔ကိုပို႔ေဆာင္ခဲ့သည္။

ေကာ့က္စ္ဘဇားခ႐ိုင္႐ွိ လူျပြတ္သိပ္ေနေသာဒုကၡသည္စခန္းမ်ားမွ မေလး႐ွားႏိုင္ငံသို႔ ဦးတည္ထြက္ေျပးခဲ့ၾကျခင္းျဖစ္သည္။

ဒုကၡသည္အမ်ိဳးသမီးအခ်ိဳ႕ကို ရဲအေစာင့္မ်ားက လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈမ်ား႐ွိေနသည္ဟု လက္တံု႔ျပန္ခံရမည္ေၾကာက္သျဖင့္နာမည္ထုတ္မေျပာရန္ေတာင္းဆိုသည့္ ဘဂၤါလီအမ်ိဳးသမီး ၂ ေယာက္က ေျပာသည္။

ေန႔ခင္းပိုင္းတာ၀န္က်သည့္အမ်ိဳးသမီးရဲေမမ်ားက ကာကြယ္ေပးေသာ္လည္း ညပိုင္းတြင္ ရဲသားမ်ားသာတာ၀န္က်ေၾကာင္း ေနာက္ထပ္အမ်ိဳးသမီးတစ္ေယာက္ကေျပာသည္။

ေကာ့က္စ္ဘဇားမွစခန္းမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကိုကာကြယ္ရန္ ယာယီအစီအမံအေနျဖင့္ ကၽြန္းေပၚတြင္ေနရာခ်ေပးရန္ ၾကားျဖတ္ဟန္႔တားခဲ့ျခင္းဟုဘဂၤလားေဒ့႐ွ္အာဏာပိုင္မ်ားကေျပာသည္။

ကၽြန္းေပၚတြင္ ဘဂၤါလီအမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈမ်ား႐ွိေနေၾကာင္း ၿပီးခဲ့သည့္တစ္ပတ္က ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔၏အစီရင္ခံစာတြင္ပါ၀င္သည္။

အာဏာပိုင္မ်ားအေနျဖင့္ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္လည္း အာဏာပိုင္မ်ားကို အစီရင္ခံစာက ေတာင္းဆိုသည္။

လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈစြပ္စြဲခ်က္မ်ားအားလံုးကို ဘဂၤလားေဒ့႐ွ္ဒုကၡသည္မ်ားကယ္ဆယ္ေရးႏွင့္ေနရပ္ျပန္ေစေရးမဟာမင္းႀကီး မာဘတ္ အလမ္ တာလုဒါက ျငင္းဆိုၿပီး စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္မလိုအပ္ဟု ေျပာသည္။

ဒုကၡသည္တစ္ေယာက္ကိုမွ ကၽြန္းေပၚသို႔အတင္းအဓမၼေ႐ႊ႕ေျပာင္းခဲ့ျခင္းမရွိဟု ျငင္းဆိုသည္။

Ref : Rohingya refugees allege sexual assault on Bangladeshi island

#PeopleMedia

(Unicode)
ဘင်္ဂလားဒေ့ရှ်တွင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကြုံနေရဟု ဘင်္ဂါလီဒုက္ခသည်များစွပ်စွဲ
………………………………………

ဒါကာ၊ စက်တင်ဘာ ၂၂

ဘင်္ဂလားပင်လယ်အော်ရှိ လူသူကင်းမဲ့သောဘာရှန်ချားကျွန်းပေါ်မှ ထောင်ကဲ့သို့အခြေအနေများတွင် စိတ်ဆန္ဒနှင့်ဆန့်ကျင်ကာထိန်းသိမ်ခံနေရပြီး အဓမ္မကျင့်မှုနှင့်လိင်ပိုင်းဆိုင်ရာစော်ကားမှုများရင်ဆိုင်နေရကြောင်း ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ဒုက္ခသည်များကပြောသည်။

ခရီးသွားနေသည့်လှေတစ်စင်းကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ကြားဖြတ်ဟန့်တားခဲ့သည့်ဧပြီလနောက်ပိုင်းတွင် ဘင်္ဂါလီ ၃၀၀ ကျော်ကို လူသူကင်းမဲ့သည့်ကျွန်းပေါ်သို့ သူတို့ကိုပို့ဆောင်ခဲ့သည်။

ကော့က်စ်ဘဇားခရိုင်ရှိ လူပြွတ်သိပ်နေသောဒုက္ခသည်စခန်းများမှ မလေးရှားနိုင်ငံသို့ ဦးတည်ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ဒုက္ခသည်အမျိုးသမီးအချို့ကို ရဲအစောင့်များက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများရှိနေသည်ဟု လက်တုံ့ပြန်ခံရမည်ကြောက်သဖြင့်နာမည်ထုတ်မပြောရန်တောင်းဆိုသည့် ဘင်္ဂါလီအမျိုးသမီး ၂ ယောက်က ပြောသည်။

နေ့ခင်းပိုင်းတာဝန်ကျသည့်အမျိုးသမီးရဲမေများက ကာကွယ်ပေးသော်လည်း ညပိုင်းတွင် ရဲသားများသာတာဝန်ကျကြောင်း နောက်ထပ်အမျိုးသမီးတစ်ယောက်ကပြောသည်။

ကော့က်စ်ဘဇားမှစခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန် ယာယီအစီအမံအနေဖြင့် ကျွန်းပေါ်တွင်နေရာချပေးရန် ကြားဖြတ်ဟန့်တားခဲ့ခြင်းဟုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကပြောသည်။

ကျွန်းပေါ်တွင် ဘင်္ဂါလီအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများရှိနေကြောင်း ပြီးခဲ့သည့်တစ်ပတ်က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အစီရင်ခံစာတွင်ပါဝင်သည်။

အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်လည်း အာဏာပိုင်များကို အစီရင်ခံစာက တောင်းဆိုသည်။

လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုစွပ်စွဲချက်များအားလုံးကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များကယ်ဆယ်ရေးနှင့်နေရပ်ပြန်စေရေးမဟာမင်းကြီး မာဘတ် အလမ် တာလုဒါက ငြင်းဆိုပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်မလိုအပ်ဟု ပြောသည်။

ဒုက္ခသည်တစ်ယောက်ကိုမှ ကျွန်းပေါ်သို့အတင်းအဓမ္မရွှေ့ပြောင်းခဲ့ခြင်းမရှိဟု ငြင်းဆိုသည်။

Ref : Rohingya refugees allege sexual assault on Bangladeshi island

#PeopleMedia


Share this post