• Follow Us on

Home ဘဂၤလားေဒ့႐ွ္တြင္ လိင္ေျပာင္းေက်ာင္းသားမ်ားအတြက္ ပထမဆံုးေက်ာင္းဖြင့္လွစ္

ဘဂၤလားေဒ့႐ွ္တြင္ လိင္ေျပာင္းေက်ာင္းသားမ်ားအတြက္ ပထမဆံုးေက်ာင္းဖြင့္လွစ္

Share this post

ဒါကာ၊ ႏို၀င္ဘာ ၇

ဘဂၤလားေဒ့႐ွ္ႏိုင္ငံၿမိဳ႕ေတာ္ဒါကာတြင္ လိင္ေျပာင္းေက်ာင္းသားမ်ားအတြက္ ပထမဆံုးဘာသာေရးေက်ာင္းတေက်ာင္းဖြင့္လွစ္ခဲ့သည္။

ေက်ာင္းသားေက်ာင္းသူ ၁၅၀ ေက်ာ္ကို အစၥလာမ္ဘာသာေရးစာေပႏွင့္ သက္ေမြးပညာရပ္မ်ားကို ပုဂၢလိကရန္ပံုေငြျဖင့္လည္ပတ္သည့္က်မ္းစာသင္ေက်ာင္းတြင္ အခမဲ့သင္ၾကားေပးမည္ျဖစ္သည္။

လိင္ေျပာင္းထားသည့္အသိုက္အ၀န္းကို ဘဂၤလားေဒ့႐ွ္တြင္ တရား၀င္အသိအမွတ္ျပဳၿပီး တတိယလိင္အမ်ိဳးအစားအျဖစ္ သတ္မွတ္ေပးထားသည္။

သူတို႔တြင္မဲေပးခြင့္ႏွင့္ ေ႐ြးေကာက္ခံခြင့္႐ွိေသာ္လည္း ေ႐ွး႐ိုးစြဲလူအသိုက္အ၀န္း၏သေဘာထားေၾကာင့္ သူတို႔အလုပ္ရရန္ႏွင့္ ပညာသင္ခြင့္ႏွင့္အလုပ္အကိုင္ရရန္ ခက္ခဲေနသည္။

အခ်ိဳ႕က ၿမိဳ႕ႀကီးမ်ားသို႔ေ႐ႊ႕ေျပာင္းၿပီး လူမႈေရးအခမ္းအနားမ်ားတြင္သီခ်င္းဆိုျခင္း၊ ေတာင္းရမ္းစားေသာက္ျခင္းႏွင့္လိင္လုပ္သားအျဖစ္လုပ္ကိုင္ျခင္းတို႔ျဖင့္ ရပ္တည္ၾကသည္။

ဘဂၤလားေဒ့႐ွ္တြင္ လိင္ေျပာင္းထားသူ ၁၀၀၀၀ ခန္႔႐ွိေၾကာင္း ဘဂၤလားေဒ့႐ွ္အစိုးရကေျပာၿပီး အျခားခန္႔မွန္းခ်က္မ်ားတြင္ ၅၀၀၀၀ ေက်ာ္႐ွိသည္ဟုဆိုသည္။

Ref : Transgender in Bangladesh: First school opens for trans students

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်တွင် လိင်ပြောင်းကျောင်းသားများအတွက် ပထမဆုံးကျောင်းဖွင့်လှစ်
……………………………………

ဒါကာ၊ နိုဝင်ဘာ ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာတွင် လိင်ပြောင်းကျောင်းသားများအတွက် ပထမဆုံးဘာသာရေးကျောင်းတကျောင်းဖွင့်လှစ်ခဲ့သည်။

ကျောင်းသားကျောင်းသူ ၁၅၀ ကျော်ကို အစ္စလာမ်ဘာသာရေးစာပေနှင့် သက်မွေးပညာရပ်များကို ပုဂ္ဂလိကရန်ပုံငွေဖြင့်လည်ပတ်သည့်ကျမ်းစာသင်ကျောင်းတွင် အခမဲ့သင်ကြားပေးမည်ဖြစ်သည်။

လိင်ပြောင်းထားသည့်အသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်တွင် တရားဝင်အသိအမှတ်ပြုပြီး တတိယလိင်အမျိုးအစားအဖြစ် သတ်မှတ်ပေးထားသည်။

သူတို့တွင်မဲပေးခွင့်နှင့် ရွေးကောက်ခံခွင့်ရှိသော်လည်း ရှေးရိုးစွဲလူအသိုက်အဝန်း၏သဘောထားကြောင့် သူတို့အလုပ်ရရန်နှင့် ပညာသင်ခွင့်နှင့်အလုပ်အကိုင်ရရန် ခက်ခဲနေသည်။

အချို့က မြို့ကြီးများသို့ရွှေ့ပြောင်းပြီး လူမှုရေးအခမ်းအနားများတွင်သီချင်းဆိုခြင်း၊ တောင်းရမ်းစားသောက်ခြင်းနှင့်လိင်လုပ်သားအဖြစ်လုပ်ကိုင်ခြင်းတို့ဖြင့် ရပ်တည်ကြသည်။

ဘင်္ဂလားဒေ့ရှ်တွင် လိင်ပြောင်းထားသူ ၁၀၀၀၀ ခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကပြောပြီး အခြားခန့်မှန်းချက်များတွင် ၅၀၀၀၀ ကျော်ရှိသည်ဟုဆိုသည်။

Ref : Transgender in Bangladesh: First school opens for trans students

#PeopleMedia


Share this post