• Follow Us on

Home ဘဂၤလားေဒ့႐ွ္တြင္ လူ႔အခြင့္အေရးအေျခအေနတိုးတက္လာျခင္းမ႐ွိဟု ၿဗိတိန္ေျပာ

ဘဂၤလားေဒ့႐ွ္တြင္ လူ႔အခြင့္အေရးအေျခအေနတိုးတက္လာျခင္းမ႐ွိဟု ၿဗိတိန္ေျပာ

Share this post

ဒါကာ၊ ဇူလိုင္ ၁၇

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္တစ္ႏွစ္လံုး လူ႔အခြင့္အေရးအေျခအေနတိုးတက္လာျခင္းမ႐ွိဟု ၿဗိတိန္အာ ဏာပိုင္မ်ားက ၾကာသပေတးေန႔တြင္ေျပာသည္။

မဲအတုလုပ္ျခင္းႏွင့္ မဲလိမ္ျခင္း႐ွိသည္ဟုေျပာဆိုေနၾကသည့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာေ႐ြးေကာက္ပြဲတြင္ အာဏာ ရအဝါမီလိဂ္ပါတီႏွင့္မိတ္ဖက္မ်ား အာဏာျပန္ရလာေၾကာင္း ႏိုင္ငံတကာလူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီအစီရင္ ခံစာတြင္ ၿဗိတိန္အာဏာပိုင္မ်ားကထည့္သြင္းေျပာထားသည္။

ၾကာသပေတးေန႔တြင္ ၿဗိတိန္ႏိုင္ငံျခားေရးႏွင့္ဓနသဟာယႏိုင္ငံမ်ားဆိုင္ရာ႐ံုးက ထိုအစီရင္ခံစာထုတ္ျပန္ခဲ့ၿပီး ၿဗိတိန္လႊတ္ေတာ္တြင္လည္း အစီရင္ခံစာတင္ခဲ့သည္။

ဥပေဒျပင္ပသတ္ျဖတ္မႈမ်ား၊ အင္အားသံုး၍ အစအနေဖ်ာက္မႈမ်ားႏွင့္ အျခားျဖစ္ရပ္မ်ား၊ သတင္းစာဆရာမ်ား ကို တိုက္ခိုက္မႈမ်ားလည္း ဆက္ျဖစ္ေနေၾကာင္း အစီရင္ခံစာတြင္ပါ၀င္သည္။

၂၀၁၉ တစ္ႏွစ္လံုး ၿဗိတိန္၀န္ႀကီးမ်ားက အတိုက္အခံႏိုင္ငံေရးသမားမ်ား၊ မီဒီယာမ်ား၊ တိုင္းရင္းသားေခါင္း ေဆာင္မ်ားႏွင့္ ေတြ႕ဆံုခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ဧၿပီတြင္ ၿဗိတိန္မွအာ႐ွေရးရာ၀န္ႀကီးမာ့က္ ဖီးလ္ဒ္က လူ႔အခြင့္ အေရးစိုးရိမ္ရမႈမ်ားကို ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာထံ တိုးႁမွင့္အသိေပးခဲ့သည္။

၀န္ႀကီးခ်ဳပ္ေဟာင္းႏွင့္ အတိုက္အခံဘီအန္ပီပါတီေခါင္းေဆာင္ ခါလီဒါ ဇီယာကို အက်င့္ပ်က္ျခစားမႈစြဲခ်က္ မ်ားျဖင့္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီမွစ၍ ေထာင္ခ်ထားေသာ္လည္း လံုေလာက္သည့္က်န္းမာေရး ေစာင့္ေ႐ွာက္ မႈမ်ားမရဟု ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ Amnesty International ကိုကိုးကားၿပီး ၿဗိတိန္ကေျပာ သည္။

ဒစ္ဂ်စ္တယ္လံုၿခံဳေရးဥပေဒ (၂၀၁၈) ခုႏွစ္အရ ဖမ္းဆီးခံရသူ ၄၂ ေယာက္႐ွိၿပီး ဘာသာေရးခံယူခ်က္ကို ထိပါးမႈႏွင့္ ၿငိမ္၀ပ္ပိျပားမႈထိပါးေစသည္ဟုဆိုသည့္စြဲခ်က္မ်ားျဖင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

Ref : Human rights situation no better: UK

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်တွင် လူ့အခွင့်အရေးအခြေအနေတိုးတက်လာခြင်းမရှိဟု ဗြိတိန်ပြော
……………………………………………………

ဒါကာ၊ ဇူလိုင် ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်တစ်နှစ်လုံး လူ့အခွင့်အရေးအခြေအနေတိုးတက်လာခြင်းမရှိဟု ဗြိတိန်အာ ဏာပိုင်များက ကြာသပတေးနေ့တွင်ပြောသည်။

မဲအတုလုပ်ခြင်းနှင့် မဲလိမ်ခြင်းရှိသည်ဟုပြောဆိုနေကြသည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာရွေးကောက်ပွဲတွင် အာဏာ ရအဝါမီလိဂ်ပါတီနှင့်မိတ်ဖက်များ အာဏာပြန်ရလာကြောင်း နိုင်ငံတကာလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအစီရင် ခံစာတွင် ဗြိတိန်အာဏာပိုင်များကထည့်သွင်းပြောထားသည်။

ကြာသပတေးနေ့တွင် ဗြိတိန်နိုင်ငံခြားရေးနှင့်ဓနသဟာယနိုင်ငံများဆိုင်ရာရုံးက ထိုအစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ဗြိတိန်လွှတ်တော်တွင်လည်း အစီရင်ခံစာတင်ခဲ့သည်။

ဥပဒေပြင်ပသတ်ဖြတ်မှုများ၊ အင်အားသုံး၍ အစအနဖျောက်မှုများနှင့် အခြားဖြစ်ရပ်များ၊ သတင်းစာဆရာများ ကို တိုက်ခိုက်မှုများလည်း ဆက်ဖြစ်နေကြောင်း အစီရင်ခံစာတွင်ပါဝင်သည်။

၂၀၁၉ တစ်နှစ်လုံး ဗြိတိန်ဝန်ကြီးများက အတိုက်အခံနိုင်ငံရေးသမားများ၊ မီဒီယာများ၊ တိုင်းရင်းသားခေါင်း ဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီတွင် ဗြိတိန်မှအာရှရေးရာဝန်ကြီးမာ့က် ဖီးလ်ဒ်က လူ့အခွင့် အရေးစိုးရိမ်ရမှုများကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာထံ တိုးမြှင့်အသိပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံဘီအန်ပီပါတီခေါင်းဆောင် ခါလီဒါ ဇီယာကို အကျင့်ပျက်ခြစားမှုစွဲချက် များဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ ထောင်ချထားသော်လည်း လုံလောက်သည့်ကျန်းမာရေး စောင့်ရှောက် မှုများမရဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကိုကိုးကားပြီး ဗြိတိန်ကပြော သည်။

ဒစ်ဂျစ်တယ်လုံခြုံရေးဥပဒေ (၂၀၁၈) ခုနှစ်အရ ဖမ်းဆီးခံရသူ ၄၂ ယောက်ရှိပြီး ဘာသာရေးခံယူချက်ကို ထိပါးမှုနှင့် ငြိမ်ဝပ်ပိပြားမှုထိပါးစေသည်ဟုဆိုသည့်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Ref : Human rights situation no better: UK

#PeopleMedia


Share this post