• Follow Us on

Home ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြ ျမန္မာနယ္စပ္မွာ အသင့္အေနအထား႐ွိေန

ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြ ျမန္မာနယ္စပ္မွာ အသင့္အေနအထား႐ွိေန

Share this post

ဒါကာ၊ ဇြန္ ၈

ဘဂၤလားေဒ့႐ွ္- ျမန္မာနယ္စပ္ကေန ကိုက္ ၇၀၀ အကြာ ျမန္မာဘက္ကေန ဇြန္ ၄ ရက္က ပစ္ခတ္မႈေတြ႐ွိခဲ့တဲ့ ေနာက္ ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြဟာ ဘန္ဒါဘန္ခ႐ိုင္က တမ္႐ူနယ္စပ္မွာ အသင့္အေနအထားနဲ႔ ႐ွိေနပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဆန္႔က်င္တဲ့မွတ္ခ်က္စာကို ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႔ဆီ စေနေန႔မွာေပးပို႔ခဲ့တယ္လို႔ ႏိုင္ခရမ္ခ်ာရီနယ္ျခားေစာင့္တပ္ရင္းကြပ္ကဲေရးအရာ႐ွိ အလီေဟဒါ အာဇက္အာမက္ကတနဂၤေႏြေန႔မွာေျပာပါ တယ္။

ျမန္မာႏိုင္ငံဟာ သူတို႔နယ္ေျမထဲမွာ အၾကမ္းဖက္မႈတန္ျပန္ေရးစစ္ဆင္းေရးဆင္ႏႊဲခဲ့ၿပီး ဒီကိစၥဟာ ျမန္မာျပည္ တြင္းေရးျဖစ္ေပမဲ့ ပစ္ခတ္မႈျဖစ္တာ နယ္စပ္နဲ႔နီးေနလို႔ မွတ္ခ်က္စာေပးပို႔ခဲ့တာလို႔လည္းေျပာပါတယ္။

နယ္စပ္တျခားဘက္မွာ တင္းမာတဲ့အေျခအေန႐ွိေနတာေၾကာင့္ နယ္ျခားေစာင့္တပ္ဖြဲ႔၀င္ေတြကို အဆင္သင့္အေနအထားမွာထားထားတာလို႔လည္းေျပာပါတယ္။

ဇြန္ ၄ ရက္က လံုၿခံဳေရးတပ္ဖြဲ႕၀င္ေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ ARSA အၾကမ္းဖက္အဖြဲ႕၀င္ဆိုတဲ့လူ ၂ ေယာက္ ေသဆံုးခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

Ref : BGB on alert along border with Myanmar

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေ မြန်မာနယ်စပ်မှာ အသင့်အနေအထားရှိနေ
…………………………………………………

ဒါကာ၊ ဇွန် ၈

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ကနေ ကိုက် ၇၀၀ အကွာ မြန်မာဘက်ကနေ ဇွန် ၄ ရက်က ပစ်ခတ်မှုတွေရှိခဲ့တဲ့ နောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ဘန်ဒါဘန်ခရိုင်က တမ်ရူနယ်စပ်မှာ အသင့်အနေအထားနဲ့ ရှိနေပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့မှတ်ချက်စာကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဆီ စနေနေ့မှာပေးပို့ခဲ့တယ်လို့ နိုင်ခရမ်ချာရီနယ်ခြားစောင့်တပ်ရင်းကွပ်ကဲရေးအရာရှိ အလီဟေဒါ အာဇက်အာမက်ကတနင်္ဂနွေနေ့မှာပြောပါ တယ်။

မြန်မာနိုင်ငံဟာ သူတို့နယ်မြေထဲမှာ အကြမ်းဖက်မှုတန်ပြန်ရေးစစ်ဆင်းရေးဆင်နွှဲခဲ့ပြီး ဒီကိစ္စဟာ မြန်မာပြည် တွင်းရေးဖြစ်ပေမဲ့ ပစ်ခတ်မှုဖြစ်တာ နယ်စပ်နဲ့နီးနေလို့ မှတ်ချက်စာပေးပို့ခဲ့တာလို့လည်းပြောပါတယ်။

နယ်စပ်တခြားဘက်မှာ တင်းမာတဲ့အခြေအနေရှိနေတာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို အဆင်သင့်အနေအထားမှာထားထားတာလို့လည်းပြောပါတယ်။

ဇွန် ၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုကြောင့် ARSA အကြမ်းဖက်အဖွဲ့ဝင်ဆိုတဲ့လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Ref : BGB on alert along border with Myanmar

#PeopleMedia


Share this post