• Follow Us on

Home ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕ကို ျမန္ႏႈန္းျမင့္ၾကားျဖတ္ေရယာဥ္ တပ္ဆင္ေပး

ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕ကို ျမန္ႏႈန္းျမင့္ၾကားျဖတ္ေရယာဥ္ တပ္ဆင္ေပး

Share this post

ဒါကာ၊ ဇြန္ ၄

ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕ BGB ကို ေခတ္မီဆန္းျပားတဲ့လက္နက္ေတြ တပ္ဆင္ေပးထားတဲ့ ျမန္ႏႈန္း ျမင့္ၾကားျဖတ္ေရယာဥ္ ၄ စင္းတပ္ဆင္ေပးလိုက္ပါတယ္။ စစ္မွန္တဲ့စိတ္ဆႏၵနဲ႔ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ရဲ႕ တိုက္႐ိုက္ၫႊန္ၾကားခ်က္အရ ျဖည့္တင္းေပးတာလို႔ ဗုဒၶဟူးေန႔က သတင္းထုတ္ျပန္ခ်က္မွာ BGB ျပည္သူ႔ဆက္ ဆံေရးအရာ႐ွိ Md Shariful Islam ကအတည္ျပဳပါတယ္။

ေပ ၄၀ ႐ွည္ၿပီး ျမင္းေကာင္ေရ ၆၅၀ အား၊ အင္ဂ်င္ ၃ လံုးတပ္ ပိုလီမာအားျဖည့္ထားတဲ့ Silvercraft 40 ေမာ္ ဒယ္ေရယာဥ္ဟာ စစ္သား ၃၃ ေယာက္သယ္ေဆာင္ႏိုင္ၿပီး တစ္နာရီေရမိုင္ ၅၅ မိုင္ႏႈန္းသြားႏိုင္တယ္လို႔ ထုတ္ ျပန္ခ်က္မွာပါ၀င္ပါတယ္။ အဲဒီေရယာဥ္ေတြဟာ ဆိုး႐ြားတဲ့ရာသီဥတုမွာ လမ္းေၾကာင္းျပႏိုင္ၿပီး အလိုအေလ်ာက္ စက္ေသနတ္ေတြ၊ အဆင့္ျမင့္ၿဂိဳဟ္တုလမ္းေၾကာင္းျပစနစ္ (RADAR)၊ စတုတၳမ်ိဳးဆက္လမ္းေၾကာင္းျပစနစ္၊ ေခတ္မီအသံလႈိင္းနဲ႔ ေရေအာက္တည္ေနရာ႐ွာေဖြစနစ္သာမက ေနာက္ထပ္ပိုၿပီးေခတ္မီဆန္းျပားတဲ့ ကိရိယာ ေတြပါ၀င္ပါတယ္။

တည္ေနရာကေန ကီလိုမီတာ ၅၀ အတြင္းမွာ႐ွိတဲ့ ရန္သူသေဘၤာေတြရဲ႕တည္ေနရာကို အတည္ျပဳႏိုင္ၿပီး ဒဏ္ ရာအႀကီးအက်ယ္ရထားတဲ့လူနာ ၂ ေယာက္ကိုလည္း သယ္ပို႔ေပးႏိုင္တဲ့စြမ္းရည္႐ွိပါတယ္။ အိႏၵိယႏိုင္ငံနဲ႔ ကီလို မီတာ ၁၆၀၊ ျမန္မာႏိုင္ငံနဲ႔ ၆၃ ကီလိုမီတာ ထိစပ္ေနတဲ့ေရေၾကာင္းနယ္စပ္ကိုသာမက ၄၁၇၄ ကီလိုမီတာ႐ွည္ တဲ့ ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ကုန္းေျမနယ္နိမိတ္ကိုလည္း BGB က ထိန္းခ်ဳပ္ကင္းလွည့္ေနတယ္လို႔ ထုတ္ျပန္ခ်က္ မွာပါ၀င္ပါတယ္။

၂၀၁၉ ခုႏွစ္ကစၿပီး ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာရဲ႕ၫႊန္ၾကားခ်က္အရ BGB ဟာ စိန္႔မာတင္ကၽြန္းရဲ႕ လံုၿခံဳေရးမွာပါ၀င္ေနတယ္လို႔လည္း သိရပါတယ္။ ဘဂၤလားေဒ့႐ွ္-ျမန္မာနယ္စပ္က နက္ျမစ္ကို ယာဘကုန္ကူး ရာမွာ လမ္းေၾကာင္းတစ္ခုအေနနဲ႔အသံုးျပဳၾကပါတယ္။ ႏိုင္ငံျဖတ္ေက်ာ္ရာဇ၀တ္ေကာင္ေတြက ဗ်ဴဟာအသစ္ ေတြဆက္တိုက္ေျပာင္းလဲက်င့္သံုးေနတာေတြ၊ လူကုန္ကူးမႈေတြ၊ ေမွာင္ခိုကူးမႈေတြ၊ ယာဘအပါအ၀င္ မူးယစ္ ေဆးကုန္ကူးမႈေတြနဲ႔ ဘဂၤါလီအေျခအေနေတြဟာ နတ္ျမစ္တစ္ေလွ်ာက္ ဘဂၤလားေဒ့႐ွ္နယ္စပ္ကို အက်ိဳး႐ွိ႐ွိ ထိန္းခ်ဳပ္ရာမွာ အဓိကစိန္ေခၚမႈတစ္ရပ္ျဖစ္ေနပါတယ္။

Ref : BGB introduces high-speed interceptor vessels

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကို မြန်နှုန်းမြင့်ကြားဖြတ်ရေယာဉ် တပ်ဆင်ပေး
…………………………………………………

ဒါကာ၊ ဇွန် ၄

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ကို ခေတ်မီဆန်းပြားတဲ့လက်နက်တွေ တပ်ဆင်ပေးထားတဲ့ မြန်နှုန်း မြင့်ကြားဖြတ်ရေယာဉ် ၄ စင်းတပ်ဆင်ပေးလိုက်ပါတယ်။ စစ်မှန်တဲ့စိတ်ဆန္ဒနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်အရ ဖြည့်တင်းပေးတာလို့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်မှာ BGB ပြည်သူ့ဆက် ဆံရေးအရာရှိ Md Shariful Islam ကအတည်ပြုပါတယ်။

ပေ ၄၀ ရှည်ပြီး မြင်းကောင်ရေ ၆၅၀ အား၊ အင်ဂျင် ၃ လုံးတပ် ပိုလီမာအားဖြည့်ထားတဲ့ Silvercraft 40 မော် ဒယ်ရေယာဉ်ဟာ စစ်သား ၃၃ ယောက်သယ်ဆောင်နိုင်ပြီး တစ်နာရီရေမိုင် ၅၅ မိုင်နှုန်းသွားနိုင်တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ အဲဒီရေယာဉ်တွေဟာ ဆိုးရွားတဲ့ရာသီဥတုမှာ လမ်းကြောင်းပြနိုင်ပြီး အလိုအလျောက် စက်သေနတ်တွေ၊ အဆင့်မြင့်ဂြိုဟ်တုလမ်းကြောင်းပြစနစ် (RADAR)၊ စတုတ္ထမျိုးဆက်လမ်းကြောင်းပြစနစ်၊ ခေတ်မီအသံလှိုင်းနဲ့ ရေအောက်တည်နေရာရှာဖွေစနစ်သာမက နောက်ထပ်ပိုပြီးခေတ်မီဆန်းပြားတဲ့ ကိရိယာ တွေပါဝင်ပါတယ်။

တည်နေရာကနေ ကီလိုမီတာ ၅၀ အတွင်းမှာရှိတဲ့ ရန်သူသင်္ဘောတွေရဲ့တည်နေရာကို အတည်ပြုနိုင်ပြီး ဒဏ် ရာအကြီးအကျယ်ရထားတဲ့လူနာ ၂ ယောက်ကိုလည်း သယ်ပို့ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ကီလို မီတာ ၁၆၀၊ မြန်မာနိုင်ငံနဲ့ ၆၃ ကီလိုမီတာ ထိစပ်နေတဲ့ရေကြောင်းနယ်စပ်ကိုသာမက ၄၁၇၄ ကီလိုမီတာရှည် တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကုန်းမြေနယ်နိမိတ်ကိုလည်း BGB က ထိန်းချုပ်ကင်းလှည့်နေတယ်လို့ ထုတ်ပြန်ချက် မှာပါဝင်ပါတယ်။

၂၀၁၉ ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာရဲ့ညွှန်ကြားချက်အရ BGB ဟာ စိန့်မာတင်ကျွန်းရဲ့ လုံခြုံရေးမှာပါဝင်နေတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က နက်မြစ်ကို ယာဘကုန်ကူး ရာမှာ လမ်းကြောင်းတစ်ခုအနေနဲ့အသုံးပြုကြပါတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်တွေက ဗျူဟာအသစ် တွေဆက်တိုက်ပြောင်းလဲကျင့်သုံးနေတာတွေ၊ လူကုန်ကူးမှုတွေ၊ မှောင်ခိုကူးမှုတွေ၊ ယာဘအပါအဝင် မူးယစ် ဆေးကုန်ကူးမှုတွေနဲ့ ဘင်္ဂါလီအခြေအနေတွေဟာ နတ်မြစ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အကျိုးရှိရှိ ထိန်းချုပ်ရာမှာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။

Ref : BGB introduces high-speed interceptor vessels

#PeopleMedia


Share this post