• Follow Us on

Home ဘင်္ဂလားဒေ့ရှ်မှာ COVID-19 အတည်ပြုလူနာ ၁ သိန်းကျော်လာ


Share this post

ဒါကာ၊ ဇွန် ၁၉









#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်မှာ COVID-19 အတည်ပြုလူနာ ၁ သိန်းကျော်လာ
……………………………………………………

ဒါကာ၊ ဇွန် ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅၀၀၀ ကျော်ရှိလာပြီး စုစုပေါင်းကူး စက်ခံရသူ ၁ သိန်းကျော်သွားပါပြီ။

ဇွန် ၁၁ ရက်တုန်းက မလေးရှားနိုင်ငံမှာ ကူးစက်ခံရသူ ၇၅၀၀၀ ရှိခဲ့ပြီး ဇွန် ၂ ရက်မှာ ကူးစက်ခံရသူ ၅၀၀၀၀ ရှိခဲ့တာပါ။

မေ ၄ ရက်မှာ ကူးစက်ခံရသူ ၁၀၀၀ ရှိခဲ့ပြီး မေ ၁၉ ရက်မှာကူးစက်ခံရသူ ၁၀၀၀၀ ပြည့်လာတာပါ။

ပထမဆုံးအတည်ပြုလူနာကိုတွေ့ပြီး ၁၀၃ ရက်မှာ ကူးစက်ခံရသူ ၁ သိန်းကျော်လာတာဖြစ်ပြီး အိမ်နီးချင်းပါက စ္စတန်ကတော့ ၁၀၄ ရက်နဲ့ အိန္ဒိယနိုင်ငံက ၁၁၁ ရက်မှာ ၁ သိန်းကျော်ခဲ့တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) ရဲ့အချက်အလက်တွေအရသိရပါတယ်။

အတည်ပြုလူနာ ၁၀၂၂၉၂ ယောက်ရှိနေပြီး လူ ၁ သန်းမှာ ၃၄၆၅ ယောက်ကို စစ်ဆေးထားနိုင်တာပါ။

အတည်ပြုလူနာတွေထဲက ၄၀၁၆၄ ယောက် ၃၉.၂၆ ရာခိုင်နှုန်းကတော့ပြန်သက်သာလာပါပြီ။

ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ ကူးစက်ခံရမှုအများဆုံး ၁၇ နိုင်ငံမြောက်ဖြစ်လာပါပြီ။

Ref : Covid-19 in Bangladesh: Highest weekly infection accelerates to crossing of 100,000 cases

#PeopleMedia


Share this post