• Follow Us on

Home ဘဂၤလားေဒ့႐ွ္သာသနာေရး၀န္ႀကီး COVID-19 ေၾကာင့္ ကြယ္လြန္

ဘဂၤလားေဒ့႐ွ္သာသနာေရး၀န္ႀကီး COVID-19 ေၾကာင့္ ကြယ္လြန္

Share this post

ဒါကာ၊ ဇြန္ ၁၅

ဘဂၤလားေဒ့႐ွ္သာသနာေရး၀န္ႀကီး႐ွိတ္ အဗၺဒူလာဟာ စေနေန႔ညမွာ ေသဆံုးခဲ့ၿပီး တနဂၤေႏြေန႔ မနက္ပိုင္း စမ္းသပ္ခ်က္ရလဒ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ အေျဖထြက္လာပါတယ္။

အသက္ ၇၅ ႏွစ္႐ွိေနတဲ့အဗၺဒူလာဟာ ဒါကာၿမိဳ႕မွာ႐ွိတဲ့တပ္မေတာ္ပူးေပါင္းေဆး႐ံုမွာ စေနေန႔ညနက္ပိုင္းက ႏွလံုးရပ္ေသဆံုးခဲ့တာလို႔ သူ႔ရဲ႕လက္ေထာက္ကိုယ္ေရးအတြင္းေရးမွဴး႐ွိတ္ နက္ဇ္မူဟာဆိုင္ကတ္က ေျပာပါတယ္။

သူ႔ကို တနဂၤေႏြေန႔က သူ႔ရဲ႔ေမြးရပ္ေျမဂိုပယ္ဂန္႔ဆန္ဒါၿမိဳ႕နယ္ကကက္ကာနီယာ႐ြာမွာ႐ွိတဲ့ မိသားစုသခ်ႋဳင္းမွာ ေျမႁမွဳပ္သၿဂိဳဟ္ခဲ့ပါတယ္။

သူေသဆံုးမႈအတြက္ ၀မ္းနည္းေၾကာင္း သမၼတ အဗၺဒူဟာမစ္နဲ႔ ၀န္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာတို႔ကလည္း ထုတ္ ေျပာခဲ့ပါတယ္။

အဗၺဒူလာတင္မက မၾကာေသးခင္ကမွခန္႔အပ္ခဲ့တဲ့က်န္းမာေရး၀န္ႀကီးအဗၺဒူ မန္နန္ရဲ႕ဇနီးျဖစ္သူလည္း စေနေန႔ ညက COVID-19 ေၾကာင့္ကြယ္လြန္ခဲ့ပါတယ္။ ၾကာသပေတးေန႔မွာ သူဟာ COVID-19 ေၾကာင့္ေဆး႐ံုတက္ ကုသမႈခံယူခဲ့ၿပီး ေရာဂါအေျခအေနဆိုးလာတယ္လို႔ မန္နန္ရဲ႕ကိုယ္ေရးအတြင္းေရးမွဴးကအတည္ျပဳပါတယ္။

တနဂၤေႏြေန႔က ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ COVID-19 ေၾကာင့္ေသဆံုးသူ ၃၂ ေယာက္ထပ္တိုးခဲ့ၿပီး ကူးစက္ခံရသူ ၃၁၄၁ ေယာက္ထပ္တိုးလာပါတယ္။

ဒါ့ေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ COVID-19 ေၾကာင့္ေသဆံုးသူ ၁၁၇၁ ေယာက္႐ွိေနၿပီး ကူးစက္ခံရသူ ၈၇၅၂၀ ေယာက္႐ွိေနပါတယ္။

Ref : State minister Sheikh Abdullah, health secy’s wife die of COVID-19

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်သာသနာရေးဝန်ကြီး COVID-19 ကြောင့် ကွယ်လွန်
……………………………………………………

ဒါကာ၊ ဇွန် ၁၅

ဘင်္ဂလားဒေ့ရှ်သာသနာရေးဝန်ကြီးရှိတ် အဗ္ဗဒူလာဟာ စနေနေ့ညမှာ သေဆုံးခဲ့ပြီး တနင်္ဂနွေနေ့ မနက်ပိုင်း စမ်းသပ်ချက်ရလဒ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အဖြေထွက်လာပါတယ်။

အသက် ၇၅ နှစ်ရှိနေတဲ့အဗ္ဗဒူလာဟာ ဒါကာမြို့မှာရှိတဲ့တပ်မတော်ပူးပေါင်းဆေးရုံမှာ စနေနေ့ညနက်ပိုင်းက နှလုံးရပ်သေဆုံးခဲ့တာလို့ သူ့ရဲ့လက်ထောက်ကိုယ်ရေးအတွင်းရေးမှူးရှိတ် နက်ဇ်မူဟာဆိုင်ကတ်က ပြောပါတယ်။

သူ့ကို တနင်္ဂနွေနေ့က သူ့ရဲ့မွေးရပ်မြေဂိုပယ်ဂန့်ဆန်ဒါမြို့နယ်ကကက်ကာနီယာရွာမှာရှိတဲ့ မိသားစုသင်္ချိုင်းမှာ မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်။

သူသေဆုံးမှုအတွက် ဝမ်းနည်းကြောင်း သမ္မတ အဗ္ဗဒူဟာမစ်နဲ့ ဝန်ကြီးချုပ်ရှိတ် ဟာဆီနာတို့ကလည်း ထုတ် ပြောခဲ့ပါတယ်။

အဗ္ဗဒူလာတင်မက မကြာသေးခင်ကမှခန့်အပ်ခဲ့တဲ့ကျန်းမာရေးဝန်ကြီးအဗ္ဗဒူ မန်နန်ရဲ့ဇနီးဖြစ်သူလည်း စနေနေ့ ညက COVID-19 ကြောင့်ကွယ်လွန်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ သူဟာ COVID-19 ကြောင့်ဆေးရုံတက် ကုသမှုခံယူခဲ့ပြီး ရောဂါအခြေအနေဆိုးလာတယ်လို့ မန်နန်ရဲ့ကိုယ်ရေးအတွင်းရေးမှူးကအတည်ပြုပါတယ်။

တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကြောင့်သေဆုံးသူ ၃၂ ယောက်ထပ်တိုးခဲ့ပြီး ကူးစက်ခံရသူ ၃၁၄၁ ယောက်ထပ်တိုးလာပါတယ်။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကြောင့်သေဆုံးသူ ၁၁၇၁ ယောက်ရှိနေပြီး ကူးစက်ခံရသူ ၈၇၅၂၀ ယောက်ရှိနေပါတယ်။

Ref : State minister Sheikh Abdullah, health secy’s wife die of COVID-19

#PeopleMedia


Share this post