• Follow Us on

Home ဘဂၤလားေဒ့႐ွ္အစိုးရ၀န္ထမ္းမ်ားပါလာသည့္ ဘတ္စ္ကားမ်ားအပါအ၀င္ ကားမ်ားမီး႐ွိဳ႕ခံရ

ဘဂၤလားေဒ့႐ွ္အစိုးရ၀န္ထမ္းမ်ားပါလာသည့္ ဘတ္စ္ကားမ်ားအပါအ၀င္ ကားမ်ားမီး႐ွိဳ႕ခံရ

Share this post

ဒါကာ၊ ႏို၀င္ဘာ ၁၃
 
ဘဂၤလားေဒ့႐ွ္ႏိုင္ငံၿမိဳ႕ေတာ္ဒါကာမွ မဲဆႏၵနယ္အမွတ္ ၁၈ တြင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲျပဳလုပ္ေနသည့္ ၾကာသပေတးေန႔တြင္ ၿမိဳ႕ေနရာမ်ားတြင္ ကားအမ်ားအျပားကို မီး႐ွိဳ႕သည့္ျဖစ္ရပ္မ်ား႐ွိခဲ့သည္။
 
ၾကာသပေတးေန႔ေန႔လည္မွညေနပိုင္းၾကား အခ်ိန္ ၄ နာရီအတြင္း အစိုးရ၀န္ထမ္းမ်ားကိုတင္ေဆာင္လာသည့္ဘတ္စ္ကား ၂ စီးအပါအ၀င္ ဘတ္စ္ကား ၉ စီးကို မီး႐ွိဳ႕ခဲ့ေၾကာင္း ရဲႏွင့္မီးသတ္ဌာနတို႔ကေျပာသည္။
 
ထိခိုက္ေသဆံုးမႈမ်ားမ႐ွိေၾကာင္း ဒါကာမီးသတ္ႏွင့္ျပည္သူ႔ကာကြယ္ေရးဌာနကထုတ္ျပန္သည္။
 
ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ အာဏာရအဝါမီလိဂ္ပါတီကိုမဲေပးရန္ ေထာက္ခံသူမ်ားက အတင္းအၾကပ္တိုက္တြန္းေနၿပီး ႀကီးႀကီးမားမားမူမမွန္မႈမ်ား႐ွိေနသည္ဟု အတိုက္အခံ ဘီအန္ပီပါတီကေျပာသည္။
 
သို႔ေသာ္ အာဏာရပါတီကိုယ္စားလွယ္က စြပ္စြဲခ်က္ကိုျငင္းဆိုၿပီး ဘီအန္ပီပါတီကိုယ္စားလွယ္သည္ ေၾကးစားလူမိုက္မ်ား ငွားရမ္းကာ ဆူညံေစရန္လုပ္သည္ဟု တန္ျပန္စြပ္စြဲသည္။
 
ကားမ်ားကို မီး႐ွိဳ႕မႈမ်ားထဲမွပထမဆံုးျဖစ္ရပ္သည္ ဘီအန္ပီပါတီေထာက္ခံသူမ်ားက အႀကီးအက်ယ္မသမာမႈမ်ား႐ွိေနသည္ဟု ဆႏၵျပခဲ့ၿပီးေနာက္ပိုင္း ပါတီ႐ံုးခ်ဳပ္နားတြင္ျဖစ္ပြားခဲ့သည္။
 
Ref : Arson attack on buses in Dhaka amid by-polls
 
#PeopleMedia
 
(unicode)
ဘင်္ဂလားဒေ့ရှ်အစိုးရဝန်ထမ်းများပါလာသည့် ဘတ်စ်ကားများအပါအဝင် ကားများမီးရှို့ခံရ
………………………………………………….
 
ဒါကာ၊ နိုဝင်ဘာ ၁၃
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာမှ မဲဆန္ဒနယ်အမှတ် ၁၈ တွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နေသည့် ကြာသပတေးနေ့တွင် မြို့နေရာများတွင် ကားအများအပြားကို မီးရှို့သည့်ဖြစ်ရပ်များရှိခဲ့သည်။
 
ကြာသပတေးနေ့နေ့လည်မှညနေပိုင်းကြား အချိန် ၄ နာရီအတွင်း အစိုးရဝန်ထမ်းများကိုတင်ဆောင်လာသည့်ဘတ်စ်ကား ၂ စီးအပါအဝင် ဘတ်စ်ကား ၉ စီးကို မီးရှို့ခဲ့ကြောင်း ရဲနှင့်မီးသတ်ဌာနတို့ကပြောသည်။
 
ထိခိုက်သေဆုံးမှုများမရှိကြောင်း ဒါကာမီးသတ်နှင့်ပြည်သူ့ကာကွယ်ရေးဌာနကထုတ်ပြန်သည်။
 
ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရအဝါမီလိဂ်ပါတီကိုမဲပေးရန် ထောက်ခံသူများက အတင်းအကြပ်တိုက်တွန်းနေပြီး ကြီးကြီးမားမားမူမမှန်မှုများရှိနေသည်ဟု အတိုက်အခံ ဘီအန်ပီပါတီကပြောသည်။
 
သို့သော် အာဏာရပါတီကိုယ်စားလှယ်က စွပ်စွဲချက်ကိုငြင်းဆိုပြီး ဘီအန်ပီပါတီကိုယ်စားလှယ်သည် ကြေးစားလူမိုက်များ ငှားရမ်းကာ ဆူညံစေရန်လုပ်သည်ဟု တန်ပြန်စွပ်စွဲသည်။
 
ကားများကို မီးရှို့မှုများထဲမှပထမဆုံးဖြစ်ရပ်သည် ဘီအန်ပီပါတီထောက်ခံသူများက အကြီးအကျယ်မသမာမှုများရှိနေသည်ဟု ဆန္ဒပြခဲ့ပြီးနောက်ပိုင်း ပါတီရုံးချုပ်နားတွင်ဖြစ်ပွားခဲ့သည်။
 
Ref : Arson attack on buses in Dhaka amid by-polls
 
#PeopleMedia

Share this post