• Follow Us on
Latest News

Home ဘဂၤလားေဒ့႐ွ္အာဏာရပါတီေခါင္းေဆာင္ကို ႏွာေခါင္းစည္းလိမ္လည္ တင္ပို႔မႈျဖင့္ အစိုးရတရားစြဲ

ဘဂၤလားေဒ့႐ွ္အာဏာရပါတီေခါင္းေဆာင္ကို ႏွာေခါင္းစည္းလိမ္လည္ တင္ပို႔မႈျဖင့္ အစိုးရတရားစြဲ

Share this post

ဒါကာ၊ ဇြန္ ၉

KN95 ႏွာေခါင္းစည္းတင္ပို႔ဖို႔ လိမ္လည္ထားတဲ့စာ႐ြက္စာတမ္းေတြ အသံုးျပဳခဲ့တယ္ဆိုၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ အာဏာရပါတီအဝါမီလိဂ္ရဲ႕ေခါင္းေဆာင္ အမီႏူးအစၥလမ္ကို ေဆးဝါးႀကီးၾကပ္ကြပ္ကဲမႈဆိုင္ရာ အေထြေထြၫႊန္ ၾကားမႈဌာန DGDA က တရားစြဲလိုက္ပါတယ္။

ပါတီျပန္ၾကားေရးဒုတိယအတြင္းေရးမွဴးက တာ၀န္႐ွိတယ္ဆိုတာျငင္းဆိုထားၿပီး သူ႔ရဲ႕အီလန္ေကာ္ပိုေရး႐ွင္းရဲ႕ တင္သြင္းခြင့္လိုင္စင္ကို တာဂ်ဴးအစၥလမ္ဆိုတဲ့လူကို သံုးခြင့္ေပးလိုက္တယ္လို႔ေျပာပါတယ္။

အထူးအာဏာရသူမ်ားဆိုင္ရာအက္ဥပေဒအရ တာဂ်ဴးနဲ႔သူ႔ယာဥ္ေမာင္းတို႔ကို ရဲေတြက အစပိုင္းမွာစြဲခ်က္တင္ ထားတယ္လို႔ တီဂါအြန္စက္မႈဇုန္ရဲအႀကီးအကဲမိုဟာမက္အလီက တနဂၤေႏြေန႔မွာေျပာပါတယ္။

ေမ ၂၉ ရက္မွာ အမီႏူးကို DGDA ဒုတိယၫႊန္ၾကားေရးမွဴး ဖာ႐ူအစၥလမ္က စြဲခ်က္တင္ခဲ့ပါတယ္။

အီလန္ကို ႏွာေခါင္းစည္းအခု ၅၀၀၀၀ တင္သြင္းဖို႔ ခြင့္ျပဳခဲ့ၿပီး အေစာပိုင္းစစ္ေဆးရာမွာ အီလန္ဘက္က စာ႐ြက္ စာတမ္းေတြအမ်ားႀကီးတင္ျပခဲ့လို႔ လိမ္လည္ထားတာကို မေဖာ္ထုတ္ႏိုင္ခဲ့ဘူးလို႔ DGDA အရာ႐ွိကေျပာပါ တယ္။

လိမ္လည္မႈေတြေတြ႕ခဲ့ၿပီးေနာက္ ဌာနက ခြင့္ျပဳမိန္႔႐ုတ္သိမ္းခဲ့ေပမဲ့ ကုမၸဏီဘက္က ႏွာေခါင္းစည္းေတြ တင္ပို႔ခဲ့ ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကိုကာကြယ္ရာမွာအေရးပါတဲ့ႏွာေခါင္းစည္းေတြရဲ႕အရည္အေသြးကိုေတာ့ ဖာ႐ူးက ဘာမွ မေျပာခဲ့ပါဘူး။

ရဲေတြရဲ႕မႈခင္းစံုစမ္းစစ္ေဆးေရးဌာနဆီ ရက္ပိုင္းအတြင္း အမႈလႊဲေပးေတာ့မယ္လို႔ ဒါကာၿမိဳ႕ေတာ္ရဲတပ္ဖြဲ႔က ဒုတိယရဲမွဴးႀကီးဆူဒိကူးမား ခ်ာကရာေဘာ္တီကေျပာပါတယ္။

မိတ္ေဆြေဟာင္းတာဂ်ဴးကို မတ္ ၂၅ ရက္မွာ တင္ပို႔ခြင့္ျပဳတယ္ဆိုတဲ့ခြင့္ျပဳစာေပးခဲ့တယ္လို႔ အမီႏူးကေျပာပါ တယ္။

ခြင့္ျပဳခ်က္ကိုသံုးၿပီးသူလုပ္သမွ်အတြက္ တာဂ်ဴးကပဲတာ၀န္ယူရမယ္လို႔ စာ႐ြက္စာတမ္းမွာပါ၀င္တယ္လို႔ အမီ ႏူးကေျပာပါတယ္ တာဂ်ဴးကို မွတ္ခ်က္ေတာင္းခံလို႔မရေသးပါဘူး။

Ref : Government sues Awami League leader over ‘forgery’ in KN95 mask import

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်အာဏာရပါတီခေါင်းဆောင်ကို နှာခေါင်းစည်းလိမ်လည် တင်ပို့မှုဖြင့် အစိုးရတရားစွဲ
……………………………………………

ဒါကာ၊ ဇွန် ၉

KN95 နှာခေါင်းစည်းတင်ပို့ဖို့ လိမ်လည်ထားတဲ့စာရွက်စာတမ်းတွေ အသုံးပြုခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အာဏာရပါတီအဝါမီလိဂ်ရဲ့ခေါင်းဆောင် အမီနူးအစ္စလမ်ကို ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ အထွေထွေညွှန် ကြားမှုဌာန DGDA က တရားစွဲလိုက်ပါတယ်။

ပါတီပြန်ကြားရေးဒုတိယအတွင်းရေးမှူးက တာဝန်ရှိတယ်ဆိုတာငြင်းဆိုထားပြီး သူ့ရဲ့အီလန်ကော်ပိုရေးရှင်းရဲ့ တင်သွင်းခွင့်လိုင်စင်ကို တာဂျူးအစ္စလမ်ဆိုတဲ့လူကို သုံးခွင့်ပေးလိုက်တယ်လို့ပြောပါတယ်။

အထူးအာဏာရသူများဆိုင်ရာအက်ဥပဒေအရ တာဂျူးနဲ့သူ့ယာဉ်မောင်းတို့ကို ရဲတွေက အစပိုင်းမှာစွဲချက်တင် ထားတယ်လို့ တီဂါအွန်စက်မှုဇုန်ရဲအကြီးအကဲမိုဟာမက်အလီက တနင်္ဂနွေနေ့မှာပြောပါတယ်။

မေ ၂၉ ရက်မှာ အမီနူးကို DGDA ဒုတိယညွှန်ကြားရေးမှူး ဖာရူအစ္စလမ်က စွဲချက်တင်ခဲ့ပါတယ်။

အီလန်ကို နှာခေါင်းစည်းအခု ၅၀၀၀၀ တင်သွင်းဖို့ ခွင့်ပြုခဲ့ပြီး အစောပိုင်းစစ်ဆေးရာမှာ အီလန်ဘက်က စာရွက် စာတမ်းတွေအများကြီးတင်ပြခဲ့လို့ လိမ်လည်ထားတာကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့ DGDA အရာရှိကပြောပါ တယ်။

လိမ်လည်မှုတွေတွေ့ခဲ့ပြီးနောက် ဌာနက ခွင့်ပြုမိန့်ရုတ်သိမ်းခဲ့ပေမဲ့ ကုမ္ပဏီဘက်က နှာခေါင်းစည်းတွေ တင်ပို့ခဲ့ ပြီး ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရာမှာအရေးပါတဲ့နှာခေါင်းစည်းတွေရဲ့အရည်အသွေးကိုတော့ ဖာရူးက ဘာမှ မပြောခဲ့ပါဘူး။

ရဲတွေရဲ့မှုခင်းစုံစမ်းစစ်ဆေးရေးဌာနဆီ ရက်ပိုင်းအတွင်း အမှုလွှဲပေးတော့မယ်လို့ ဒါကာမြို့တော်ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးဆူဒိကူးမား ချာကရာဘော်တီကပြောပါတယ်။

မိတ်ဆွေဟောင်းတာဂျူးကို မတ် ၂၅ ရက်မှာ တင်ပို့ခွင့်ပြုတယ်ဆိုတဲ့ခွင့်ပြုစာပေးခဲ့တယ်လို့ အမီနူးကပြောပါ တယ်။

ခွင့်ပြုချက်ကိုသုံးပြီးသူလုပ်သမျှအတွက် တာဂျူးကပဲတာဝန်ယူရမယ်လို့ စာရွက်စာတမ်းမှာပါဝင်တယ်လို့ အမီ နူးကပြောပါတယ် တာဂျူးကို မှတ်ချက်တောင်းခံလို့မရသေးပါဘူး။

Ref : Government sues Awami League leader over ‘forgery’ in KN95 mask import

#PeopleMedia


Share this post